9 Essential Electronic Home Appliances For Newly Married Couple

9 Essential Electronic Home Appliances For Newly Married Couple

မကြာခင် ဝါကျွတ်ကာလရောက်ရှိတော့မှာဖြစ်လို့ လက်ဖွဲ့ရွေးချယ်ရာမှာ အပိုလည်းမသုံးချင်ဘူး။ မင်္ဂလာမောင်နှံအတွက် တကယ်အသုံးဝင်မယ့် ခန်းဝင်ပစ္စည်းကို ကုန်ကျစရိတ်အသက်သာဆုံးရှာဖွေရင်း ခေါင်းကိုက်နေပြီလား?

ဒီလိုဆိုရင်တော့ Shop Life Blog မှ သင့်ကိုကူညီပေးမှာဖြစ်ပါတယ်။

အိမ်ထောင်အသစ်တစ်ခုတည်ထောင်ရာတွင် ကြင်စဦးဇနီးမောင်နှံများအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်း (၉) မျိုးကို အသက်သာဆုံးနှုန်းထားများဖြင့် Shop App ရှိ ALPHA Electronics – Official Store မှတစ်ဆင့် မှာယူနိုင်မှာဖြစ်လို့ Shop Life Blog နဲ့အတူ ဆက်လက်ကြည့်လိုက်ကြရအောင်!

Shop App ရှိ ALPHA Electronics – Official Store မှတစ်ဆင့် မှာယူခြင်းဖြင့် သက်ဆိုင်ရာ ကူပွန်ကုဒ်များ အသုံးပြု၍ နှစ်ထပ်ကွမ်း အပိုလျှော့စျေးများရယူနိုင်ဦးမယ့်အပြင် သတ်မှတ်အချိန်အတွင်းမှာယူပါက အခမဲ့ပို့ဆောင်မှု “Free Shipping” ခံစားခွင့်များကိုပါ Double ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

ALPHA Electronics သည် ၁၉၉၃ ခုနှစ်မှစတင်ခဲ့သော နှစ်ပေါင်း ၃၀ နီးပါးရှိ နိုင်ငံတကာအဆင့်မီ Japan Quality Export Brand တစ်ခုဖြစ်ပါသည်။


မီးပျက်သွားလည်း (၉) နာရီကြာ ဆက်အေးနေမယ့်
ALPHA Rechargeable Table Fan အားသွင်းပန်ကာ
Model – ALTF 120 BT

မီးပျက်သွားလည်း (၉) နာရီကြာ ဆက်အေးနေမယ့် အားသွင်းပန်ကာ
Alpha Rechargeable Table Fan (9) Essential Electronic Home Appliances For Newly Married Couple
မီးပျက်သွားလည်း (၉) နာရီကြာ ဆက်အေးနေမယ့်
ALPHA Rechargeable Table Fan အားသွင်းပန်ကာ
Model – ALTF 120 BT

ပူအိုက်စိုစွတ်တဲ့ မြန်မာပြည်ရာသီဥတုအတွက် စိတ်ဘဝပင်ပန်းမှုတွေပြေလျော့စေဖို့ အိမ်တစ်အိမ်မှာ လေအေးပေး ပန်ကာတစ်လုံးဆောင်ထားသင့်ပါတယ်။ ဒါပေမယ့် ယခုလိုမီးခဏခဏပျက်တဲ့ကာလမှာ သာမာန်လျှပ်စစ်ပန်ကာတွေလည်း အသုံးမဝင်တော့ပါ။

ဒီလိုပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ALPHA Electronics မှ ထွက်ရှိထားတဲ့ Rechargeable Table Fan အားသွင်းပန်ကာလေးတွေက ပြည်တွင်းစျေးကွက်တွင် စတင်ခေတ်စားလာပြီး အားသွင်းထားရုံဖြင့် (၉) နာရီကြာအသုံးပြုနိုင်ခြင်းက ပန်ကာလေးရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

ဒီ ပေါ့ပါးလှတဲ့ ၁၂ လက်မ ပန်ကာလေးမှာ AC/DC စနစ်ပါ၀င်လို့ မီးပျက်သွားတဲ့အခါ DC ဆိုတဲ့ခလုတ်ကိုပြောင်းလိုက်ရုံနဲ့ အေးမြမှုကိုဆက်လက်ရရှိစေမယ့်အပြင် အမှောင်ထဲမှာ စမ်းတ၀ါး၀ါးနဲ့ မမြင်မစမ်းမဖြစ်ရလေအောင် LED မီးလည်းပါ၀င်ပါသေးတယ်။
သင့်တင့်တဲ့ စျေးနှုန်းနဲ့အတူ အာမခံ ၁ နှစ်လည်းရှိသေးတာကြောင့် မင်္ဂလာမောင်နှံတို့အတွက် စိတ်ကျေနပ်မှုအပြည့်ပေးနိုင်

မှာဖြစ်ပါတယ်။စျေးနှုန်း – ၉၀,၀၀၀ ကျပ် ဝန်းကျင်


အေးသလောက် မီတာမစားတာ ALPHA ရေခဲသေတ္တာပါ
Model 2DC-ALR175

အေးသလောက် မီတာမစားတာ ALPHA ရေခဲသေတ္တာပါ
Alpha Two Door Refrigerator (9) Essential Electronic Home Appliances For Newly Married Couple
အေးသလောက် မီတာမစားတာ ALPHA Two Door Refrigerator ရေခဲသေတ္တာပါ
Model 2DC-ALR175

အပြင်ခဏခဏမထွက်၍ စျေးမဝယ်သင့်တဲ့ ယခုလိုကာလမျိုးမှာ ဟင်းစား၊ အသားငါးများကို တစ်ပတ်စာ၊ နှစ်ပတ်စာ ကြိုဝယ်စုဆောင်းထားနိုင်ဖို့နဲ့ ကြာရှည်အထားမခံတဲ့ အစားအသောက်များအတွက် ရှေးရှူပြီး အိမ်ထောင်သစ်တစ်ခုစတင်တည်ထောင်တော့မယ်ဆိုရင်   ရေခဲသေတ္တာတစ်လုံးက မဖြစ်မနေရှိသင့်ပါတယ်။

ALPHA ရေခဲသေတ္တာတွေက အရွယ်အစားဖြင့် (Width 1’7″ x Height 5’1″) နေရာသိပ်မယူဘဲ ကျယ်ဝန်းတဲ့ Capacity (175 Litter) ရှိခြင်းကြောင့် မင်္ဂလာမောင်နှံ ၂ ဦးအတွက် အထူးသင့်လျော်တဲ့အရွယ်အစား ပမာဏပဲဖြစ်ပါတယ်။

ယခု မိတ်ဆက်ပေးချင်တဲ့ရေခဲသေတ္တာလေးကတော့ Chamber Type ဖြစ်တာကြောင့် မီးပျက်သွားရင်တောင် ကွိုင် (Coil) များမှတိုက်ရိုက်ထုတ်လွှတ်တဲ့ Direct Cooling effect ကြောင့် ရေခဲများဖြစ်ပေါ်စေကာ ကုန်ပစ္စည်းများကို နာရီပေါင်းများစွာ ကြာရှည်အေးခဲစေပါတယ်။

Fan Type မဟုတ်တဲ့အတွက် ပန်ကာကြောင့်ဖြစ်တဲ့ ဆူညံ့သံများမဖြစ်ပေါ်စေဘဲ ပတ်ဝန်းကျင်ကို အသံငြိမ်စေတဲ့ အပြင် မီတာခလည်း ပိုမိုသက်သာပါသေးတယ်နော်။

တံခါးများက Steel type လို့ ကြံ့ခိုင်မှုရှိတဲ့အပြင် ‌Luxury ဆန်တဲ့ Silver ငွေခဲရောင်ဖြစ်လို့ မိမိထားချင်တဲ့ အခန်းအရောင်နဲ့လည်း လိုက်ဖက်မှုမရှိမှာ မစိုးရိမ်ရတော့ဘူးပေါ့။
(အာမခံ ၁ နှစ်)

စျေးနှုန်း – ၃၀၀,၀၀၀ ကျပ် ဝန်းကျင်


ပူနွေး နူးညံ့တဲ့ ထမင်းALPHA Cooker နဲ့ဖန်ဆင်း
Model – ALRC210

ပူနွေး နူးညံ့တဲ့ ထမင်း ALPHA Cooker နဲ့ဖန်ဆင်း 
Model - ALRC210 (9) Essential Electronic Home Appliances For Newly Married Couple
ပူနွေး နူးညံ့တဲ့ ထမင်း ALPHA Cooker နဲ့ဖန်ဆင်း
Model – ALRC210

နွေးထွေးမှုရှိတဲ့ မိသားစု feeling လေး ပေးစွမ်းနိုင်ဖို့ဆိုရင် ရေစစ်ပြီး နူးညံ့အိစက်တဲ့  အိမ်ထမင်းပူပူနွေးနွေးလေးတစ်အိုး ဖန်တီးပေးမှဖြစ်မှာပေါ့။ အဲ့အတွက် အိမ်တိုင်းရဲ့ မရှိမဖြစ် ALPHA ရဲ့ Rice Cooker လေးကကူညီပေးနိုင်ပါတယ်။

Alphaရဲ့ ထမင်းပေါင်းအိုးတွေက –

  • Multi-Layer ပါတဲ့ အလူမီနီယမ်သတ္တုအိုးအထူသား
  • သံချေးမတက်ဘဲ အပူကိုအန်တုနိုင်တဲ့ Stainless Steel 
  • Durable Design ဖြစ်တာကြောင့် အလွယ်တကူပျက်စီးမှာ စိတ်ပူရန်မလို
  • Warm and Cook Indicator ကြောင့် မိမိချက်ပြုတ်တဲ့ ထမင်းရဲ့ အနေအထားကို ဆန်းစစ်နိုင်ဦးမယ့်အပြင် အာမခံ (၁) နှစ် ပေးထားတာကြောင့်မို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ALPHA Rice Cooker မှာ (၂)၊ (၃)၊  (၄)၊ (၈) လုံးချက်အထိ ရွေးချယ်စရာတွေ ရှိနေတော့ ကိုယ့်မိသားစုနဲ့ အသင့်တော်ဆုံးကို ၀ယ်ယူလိုက်ရုံပေါ့။

စျေးနှုန်း – ၃၀,၀၀၀ ကျပ် ဝန်းကျင် (၂ လုံးချက်)


ညစ်ညမ်းတာတွေ သစ်လွင်စေမယ့် ALPHA Washing Machine
Model – ALWT130S

ညစ်ညမ်းတာတွေ သစ်လွင်စေမယ့် ALPHA Washing Machine
Model - ALWT130S (9) Essential Electronic Home Appliances For Newly Married Couple
ညစ်ညမ်းတာတွေ သစ်လွင်စေမယ့် ALPHA Washing Machine
Model – ALWT130S

အိမ်ထောင့်တာဝန်များကို အဖက်ဖက်မှအသက်သာဆုံး ဖန်တီးနိုင်ဖို့ဆို ALPHA ရဲ့ အဝတ်လျှော်စက်တွေက Essential Home Appliance ကဏ္ဍကနေပါဝင်နေပါတယ်။
အိမ်ထောင်တစ်စုရဲံ့ အမျိုးသားရော၊ အမျိုးသမီးပါ ရုံးဝန်ထမ်းလုပ်ကြတဲ့သူတွေအတွက်ဆို ပိုလို့သိသာပါသေးတယ်။

ALPHA တွင် Fully-Auto နဲ့ Semi-Auto ဆိုပြီး Washing Machine type ၂ မျိုးလာတဲ့အနက် ယခုမိတ်ဆက်ပေးချင်တဲ့ အဝတ်လျှော်စက်ကတော့ စျေးနှုန်းသင့်တင့်ပြီး မြန်မာသုံးစွဲသူ မိသားစုများနဲ့ ကိုက်ညီမှုရှိတဲ့ Semi-Auto Twin Tub Manuel ဒီဇိုင်းလေးပဲဖြစ်ပါတယ်။

Capacity 13 kg တောင်ဖြစ်လို့ Heavy Duty တာဝန်များကိုလုပ်ဆောင်နိုင်မယ့်အပြင် အတွင်းသား (Drum) ကလည်း Steel type ဖြစ်တာကြောင့် အကြမ်းခံတာကြောင့် ရှေရှည်အသုံးပြုလိုများအတွက်သင့်တော်ပါတယ်။
အဝတ်လျှော်တွေက မင်္ဂလာလက်ဖွဲ့ပေးရာ မျက်နှာပန်းလှတဲ့အပြင် လက်ခံရရှိသူအဖို့လည်းအလွန်အသုံးဝင်တာကြောင့် ရွေးချယ်မှုမှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်။

ယခု အဝတ်လျှော်စက်ဟာဆိုရင် Spinning Power 200W နဲ့အတူ နောက်ဆုံးပေါ်ထွက်ရှိတဲ့ Magic Cube System က အဝတ်အစားများပျက်ဆီးမှု၊ အရောင်မှေးမှိန်မှု၊ လုံးထွေးမှု များကို ပုံမှန်ထက်ပိုမိုသက်သာစေကာ အညစ်အကြေးများကို ပို၍သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီလို ဒီလို အားသာချက်တွေရှိပြီး ကြာရှည်ခံတဲ့အပြင် Local Seller အာမခံ ၃ နှစ်ရှိဦးမှာဖြစ်လို့ အခုပဲ Shop App မှတစ်ဆင့် မှာယူလိုက်တော့နော်။

စျေးနှုန်း – ၃၀၀,၀၀၀ ကျပ် ဝန်းကျင်


ဟင်းလျာအစုံအလင်၊ ALPHA Infrared Cooker နဲ့စတင်
Model – ALIC 260B

ဟင်းလျာအစုံအလင်၊ ALPHA Infrared Cooker နဲ့စတင်
Model - ALIC 260B (9) Essential Electronic Home Appliances For Newly Married Couple
ဟင်းလျာအစုံအလင်၊ ALPHA Infrared Cooker နဲ့စတင်
Model – ALIC 260B

Gas မီးဖိုအန္တရာယ်ကိုကြောင့်တာကြောင့် မီးဖိုချောင်မဝင်ရဲဖြစ်နေလား?
အကြမ်းမခံဘဲ ခဏခဏပျက်လွယ်တဲ့ သာမန်လျှပ်စစ်ဒယ်နီအိုးတွေကြောင့် စိတ်ညစ်နေပြီလား?
ကုန်စျေးနှုန်းတွေတက်နေတဲ့အချိန်မှာ အလုပ်ရှပ်ခံပြီး ထင်း မီးသွေးတွေနဲ့ အချိန်ကုန် လူပင်ပန်းခံပြီး ချက်ပြုတ်နေတုန်းပဲလား?

ဒီလို ပြဿနာတွေကို ဖြေလျော့ပေးဖို့ နည်းပညာခေတ်နဲ့အညီ Touch Function တွေနဲ့ထုတ်လုပ်ထားတဲ့ Infrared Cooker တွေက အိမ်ထောင်ရှင်စားဖိုမှူးများရဲ့ အချိန်နဲ့ စွမ်းအင် ကိုပိုမိုသက်သာစေမှာဖြစ်ပါတယ်။


ALPHA မှ Non-Slip Glass Plate နဲ့ Black Crystal Plate ဆိုပြီး နှစ်မျိုးထွက်ရှိထားပြီး ယခုပြောပြချင်တဲ့ Infrared
Cooker ကတော့ မြန်မာ့ရိုးရာပုသိမ်ထီးဒီဇိုင်းနဲ့ အသွင်ဆန်းထားတဲ့ Cooker ပဲဖြစ်ပါတယ်။

အလွယ်တကူမချော်နိုင်တဲ့ အရည်အသွေးမြင့် ကြည်လင်တဲ့ အသွင်သစ် ပုသိမ်ထီးပုံစံအောက်ခံဖန်ပြားကြောင့် တော်ရုံထိခိုက်မိတာတွေအတွက် စိတ်ပူရန်မလိုပါဘူး။

  • အဆင်ပြေလွယ်ကူလွန်းတဲ့ အထိတစ်ဖြင့် ချက်ပြုတ်နိုင်မယ့် Touch Control စနစ်ပါဝင်ခြင်း၊
  • Hot Pot, BBQ, Fry စသည်ဖြင့် မိမိနှစ်သက်ရာများကိုပါ လိုသလိုချက်ပြုတ်နိုင်ဦးမယ့် Customized System ဖြစ်တာကြောင့် မီးအား အတိုးအလျှော့အတွက် တိကျဖြစ်စေဦးမှာပါ။
  • မိမိလိုသလို အချိန်အတိအကျဖြင့် ချက်ပြုတ်နိုင်မယ့် Timer စနစ်၊
  • အပူချိန်လွန်ကဲတာကို ထိန်းပေးမယ့် အော်တိုလေအေးပေးစနစ်ပါ၀င်ပြီး ဒယ်အိုးအမျိုးအစားမ‌ရွေး ချက်ပြုတ်နိုင်တာကြောင့် အိမ်မှာ Infrared Cooker တစ်လုံးရှိရုံနဲ့  ရှယ်အဆင်ပြေပြီပေါ့။
  • (၁) နှစ် အာမခံချက်နဲ့အတူ အခုပဲ Shop App မှတစ်ဆင့် မှာယူလိုက်တော့နော်။ 

စျေးနှုန်း – ၇၀,၀၀၀ ကျပ် ဝန်းကျင်


ရေစစ်ပါတဲ့ ALPHA Electric Kettle လျှပ်စစ်ရေနွေးအိုး
Model – ALKTL 170

ရေစစ်ပါတဲ့ ALPHA Electric Kettle လျှပ်စစ်ရေနွေးအိုး
Model - ALKTL 170 (9) Essential Electronic Home Appliances For Newly Married Couple
ရေစစ်ပါတဲ့ ALPHA Electric Kettle လျှပ်စစ်ရေနွေးအိုး
Model – ALKTL 170

ခရီးသွားရင်ပဲဖြစ်ဖြစ်၊ ညသန်းခေါင် အချက်အပြုတ်အိုးတွေမရနိုင်တဲ့ ဟော်တယ်ကိုရောက်ရင်ပဲဖြစ်ဖြစ် အလွယ်တကူခေါက်ဆွဲပြုတ်စားဖို့အတွက် လျှပ်စစ်ရေနွေးအိုးတွေနဲ့ ခေါက်ဆွဲပြုတ်ခဲ့ရတဲ့ အခိုက်အတန့်တွေ ကြုံဖူးကြလား? စာရေးသူတော့ ကြုံဖူးပါတယ်။ ဟုတ်ပါတယ် လျှပ်စစ်ရေနွေးအိုးတွေက နွေးထွေးသော ကော်ဖီခွက်နဲ့အတူ ပျော်စရာအမှတ်တရတွေပါ ဖန်တီးပေးနိုင်ပါတယ်။

ALPHA ရဲ့ လျှပ်စစ်ရေနွေးအိုးရဲ့ ထူးခြားချက်က သာမာန် Kettle တွေနဲ့မတူဘဲ အမှုန်အမွှားများကိုသန့်စင်ပေးနိုင်တဲ့ ရေစစ်ပါဝင်ခြင်းဖြစ်ပါတယ်။
Stainless Steel Housing type ဖြစ်ပြီး အများဆုံး ၁.၇ လီတာထိ ရေဖြည့်နိုင်တဲ့အပြင် ရေချိန်တိုင်းကိရိယာတို့ ပါ၀င်ခြင်းကြောင့် အဖွင့်အပိတ်ပြုလုပ်စရာမလိုဘဲ ရေချိန်အခြေအနေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။(၁) နှစ် အာမခံနဲ့အတူ အောက်ခံရာဘာအလုံးလေးတွေကြောင့် မတော်တဆထိခိုက်မိရင်တောင် မ‌ရွေ့နိုင်တဲ့အပြင် ခိုင်ခံတဲ့လက်ကိုင်မှာ ရေနွေးအိုးအဖုံးကိုဖွင့်တဲ့ခလုတ်ပါရှိတာကြောင့် အသုံးပြုနေတုန်း အပူလောင်မှာမပူရတော့ဘူးပေါ့။

ALPHA products တိုင်းဟာ ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားတာကြောင့် High Export Quality နဲ့အတူ High Performance များကိုပါရရှိစေမှာဖြစ်လို့ အခုပဲ မိမိဖုန်းရဲ့ Shop App မှတစ်ဆင့် ခလုပ်တစ်ချက်နှိပ်ပြီး မှာယူလိုက်တော့နော်။

စျေးနှုန်း – ၃၀,၀၀၀ ကျပ် ဝန်းကျင်


အအေးလိုလို၊ အပူလိုလို၊ ဖြည့်ဆည်းပေးမယ့်
ALPHA Water Dispenser
Model – ALWD-53

အအေးလိုလို၊ အပူလိုလို၊ ဖြည့်ဆည်းပေးမယ့်
ALPHA Water Dispenser
Model - ALWD-53 (9) Essential Electronic Home Appliances For Newly Married Couple
အအေးလိုလို၊ အပူလိုလို၊ ဖြည့်ဆည်းပေးမယ့်
ALPHA Water Dispenser
Model – ALWD-53

ပူပြင်းလွန်းတဲ့နွေရဲ့ အပူချိန်ကို အံတုကာ ရင်ထဲထိ အေးမြလန်းဆန်းချင်လား?
ချမ်းအေးတဲ့ ဆောင်းမနက်ခင်းကို ကော်ဖီပူပူလေး အလွယ်တကူဖျော်ပြီး ချစ်ရသူတဲ့ ဖြတ်သန်းချင်လား?
ဥတုမရွေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ALPHA ရဲ့ Water Dispenser ရှိနေဖို့ပဲလိုပါတယ်?

ရေပူ၊ ရေအေး နှစ်မျိုး စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပြီး အထာကျလှပတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့အတူ ဆက်စက်ပစ္စည်းများကို သိုလှောင်နိုင်မယ့် Cabinet ပါရှိမယ့် ALPHA Water Dispenser ကို မယုံနိုင်လောက်တဲ့ စျေးနှုန်းဖြင့် Shop App ရဲ့ စိတ်ချယုံကြည်မှု အပြည့်အဝရှိတဲ့ ALPHA Electrics – Shop Mall Official Store မှတစ်ဆင့် မှာယူနိုင်မှာဖြစ်ပါတယ်။

Positive Seller Ratings – 93%
Ship On Time – 88%
Chat Response Rate – 80%

ALPHA Electrics – Official Store

စျေးနှုန်း – ၂၀၀,၀၀၀ ကျပ် ဝန်းကျင် 


မီးပျက်လည်း ပူစရာမလို
(၇) နာရီကြာအအေးခံတယ့် Alpha Rechargeable Battery Air Cooler
Model – RAC 600 BT

မီးပျက်လည်း ပူစရာမလို
(၇) နာရီကြာအအေးခံတယ့် Alpha Rechargeable Battery Air Cooler
Model - RAC 600 BT (9) Essential Electronic Home Appliances For Newly Married Couple
မီးပျက်လည်း ပူစရာမလို
(၇) နာရီကြာအအေးခံတယ့် Alpha Rechargeable Battery Air Cooler
Model – RAC 600 BT

မီးပျက်လည်း ပူအိုက်တဲ့ဒဏ်ကို မှုစရာမလို‌တော့ပါဘူး။
Alpha ရဲ့ အသစ်ထွက်ရှိလာတဲ့ Rechargeable Battery Air Cooler က မီးပျက်လည်း အေးမြမှုကို (၇) နာရီ ကြာပေးစွမ်းနိုင်တာဖြစ်လို့ စျေးကွက်ထဲမှာ ပစ္စည်းပျက်တဲ့အထိ တခဲနက်အားပေးခြင်းကို ခံခဲ့ရတဲ့ ALPHA ရဲ့ Best Selling product တစ်ခုလည်းမမှားပါဘူး။

အားကုန်သွားရင်လည်း DC စနစ်ဖြစ်လို့ Battery (သို့) Solar အားသွင်းစနစ်ဖြင့် အလွယ်တကူအားပြန်သွင်းနိုင်တဲ့ အပြင် ရေ၊ ရေခဲ စသည်တို့ကိုပါထည့်၍အသုံးပြုနိုင်သည့်အတွက် ရေရဲ့အေးမြမှုကိုပါ အပြည့်အဝခံစားရရှိမှာဖြစ်ပါတယ်။ 

Timer စနစ်လည်းပါဝင်တာကြောင့် မိမိလိုသလို အချိန်သတ်မှတ်နိုင်ပြီး အဖွင့်အပိတ်ကိုလည်း ထိုင်ရာကထဖို့မလို Remote Control စနစ်က အပြည့်အဝတာဝန်ယူပေးမှာဖြစ်လို့ Smart ကျကျအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Japan Quality ကိုပါ အပြည့်အဝရရှိမယ့်အပြင် ထုထည်ကပေါ့ပါး၊ အာမခံလည်း ၃ နှစ်၊ စျေနှုန်းကလည်း ၂ သိန်းဝန်းကျင်ပဲဆိုတော့ ကြင်ဦးစမောင်နှံများအတွက် လက်ဖွဲ့အနေနဲ့ တင့်တယ်စေပြီး အပိုအလိုမရှိကွက်တိပဲပေါ့။ 

မီးပျက်တဲ့အချိန် ပူတဲ့ဒဏ်မခံစားစေဖို့ ALPHA ရဲ့ Battery Air Cooler လေးက Shop App မှာ အသင့်ရှိနေတာဖြစ်လို့ အခုပဲ အော်ဒါပြုလုပ်လိုက်တော့နော်။

စျေးနှုန်း – ၂၀၀,၀၀၀ ကျပ် ဝန်းကျင်


ပိုစမတ်ကျပြီး၊ ပိုစျေးသင့်တဲ့ ALPHA Pro Smart Web OS TV
Model – AL
TV 32WBX 1

ပိုစမတ်ကျပြီး၊ ပိုစျေးသင့်တဲ့ ALPHA Pro Smart Web OS TV
Model - ALTV 32WBX 1 (9) Essential Electronic Home Appliances For Newly Married Couple
ပိုစမတ်ကျပြီး၊ ပိုစျေးသင့်တဲ့ ALPHA Pro Smart Web OS TV
Model – AL
TV 32WBX 1

[Giveaway Included]

အိမ်တစ်အိမ်တွင် Television ရှိခြင်းက ထိုအိမ်ရဲ့ ပြရုပ်ကို ပိုမိုပေါ်လွင်စေပြီး အသက်ဝင်စေနိုင်ပါတယ်။ 

စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာ Netflix & Chill ပြီး မိမိချစ်ရသူနဲ့ တန်ဖိုးရှိတဲ့  Quality Time တွေဖန်တီးဖို့အတွက်ဆို မြင်ကွင်းကျယ်ရုပ်သံတွေက အကောင်းဆုံး Device ရွေးချယ်မှုပါပဲ။

ဒါ့အပြင် မိမိချစ်ရတဲ့ သား၊ သမီးလေးတွေကို Mobile Phone လိုသေးငယ်တဲ့ Device တွေနဲ့ Screen-Time စတင်မိတ်ဆက်မယ့်အစား မြင်ကွင်းကျယ်ရုပ်သံ Television များနဲ့ စတင်မိတ်ဆက်ခြင်းဖြင့် ကလေးငယ်ရဲ့ အမြင်အာရုံစူးစိုက်မှုစွမ်းရည်ကို ရေရှည်ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် ALPHA က မကြာသေးခင်က အသစ်စက်စက်ထွက်ရှိထားတဲ့  Smart TV တွေထက် သာလွန်တဲ့ Function များနဲ့ Pro Smart TV အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 

Pro Smart TV ရဲ့ အားသာချက်တွေကဘာတွေလည်း?
စျေးကွက်ထဲ ဘယ်လိုအချက်တွေကြောင့် Popular ဖြစ်နေရလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

Pro Smart TV မှာ – 

  •  LG ရဲ့ webOS နည်းပညာကို တရား၀င်အသုံးပြုထားပြီး 4K Resolution အထိပေးစွမ်းနိုင်လို့ ရုပ်ထွက်ကြည်လင်ပြတ်သားမှာဖြစ်ပါတယ်။
  • Dolby Audio System ကြောင့် ရုပ်ရှင်ရုံထဲ ရောက်သွားသလိုမျိုးခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
  • Smart Remote အပြင် Magic Remote ပါထပ်ဆောင်းပါဝင်လာပြီး Android နဲ့ IOS ဖုန်းနှစ်မျိုးလုံးကို Miracast ချိတ်ဆက်နိုင်လို့ Screen ကြီးကြီး ဖန်တီးနိုင်မှာဖြစ်ပါတယ်။
  • Voice Control System က အသံနဲ့ ထိန်းချုပ်နိုင်ဦးမယ့်အပြင် WebOS ရဲ့ တရားဝင်အသုံးပြုခွင့်ရတဲ့ Content Storeမှာ Application တွေကို အပြည့်အ၀ကြည့်ရှုခံစားနိုင်မှာပါ။
  • Ultra Slim ဖြစ်လို့ ကိုယ်ထည်ပါးလွှာပြီး Metal Body ကြောင့် ကျစ်လစ်ခိုင်မာတယ်။
  • A+ Hard Panel ကို အသုံးပြုထားလို့ Screenအကြမ်းခံတယ်။

ဒါတွေအပြင် အာမခံ (၃) နှစ်တိတိတောင်ပေးထားသေးတာဖြစ်လို့ အခုပဲ Shop App မှတစ်ဆင့်မှာယူလိုက်တော့နော်။

ဒါတွေပဲလား? မဟုတ်သေးပါဘူး။

Shop App MM နဲ့ ALPHA Electronics မှပူးပေါင်း၍ Shop App – Telegram Channel ကို Join ယုံဖြင့် ယခု ALPHA Pro Smart TV ကြီးကို ကံထူးနိုင်မယ့် Giveaway အစီအစဥ်ကြီးလည်းရှိနေသေးတာဖြစ်လို့ အခုပဲ ဒီစာကိုနှိပ်ပြီ Giveaway မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။


Climate Change & Sustainability
Reading Time: 1 minute

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *