100 Kyats Coupon To Win Awesome Prizes!

100 Kyats Coupon To Win Awesome Prizes!

Shop App  ရဲ့  မရိုးနိုင်တဲ့အစီအစဥ်များစွာထဲကမှ နောက်ထပ် ပျော်စရာနဲ့စိတ်လှုပ်ရှားစရာ တစ်ပြိုင်တည်းရတဲ့ 100 Ks Game အစီအစဥ်စတင်နေပါပြီ!

အမိုက်စားအစီအစဥ်တိုင်းကို လက်မလွှတ်ဘဲ အမြဲအားပေးနေတဲ့ Customers တို့ရော ဒီတစ်ခေါက်မှာလည်း ပါ၀င်ကံစမ်းဖို့ Ready ပဲလား?

ကဲ….ဒါဆို  Shop Life Blog မှတစ်ဆင့် 100 Ks Game မှာ ဘယ်လိုပါ၀င်ကံစမ်းရမယ်၊ ဘယ်လိုပစ္စည်းတွေကို ကံထူးနိုင်မလဲဆိုတာ ပြောပြပေးသွားမှာမို့ ဆက်လက်ဖတ်ရှုသွားပါဦးနော်

100 Ks Game မှာ ဘယ်လိုပါ၀င်ရမလဲ?

မတ်လ ၂၉ ရက်နေ့ မှ ဧပြီရယ်လ ၆ ရက်အတွင်း ၁၀၀ကျပ်တန် ကူပွန်ကို Wave သို့မဟုတ် Visa,JCB, Master ကဒ်တို့ဖြင့် ကြိုတင်ကူပွန် ဝယ်ယူကာ ကံစမ်းနိုင်မှာဖြစ်ပြီး တစ်ရက်ကို ကံထူးရှင်တစ်ယောက်ရွေးချယ်ကာ နေ့စဥ်အထူးဆုတွေကို ပေးအပ်သွားမှာနော်….

ဘယ်လို အားသာချက်တွေရှိတဲ့ အထူးဆုတွေကို ကံထူးနိုင်မှာလဲ? 

Xiaomi Redmi 10C (4/128GB) 

Type C ကိုမှ 18 W Fast Charging ပါ၀င်ပြီး Warranty 1 year အပြင် Global Brand New ဆိုတော့ Global ထပ်တင်စရာမလိုဘဲ Google Play Store, Google Map စတာတွေကို အဆင်သင့်အသုံးပြုရုံပါပဲ။ တစ်ခြား Specification တွေကတော့-

  • Display – 6.71 inches, IPS LCD
  • RAM – 4GB
  • Storage – 128GB
  • Main Camera – 50MP Wide, 2MP Depth 
  • Selfie Camera –  5MP Wide
  • Features – Fingerprint 
  • Battery – 5000 mAh
  • Chipset- Qualcomm SM6225 Snapdragon 680 4G (6nm) 

Screen Size လည်းကြီးတယ်၊ Storage နဲ့ Battery mAh လည်းများလို့ Game ဆော့ရတာကြိုက်သူများ အတွက်  Screen Size အကျယ်ကြီးနဲ့ Game တစ်၀ကြီးဆော့လို့ရတဲ့အပြင် Camera MP ကလည်း ပုံရိုက်ရအဆင်ပြေတာမို့ အလှဓာတ်ပုံတွေ အများကြီးသိမ်းထားလို့ရပြီနော်။

32″ Syinix Android TV (32A51)

အာမခံပိုင်းမှာ (12 + 12) Warranty ပထမနှစ် (အစိတ်အပိုင်းအားလုံး + ပြင်ဆင်ခအခမဲ့) နှင့် ဒုတိယနှစ် (ပြင်ဆင်ခအခမဲ့) ဆိုပြီး စုစုပေါင်း အာမခံ (၂) နှစ် ပါရှိပါတယ်။ ပါ၀င်တဲ့ လုပ်ဆောင်ချက်တွေကတော့

  • သာမန်နဲ့မတူတဲ့ အသံဖြင့် စေခိုင်းနိုင်တဲ့စနစ် Google Assistant/Voice Remote Control
  • မီးအားမငြိမ်မှာကိုစိတ်ပူစရာမလိုဘဲ မီးအားအတက်အကျကို ထိန်းညှိပေးမယ့် Voltage Stabilizer
  • ဘောင်ပျောက်မြင်ကွင်းကျယ် Frameless Design နဲ့ TV ဖန်သားပြင်ပေါ်က  အရာဝတ္ထုတိုင်းကို အသေးစိတ်ကြည့်ရှုခံစားနိုင်မယ့် Super Resolution အပြင် ရုပ်ရှင်ရုံထဲရောက်နေသလိုခံစားရမယ့် 24 W Stereo Speaker
  • အသံထွက်အားစနစ် ကြည်လင်ကောင်းမွန်တဲ့ Dolby Audio 
  • Google Service များတရားဝင်ပါရှိတဲ့ နောက်ဆုံးပေါ် Android 11.0 Version ဖြစ်လို့ Google Play Store မှတစ်ဆင့် ကြိုက်ရာ Application ကို Download ရယူနိုင်ခြင်း အပြင်
  • စလောင်း Free လိုင်းတွေကို ကြားခံစက်မလိုဘဲ တိုက်ရိုက်ဖမ်းယူကြည့်ရှုနိုင်တဲ့ DVB S2 (Satellite) နဲ့ မြန်ဆန်ပြီး လိုင်းထစ်မှု မရှိစေတဲ့ Wifi 5GHZ စတဲ့ အားသာချက်တွေရှိတာမို့ အိမ်မှာနေရင်း ရသပေါင်းစုံကို ခံစားကြည့်ရှုနိုင်ပါပြီ။

Konfulon

ဘယ်လို အရည်အသွေးတွေနဲ့ ပြည့်မှီနေတဲ့ Konfulon Product တွေလဲဆိုတာ ကြည့်လိုက်ကြရအောင်!

           Konfulon KM-07 Tower Fan

လေအား (၃) ဆင့်ချိန်ညှိနိုင်လို့ လေအားပြင်းပြင်းမခံနိုင်သူတွေအတွက်လည်း အဆင်ပြေတယ်။ Touch တစ်ချက်နှိပ်ပြီးသုံးရုံဖြစ်လို့ အသုံးပြုရတာလည်းလွယ်ကူတဲ့အပြင် LED smart control panel မှာလုပ်ဆောင်ချက်မှန်သမျှကို ပြပေးနိုင်တယ်။ 15 hours အထိ Timer ပေးနိုင်ပြီး Remote နဲ့လည်း Control လုပ်နိုင်တဲ့အပြင် Temperature Display ပါ၀င်လို့ အချိန်နဲ့ မီတာခ သက်သာတယ်။ 70° ပတ်လည် အလိုအလျောက်လှည့်ပတ်နိုင်ပြီး 32 Decibels အထိ အသံဆူညံမှုမရှိတာကြောင့် နေ့၊ ညမပြတ် စိတ်အနှောင့်အယှက်မရှိပဲ အခန်းအပြည့် အေးမြမှုကို ခံစားနိုင်ပါတယ်။

          Konfulon A-22 (50000mAh) Power Bank

50000 mAh ဆိုတော့ အားအကြာကြီး အသုံးခံနိုင်တဲ့အပြင် USB ၃ ပေါက်ပါလို့ ဖုန်း ၃ လုံးတစ်ပြိုင်တည်း အားဖြည့်ပေးနိုင်ပါတယ်။ နာရီတထောင်ကျော် အသုံးခံတဲ့ Flashlight လည်းပါတာမို့ မီးပျက်ချိန်နဲ့ ညဘက်တွေမှာ ဘက်စုံအသုံးပြုနိုင်ပါတယ်။

          Konfulon A16Q (20000mAh) 22.5W Fast Charging Power Bank

360 g Weight သာရှိတဲ့အတွက် ပေါ့ပါးကျစ်လစ်ပြီး 20000mAh အားပမာဏဆိုတော့ စိတ်ကြိုက် အားသွင်းနိုင်တဲ့အပြင် ခရီးသွားလာရာမှာ သယ်ဆောင်ရလွယ်ကူတယ်။ အားသွင်းစနစ်က QC 22.5W နဲ့ PD 18W ဆိုပြီး အမြန်အားသွငးစနစ် နှစ်မျိုးပါလို့ ဘယ်ဖုန်းအမျိုးအစားနဲ့မဆို အား၀င်မြန်ပြီး ဖုန်းသုံးလုံး တစ်ပြိုင်နက်အားသွင်းနိုင်ပါတယ်။

          Konfulon CM-17 Laptop Stand

CM-17 က အနိမ့်ဆုံး 2.7 inches ကနေ အမြင့်ဆုံး 6.1 inches အထိ Position (၇) မျိုးပြောင်းလဲပြီး Laptop ကို မိမိနှစ်သက်သလိုအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် စားပွဲနဲ့ Laptop အောက်ခြေအချိန်ပြည့် မကပ်နေတော့လို့ အချိန်ကြာကြာသုံးလည်း အပူရှိန်တက်လာတာမျိုးမဖြစ်စေပါဘူး။ Laptop အပြင် Phone နဲ့ iPad တွေပါစိတ်ကြိုက်သုံးနိုင်လို့ အိမ်မှာပဲရုပ်ရှင်တွေကြည့်မလား၊ ရုံးမှာပဲအလုပ်တွေလုပ်မလားအဆင်ပြေစေမှာပါ။ Aluminum Alloy နဲ့ပြုလုပ်ထားလို့ ခိုင်ခံ့ပြီး နေရာမယူတဲ့ Compact Design နဲ့ဖြစ်လို့ သွားလေရာ အလွယ် တကူသယ်ဆောင်နိုင်တဲ့ အားသာချက်ရှိပါတယ်။

Maxell SSD M.2 NVMe PCIe MXSSD-S100

3D Nanotechnology ကိုအခြေခံပြီး သုံးထားလို့ သေးငယ်ပြီး Storage က 1 TB ဖြစ်တဲ့အတွက် Data များစွာ သိမ်းထားနိုင်တဲ့အပြင် Read and Write Speed ကလည်း 21000 mb/s ရှိတဲ့အတွက် Data နဲ့ File တွေ ကူးယူတဲ့အခါမှာလည်း အလွန်မြန်ဆန်ပါတယ်။ ဒါ့အပြင် Window ပိုင်းနဲ့ Software ပိုင်းအတွက်လည်း အလွန်လျင်မြန်စွာ အသုံးပြုလို့ရပါတယ်။

Master Single Door Refrigerator MR-A95V

Manual Defrost နဲ့ Mechanical Temperature Control System ပါလို့ အချိန်ခဏအတွင်းမှာ အေးခဲစေပြီး အပူချိန်ပြောင်းလဲမှုကို ချက်ချင်းတုံ့ပြန်ပေးနိုင်တဲ့အပြင် တိကျတဲ့ Temperature ကိုလည်း သတ်မှတ်ပေးပါ တယ်။ Recessed Handle နဲ့ Interior LED ပါ၀င်ပြီး အသီးအနှံ့နဲ့ ဟင်းသီးဟင်းရွက် သိုလှောင်ဖို့ အဓိက ထုတ်လုပ် ထားတာပဲဖြစ်ပါတယ်။

Vivo Y01(2GB+32GB)

Display – 6.51 inches, IPS LCD နဲ့ 50000 mAh Battery  ဆိုတော့ Screen Size လဲ ကြီးတယ်၊ BatteryCapacity လည်း များတာကြောင့် ဇာတ်ကားကြည့်တဲ့သူတွေအတွက် အဆင်ပြေသလို မီးပျက်ချိန်မှာတောင် အသုံးပြုနိုင်တဲ့အထိ အဆင်ပြေစေပါတယ်။ တစ်ခြားသော Specifications တွေကတော့

  • RAM – 2GB
  • Storage-32GB
  • Main Camera-13MP
  • Selfie Camera-5MP
  • Battery-5000mAh
  • Chipset-Mediatek Helio P35(12nm)
  • OS-Android 11(Go edition)

Storge နည်းလို့ စိတ်ပူ နေတဲ့ သူတွေအတွက်လည်း Sim Slot နှစ်ခုအပြင် SD Card Slot ပါ ပါတဲ့အတွက် ကိုယ်ထည့်ချင်တဲ့ Gb ကို ဝယ် ပီး ထည့်သွင်းအသုံးပြုလို့ရပါသေးတယ်။

ALPHA SPEAKER (ALS210DJ)

သူ့ရဲ့ ထူးခြားချက်လေးကတော့ Disco Light ပါပြီး သီချင်းဖွင့်လိုက်ရင် Bass အတိုင်း ထပ်တူကျစေပြီးတော့ လှပတဲ့ မီးရောင်လေးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ 160 Power နဲ့ Bass အသံကောင်းတဲ့ Speaker တစ်လုံးဖြစ်ပြီး အသံစစ်ချင်တဲ့သူတွေအတွက်လည်း Mic တစ်လုံး ပါဝင်ပါသေးတယ်။ Remote Control လည်းပါတော့ speaker တစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်တဲ့အပြင် Bluetooth,USB, AUX,FM radio တွေကိုပါ အသုံးပြုနိုင်ပါသေးတယ်။ ဒါ့အပြင် အသံညှိခလုတ်လေးတွေလည်း ပါပြီး TWS system ပါတော့ TWS system ပါတဲ့ speaker တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့အပြင် indoor, outdoor function လည်း ပါ၀င်ပါသေးတယ်။

Prato 16″ Rechargeable AC/DC Mist Fan PRT-MSF1173

အဆင့် ၉ ဆင့်အထိ ချိန်ညှိနိုင်မယ့် Fan Speed ပါလို့ မိမိစိတ်ကြိုက် လေအားချိန်ယူနိုင်တယ်။ 12V 5AH Battery အပြင်  ဖုန်းအားသွင်းလို့ရမယ့် USB 5V port ပါရှိပါတယ်။ Pure Copper Motor အသုံးပြုထားတာကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမှာလည်း လေပူထွက်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ အားအပြည့်သွင်းထားပြီး အသုံးပြုမယ်ဆိုလျှင် လေပြင်းအားပေါ်မူတည်ပြီး ၃ နာရီမှ ၁၂ နာရီအထိ အသုံးခံပါတယ်။ Metal Grill Protection လည်းပါတော့ Fan Speed မြင့်တဲ့အခါတွေမှာ လည်း အရှိန်ပြင်းပြင်း လည်ပတ်နေတဲ့ ပန်ကာဒလက်တွေမှလည်း ကာကွယ်ပေးနိုင်တဲ့အပြင် ညဘက်မီး ပျက်ချိန်တွေမှာ အသုံးဝင်စေမယ့် LED မီးသီး တို့ပါဝင်ပါတယ်။

Remax

Remax ရဲ့ Product အရည်အသွေးတွေကတော့ ကောင်းမွန်တဲ့ Level တစ်ခုမှာနော်…..

REMAX–RB-500HB BLUETOOTH HEADPHONE MUSIC

Pure Leather အိအိလေးနဲ့မို့ နားမှာတပ်တာကြာသွားရင်လည်း နားနာတာမျိုး မရှိတဲ့အပြင် Bluetooth Version အမြင့် 4.1 ဆိုတော့ အသံထစ်ခြင်းတုန်ခြင်းလုံးဝမရှိပါဘူး။   40mm Dynamic Speaker နှစ်ခုရဲ့ ကြည်လင်ပြတ်သားတဲ့ Beat သံတွေကို အကောင်းဆုံး ခွဲခြမ်းစိတ်ဖြာပေးမယ့် Professional Hi-Fi Tuner လည်းပါတယ်။ ၂ နာရီ အားသွင်းပြီး ၁၆ နာရီလောက် ဆက်တိုက်သုံးနိုင်မယ့် High Qty Li-polymer Battery လည်းပါသေးတယ်နော်။

REMAX—RPP-268 10000mAh FAYEO SERIES QC 22.5W +PD 20W CABLED MAGNETIC WIRELESS CHARGING POWER BANK

ကြိုးမလိုဘဲ Phone လေးကပ်ထားရုံနဲ့ အားသွင်းနိုင်မှာဖြစ်ပြီးတော့ Wireless charging 15W ဆိုတော့ အားသွင်းနှုန်းလည်း မြန်ပါတယ်။ 22.5W ထွက်ပေးမယ့် USB output နဲ့ 20W ထွက်ပေးမယ့် Type C output ကြိုက်နှစ်သက်ရာနဲ့ အားသွင်းလို့ ရပါသေးတယ်။

REMAX-RB-S11 WIRELESS METAL POWERBEATS

Power Beat Sound System ဖြစ်လို့ Bass သံထွက်အား မြင့်တဲ့အပြင် အသုံးပြုပြီးရင်လည်း သံလိုက်နဲ့ပြန်ကပ်ထားနိုင်တော့ ကြိုးရှုပ်နေမှာ စိတ်မပူရတော့ဘူး။ ၄ နာရီမှ ၆ နာရီအထိ ဆက်တိုက်သုံးနိုင်ပြီး Bluetooth Version 5.0 ဆိုတော့ အသံတုန်တာ ထစ်တာမျိုးလုံး၀မရှိပါဘူး။ IPX4 Level အထိ ချွေးစိုခံတာမို့ အားကစားလုပ်ရင်းနဲ့လည်း သီချင်းလေးနားထောင်ပြီး အပန်းဖြေလို့ရပါသေးတယ်။

REMAX-RP-U50 GAN 65W FAST CHARGER

သာမန် Fast Charger တွေထက် ၃၀% ပိုမိုသေးငယ်သလိုOutput 65Watt အထိ ထုတ်ပေးနိုင်တော့ အားသွင်းနှုန်းကို ၃ဆ ပိုမို မြန်ဆန်စေလို့အချိန်ခဏလေးနဲ့ အားပြည့်စေပါတယ်။ Quick Charge စနစ်ပါတဲ့ ဖုန်းတွေအတွက်သာမကMacBook Air/MacBook Pro နဲ့အခြား Notebooks တွေမှာပါ အသုံးပြုနိုင်ပါတယ်။ PD Type-C အပေါက် နဲ့ QC3.0 USB အပေါက် ပါ၀င်တဲ့အတွက်Devices ၂ ခုကို တပြိုင်တည်းအားသွင်း နိုင်သလိုOver-current Electrostatic, Leakage Short-circuit စတာတွေပါဝင်လို့ အားသွင်းတဲ့ Devices တွေ ထိခိုက်မှာစိုးရိမ်စရာမလိုပါဘူး။

REMAX..-COZYBUDS 6C AURORA SERIES CLEARTRUE WIRLESS EARBUDS

ဆားကစ်လေးတွေကိုပါ ဖောက်ထွင်းမြင်ရတဲ့ Half-in Ear နားကြပ်ခေါင်းနဲ့ Bluetooth Version 5.3 ဆိုတော့ Phone နဲ့ ချိတ်ဆက်မှုမြန်ဆန်တယ်။ တစ်ခါအားသွင်းထားရင် ၄နာရီဆက်တိုက်နားဆင်နိုင်ပြီး Charging Case နဲ့လည်း  ၃ကြိမ်လောက်ထိ အားပြန်သွင်းနိုင်တယ်။Charging Port ကလည်း Type-C အမြန်အားသွင်းစနစ်နဲ့ ဆိုတော့ အား၀င်နှုန်းကလည်း မြန်ဆန်ပါတယ်။

Remax Earphone RM-580,Earphone

Speaker လေးခုပါ၀င်ပြီး Hi-Fi စနစ်ရဲ့ စစ်မှန်တဲ့ အသံထွက်ကို Bass သံ ပြင်းပြင်းနဲ့နားထောင်နိုင်မှာနော်။          နားကြပ် ဂျပ်ပင် ထိပ်ခေါင်းကို Aluminium+Cu Alloy material နဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး 90° အကွေ့ ဒီဇိုင်းကိုမှ အရှည် 1.2 မီတာနဲ့ Fancy ကြိုးလိမ်ပုံစံရှိပါတယ်။ ဒါ့အပြင် Multifunctional Control Buttons နဲ့ သီချင်းအဖွင့်အပိတ် အသံအတိုးအချဲ့ ကြိုက်ရာလုပ်နိုင်တဲ့အပြင် Noise-Reduction HD Microphone ပါလို့ Phone ပြောရာမှာလည်း အနှောင့်အယှက်ကင်းကင်းနဲ့ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။

ဒီလို အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်လို့  ဒီတစ်ခေါက်မှာလည်း မြန်မာငွေ ၁၀၀ ကျပ်တည်းနဲ့ပါ၀င်ကံစမ်းပြီး အထူးဆုတွေကို ပိုင်ဆိုင်လိုက်တော့နော်။

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *