Climate Change & Sustainability

Climate Change & Sustainability

ခုနှစ် ၂၀၂၀ နောက်ပိုင်းနှစ်များဟာ Human Rights Movement, Me Too Movement, Stop Asian Hate, LGBTQ+, Black Live Matter နှင့် တခြားလူအပြောများလာသော လှုပ်ရှားမှု ၂ ခုမှာ စိတ်ကျန်းမာရေးဆိုင်ရာအသိပညာပေး လှုပ်ရှားမှု “Mental Health Awareness နဲ့ ရာသီဥတုပြောင်းလဲမှု “Climate Change & Sustainability” တို့ပဲဖြစ်ပါတယ်။

နှစ်ပေါင်း ၄.၅ ဘီလီယံကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာမြေကြီးမှာ ကျွန်ုပ်တို့လူသားတွေရှင်သန်ကျက်စားလာတာ နှစ်ပေါင်း ၃ သိန်းကျော်ခန့်ရှိပြီဖြစ်ပါတယ်။

လူသားအရင်းအမြစ်တွေ နှစ်စဉ်ပြောင်းလဲလာတာနဲ့အမျှ သဘာဝအလျောက်ဖြစ်တည်ရှင်သန်နေတဲ့ ကမ္ဘာမြေကြီးအပေါ်လည်း နှစ်စဉ်သက်ရောက်မှုများစွာ ရိုက်ခတ်မှုရှိပါတယ်။
၁၉၈၀ နှောင်းပိုင်းနှစ်များတွင် ကမ္ဘာကြီးပူနွေးမှု ပိုမိုသိသာလာသောကြောင့် Awareness, Movement များ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့‌ကြောင့် .. သေးငယ်သောကြိုးစားအားထုတ်မှုက ကြီးမားသောအကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်နိုင်တာကြောင့် Sustainability လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ဆောင်နိုင်ဖို့ Shop App မှ ကောက်နုတ်တင်ပြလိုက်ပါတယ်။

Shop App သည် သဘာဝထိန်းသိမ်းရေးဆိုင်ရာလုပ်ဆောင်ချက်များတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လှုပ်ရှားနေသာ မြန်မာနိုင်ငံ၏ နံပါတ်တစ် အွန်လိုင်းရှော့ပင်အက်ပလီကေးရှင်းဖြစ်ပါတယ်

Plant Trees (သစ်ပင်စိုက်ပါ)

သစ်ပင်တွေက ‌လေထုကိုသန့်စင်ပေးပြီး သဘာဝပတ်ဝန်းကျင်နဲ့ ‌လူသားများ၏ ကျန်းမာရေးကိုသာမက လူသားအရင်းအမြစ်တစ်ခုလုံးကိုပါ များစွာအထောက်အပံ့ပေးနိုင်တာဖြစ်လို့ တတ်နိုင်သမျှ သစ်ပင်စိုက်ကြိုက်ဖို့ တိုက်တွန်းပါရစေ။
Firstly, Plants are essential for clean air. So, every tree planted cultivates a cleaner environment, reducing health-related risks.


Reduce Plastic (ပလတ်စတစ်သုံးစွဲမှု လျှော့ချပါ)

နှစ်ပေါင်း ၁ ထောင်ခန့်ထိ မဆွေးမြေ့နိုင်တဲ့ ပလတ်စတစ်အန္တရာယ်ဟာလည်း အားလုံးသတိထားမိသားအရာတစ်ခုပါ။ ကျွန်ုပ်တို့ လူသားများသာမက၊ ‌သဘာဝပတ်ဝန်းကျင် ရေနေသက်ရှိများနှင့် ဂေဟစနစ် (Eco-system) ကိုဆိုးကျိုးများစွာပေးနေတဲ့ ပလတ်စတစ်ကို အခုကစပြီး တတ်နိုင်သမျှ လျှော့ချလိုက်ကြရအောင်။
Secondly, Plastic is non-recyclable. Hence, minimize plastic usage by utilizing reusable cups/bottles and cloth tote bags.

“To Prevent & Protect is better than To Repent & Repair”

More Paper-less (စက္ကူသုံးစွဲမှု လျှော့ချပါ)

ဒီဂျစ်တယ်ခေတ်ရဲ့ ‌အားသာချက်တွေထဲကတစ်ခုပြောပါဆိုရင် စက္ကူသုံးစွဲမှုစနစ်လျော့ကျလာမှုပဲဖြစ်ပါတယ်။ မလိုလားအပ်တဲ့ သစ်တောပြုန်းတီးမှုကို လျော့ချနိုင်ရေးအတွက် ယခုစနစ်ကို ဆက်လက်လုပ်ဆောင်သင့်ပါတယ်။
Third, Going Digital Prevents trees from being unnecessarily cut down. Hence, use soft copies and avoid printing paper to spread more awareness about Climate Change & Sustainability.


Recycle & Reuse (ပြန်လည်သုံးစွဲမှု)

တစ်ခါသုံးပစ္စည်းများထက် ထပ်တလဲလဲ အသုံးပြုနိုင်မယ့်ပစ္စည်းများကို သုံးစွဲခြင်းကလည်း ဂေဟစနစ်ထိန်းသိမ်းမှု Sustainability အပေါ် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။
Buy reusable items and prolong them as much as possible. Additionally, trash your garbage into separately-labeled bins.

Donate (လှူဒါန်းပါ)

မိမိအသုံးမပြုတော့တဲ့ပစ္စည်းများကို ချို့ ငဲ့သူများအား ပြန်လည်မျှ‌‌ဝေပေးခြင်းဖြင့် မလိုလားအပ်တဲ့သုံးစွဲမှုနှင့် ဖြုန်းတီးမှုတို့ကို တစ်ဖက်တစ်လမ်းကနေ လျော့ကျစေမှာဖြစ်ပါတယ်။
Donate products you don’t require to the needy & It will reduce waste and simultaneously help the underprivileged.


Save Water (ရေချွေတာပါ)

ရေကို တတ်နိုင်သမျှချွေတာခြင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရုံသာမက မိုးခေါင်ရေရှား‌ဒေသနေသူများအတွက် စာနာမှုကိုပါ ပြသရာရောက်ပါတယ်။
don’t leave the tap open when it’s not in use. Also, reduce the amount of water used during house chores.

Rethink, Reuse, Reduce, Recycle, Respect Climate Change & Sustainability
Rethink, Reuse, Reduce, Recycle, Respect

Drive Less (မော်တော်ယာဉ်စွမ်းအင်သုံးစွဲမှု လျှော့ချပါ)

လမ်းလျှောက်ခြင်း၊ စက်ဘီးကဲ့သို့သော စွမ်းအင်မပါဝင်တဲ့ ပို့ဆောင်ယာဉ်များကို အသုံးပြုခြင်းက ကျန်းမာရေးအတွက်လည်းသင့်တော်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ Climate Change ဖြစ်ပေါ်မှုကို လျှော့ချရာရောက်ပါတယ်။
Fuel-less mobility is environment-friendly and cost efficient. Hence, try walking or using public transportation to reach your destination.


Don’t Waste Food (အစားအသောက်ဖြုန်းတီးမှုကို‌ လျှော့ချပါ)

မိမိစား‌သောက်သုံးစွဲမယ့် ပမာဏကိုသာ တွက်ချက်ဝယ်ယူပြီး ပိုလျှံခဲ့လျှင် နောက်တစ်ကြိမ်ပြန်လည်သုံးစွဲနိုင်ရန်အတွက် သေချာထိန်းသိမ်းထားသင့်ပါတယ်။
Lastly, Monitor the amount of food you buy. If there are any leftovers, freeze them so they can be used later.

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမဲ့၊ ၇ ဘီလီယံကျော်သော နှမ်းစေ့တွေနဲ့ဆို ဆီများစွာဖြစ်ထွန်းနိုင်ပါတယ်

ဒါကြောင့် ယခုအချိန်ကစပြီး မိမိအိမ်က မလိုအပ်တဲ့ မီးတွေကိုပိတ်ပြီး Shop MM နဲ့အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်ပါဝင်လိုက်ကြရအောင်။

Zodiac များရွေးချယ်သင့်တဲ့ Birthstones ကျောက်မျက်ရတနာများ
Reading Times: 6 minutes

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *