(8) Best Gifts For Thadingyut

(8) Best Gifts For Thadingyut

သီတင်းကျွတ်အတွက် အကောင်းဆုံးလက်ဆောင်

သီတင်းကျွတ်အခါသမယမှာ မိဘ၊ ဖိုးဖွား ဆွေမျိုး မိတ်သဟာများနဲ့ မိမိအချစ်ရဆုံးသူများကို သီတင်းကျွတ်လက်ဆောင်တွေ ပေးအပ်ကန်တော့ခြင်းက မြန်မာ့ရိုးရာယဥ်ကျေးမှုတစ်ခုဖြစ်သလို လာဘ်တစ်ပါးလည်းဖြစ်ပါတယ်။

ဒီနှစ်ဟာ Shop App ရဲ့ (၈) နှစ်ပြည့် နှစ်ပတ်လည်မွေးနေ့ဖြစ်တာကြောင့်မို့ ဒီနှစ်သီတင်းကျွတ်မှာ ချစ်ရသူများအတွက်  စျေးအသက်သာဆုံးနဲ့ အကောင်းဆုံးလက်ဆောင်တွေပေးအပ်နိုင်ဖို့ ပစ္စည်း (၈) မျိုးနဲ့တင်ဆက်ပေးလိုက်ရပါတယ်။

Himalaya Hamper

(8) Best Gifts For Thadingyut
Himalaya Hamper

သီတင်းကျွတ်ရဲ့ ကန်တော့ခြင်းရိုးရာကို Capital Hypermarket မှ ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ ကလေးလူကြီး အားလုံးနှစ်သက်မယ့် အမိုက်စား Hamper လေးတစ်ခုဖန်တီးပေးထားပါတယ်။

Hamper လေးထဲတွင် –

  • MILO 400g ဗူးကြီးတစ်ဗူး
  • Danisa ထောပတ်ကွတ်ကီး 45g
  • Munchy Topix Assorted Biscuits မုန့်ပုံး 295g
  • UNI ချောက်ကလတ်ခရင်မ်ဝေဖာ 288g
  • Mobi Crunchy မီးသင်းသကြားပေါက်ပေါက်ဆုတ် 150g
  • Premium Ready ခရမ်းချဥ်သီးငါးသေတ္တာ 425g
  • Brand’s Sugar Free ငှက်သိုက် 42ml
  • Pure Honey 100% ပျားရည် 500g
  • Aurora စတော်ဘယ်ရီယို 400g
  • Queen လိမ္မော်ရည် 750ml

မုန့်ပုံးတစ်ပုံးတောင် ၂ သောင်းကျော်ပေးနေရတဲ့ခေတ်ကြီးမှာ ပစ္စည်း (၁၀) မျိုးပါဝင်ပြီး ငွေကျပ် ၇ သောင်းသာကျပ်သင့်မယ့် ကန်တော့ခြင်းထက်တန်တဲ့ သီတင်းကျွတ်လက်ဆောင်ကတော့ ရှိမယ်မထင်တော့ပါဘူးနော်။
အခုပဲ Shop App ကနေမှာယူလိုက်ပါ။


Mistine – Serum + Powder

(8) Best Gifts For Thadingyut
Mistine – Serum + Powder

မြန်မာလူမျိုးများတန်ဖိုးထားရတဲ့ ချစ်စရာသီတင်းကျွတ်အခါသမယမှာ ဆွေမျိုး၊ ဖိုးဖွားများအိမ်သွား ကန်တော့မယ်ဆိုရင် အမျိုးတွေကြားထဲ တောက်ပလန်းထွက်ချင်တဲ့ ပျိုမေများအတွက် Mistine ရဲ့ (၂) ခုဝယ်ပြီး (၁) ခုဖိုးပဲပေးရတဲ့ Package ပရိုမိုးရှင်းလေးရှိနေပါတယ်နော်။

Package ထဲတွင် – 

Mistine Wings Extra Cover Super Powder 10g

  • မူရင်းစျေး (၁) သောင်းကျော်တန်
  • အသားဖြူ၊ လတ်သူများရွေးချယ်နိုင်။
  • SPF 25 PA ++ ပါဝင်တာကြောင့် နေ့ခင်းဘက်ဘုရားဖူးသွားရင်တော် နေဒဏ်ကို အံတုပေးမယ့် မိတ်ကပ်လေးနဲ့အတူ၊

Mistine Gold Prestige Serum 30ml

  • မူရင်းစျေး (၂၇,၀၀၀) ကျပ်
  • Made with Swiss Gold 99.99%
  • Serum တစ်စက်ရဲ့ အာနိသင်ဟာ  အသားအ‌ရေ ရွှေဖြင့်ပေါင်းတင်ခြင်းနဲ့ညီမျှပြီး နုပျိုချောမွတ်စေတဲ့ စီရမ်နို့ရည်လေးတစ်ဗူးပါဝင်မှာဖြစ်ပါတယ်။

ဒီ Package ပရိုမိုးရှင်းကို Shop App တွင် ပုံမှန်အချိန်ဝယ်ယူမယ်ဆို ၂ မျိုးပေါင်း ၄ သောင်းကျော်ကျသင့်မှာဖြစ်ပြီး ယခု သီတင်းကျွတ်ကာလအတွင်းဆို (၂၇,၀၀၀) ကျပ်တည်းဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။


“ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဆိုပေမယ့် ယခုလိုကိုဗစ်ကာလမှာ
“ကျန်းမာခြင်းနဲ့ ကောင်းသာအရာများကို မျှဝေခြင်းက လာဘ်တစ်ပါး” ဟု စာရေးသူမှပြောင်းလဲပြောချင်ပါတယ်။

Lotus Brand Bird’s Nest

(8) Best Gifts For Thadingyut
Lotus Brand Bird’s Nest

မလေးရှားနိုင်ငံထုတ် Lotus Brand ကို သဘာဝငှက်သိုက်စစ်စစ်မှ ထုတ်လုပ်ပြီး ဂျင်ဆင်း၊ White Fungus, Rock Sugar နဲ့အတူ ပရိုတင်း နဲ့ ကာဘိုဟိုက်ဒရိတ်တွေ အပြင် ကယ်စီရမ်၊ သံဓာတ်၊ ပိုတက်စီရမ်၊ ဆိုဒီရမ် အမိုင်နို အက်ဆစ် အစရှိတဲ့ ခန္ဓာကိုယ်ကျန်းမာစေဖို့ အကျိုးပြုဓာတ်တွေ များစွာပါဝင်တာကြောင့် ဒီသီတင်းကျွတ်အတွက် မေမေ၊ ဖေဖေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦးဒေါ်‌ဒေါ်များအတွက် အသင့်တော်ဆုံး ကျန်းမာရေးလက်ဆောင်မွန်ပါပဲ။

70g ၁၂ ဗူးပါ Lotus Brand ငှက်သိုက် Package ကို လျှော့စျေး (၅၇,၀၀၀) ကျပ်နဲ့အတူ အောက်တိုဘာလ ၆ မှ ၁၃ ရက်နေ့အတွင် Shop App တွင်သာရရှိမယ့် 15% OFF ကူပွန်အသုံးပြုပြီး နှစ်ထပ်ကွမ်းလျှော့ကိုအခုပဲ Shop App နဲ့အတူရယူလိုက်တော့နော်။


Brand’s Essence of Chicken

(8) Best Gifts For Thadingyut
Brand’s Essence of Chicken

ထိုင်းနိုင်ငံထုတ် Brand’s ကြက်ပေါင်းရည်သည် –

  • ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်ခြင်နှင့် ကိုယ်ခန္ဓာသန်စွမ်းစေလိုသူများ
  • အာရုံစူးစိုက်မှုအားနည်းသူများနှင့် မလန်းမဆန်းဖြစ်သူများ
  • လုပ်ငန်းခွင်အတွင်း ပင်ပန်းနွမ်းနယ်သူများနှင့် စိတ်ဖိစီးမှုများ၍မောပန်းသူများ
  • သက်ကြီးရွယ်အိုများနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကာကွယ်တားဆီးလိုသူများ
  • ကျောင်းသား/ကျောင်းသူများ အတွက်အထူးသင့်လျော်ပြီး တစ်နေ့တစ်လုံးပုံမှန်သောက်သုံးခြင်းဖြင့် ကျန်းမသုခနဲ့ပြည့်စုံစေပါတယ်။

1.5oz ၁၀ ဗူးပါ Brand’s ကြက်ပေါင်းရည် Package ကို လျှော့စျေး (၂၇,၉၀၀) ကျပ်နဲ့အတူ အောက်တိုဘာလ ၆ မှ ၁၃ ရက်နေ့အတွင် Shop App တွင်သာရရှိမယ့် 10% OFF ကူပွန်အသုံးပြုပြီး နှစ်ထပ်ကွမ်းလျှော့၊ Tote Bag လွယ်အိတ်လက်ဆောင်တို့ကိုအခုပဲ Shop App နဲ့အတူရယူလိုက်တော့နော်။


Bone and Joint Health – Thadingyut Special Pack

(8) Best Gifts For Thadingyut
Supplements for Bone and Joint Health – Thadingyut Special Pack

MAHA SAN – Official Store မှ အမေရိကန်နိုင်ငံထုတ်ကျန်းမာရေးဖြည့်စွက်စာများကို အောက်တိုဘာလ ၆ မှ ၁၃ ရက်နေ့အတွင်း Shop App တွင် အထူး Package ပရိုမိုးရှင်းများနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Package တွင်ပါဝင်သော ဖြည့်စွက်စာများသည် –

  • ကင်ဆာရောဂါများကို ကာကွယ်ရန်အတွက် အထူးသင့်တော်ပါတယ်။
  • Vitamin D3 သည် အရိုးများသိပ်သည်းကြစ်လစ်​စေရန်နှင့် အရိုးများ ကြီးထွား​စေရန် အတွက် မရှိမဖြစ်လိုအပ်သည်သတ္တုဓါတ် တစ်မျိုးပဲဖြစ်ပါတယ်။
  • Vitamin D3 ချို့တဲ့ရင် အရိုးပွခြင်း၊ အရိုးကျိုးခြင်း များဖြစ်တတ်ပါတယ်။ 
  • Vitamin E သည် ကင်ဆာဆဲလ်များကိုတိုက်ဖျက်နိုင်ပြီး ဆဲလ်များကိုကျန်းမား​စေပါတယ်။
  • Collagen သည် အရိုး၊ အရိုးနု နှင့် အရွတ်များတည်​ဆောက်ရာတွင်အ​ရေးပါ​သော​ကြောင့် ​နေ့စဥ်မှီဝဲရန်လိုအပ်ပါတယ်။
  • Cod Liver Oil သည် အရိုးအဆစ်​ရောင်းရမ်းခြင်း၊ ဒူးနားခြင်း၊ ခါးနားခြင်းမှကာကွယ်​ပေးပါတယ်။

သီတင်းကျွတ်မှာ လူကြီးမိဘများကို ဂါရဝပြုဖို့အတွက်ဆိုရင် ကျန်းမာရေးလက်ဆောင်က အကျိုးရှိဆုံးနဲ့အသင့်တော်ဆုံးဖြစ်ပါတယ်နော်။


PHILIPS UV-C Disinfection Desk Lamp (Krislite)

(8) Best Gifts For Thadingyut
PHILIPS UV-C Disinfection Desk Lamp (Krislite)

 COVID-19 Virus နှင့်တခြားရောဂါပိုးမွှားများကို PHILIPS UVC Desk Lamp နဲ့ကာကွယ်ကြစို့။
သီတင်းကျွတ်အခါသမယအတွက် ဆွေမျိုးမိတ်သဟာများကို ကန်တော့ဖို့ အကောင်းဆုံးဆုလက်ဆောင်မွန်ပါပဲ။
Shop App ရဲ့ 8th Anniversary Sale အထူးပရိုမိုးရှင်းစျေးနှုန်းများနဲ့အတူ အခုပဲ မှာယူလိုက်တော့နော်။


ALPHA ProSmart WebOS TV

(8) Best Gifts For Thadingyut
ALPHA ProSmart WebOS TV

အိမ်မှာနေရင်း ရုပ်ရှင်တွေကြည့်မလား?
သတင်းတွေ နားထောင်မလား? ဂိမ်းဆော့မလား?
Alpha Pro Smart TV က webOSနည်းပညာကို တရားဝင်သုံးထားတော့ webOSက ခွင့်ပြုထားတဲ့ Application တွေကို content storeမှာ စိတ်ကြိုက် Download ပြီး တရားဝင်အသုံးပြုလို့ရပါတယ်။

  • LG ရဲ့ webOSနည်းပညာကို တရား၀င် အသုံးပြုထားတယ်။ 
  • 4K Resolutionထိ ပေးစွမ်းနိုင်လို့ ရုပ်ထွက်ကြည်လင်ပြတ်သားတယ်။ 
  • Dolby Audio Systemကြောင့် ရုပ်ရှင်ရုံထဲ ရောက်သွားသလိုမျိုး ခံစားမှုကို ပေးစွမ်းတယ်။ 
  • Smart Remoteအပြင် Magic Remoteပါ ထပ်ဆောင်းပါ၀င်လာတယ်။ 
  • Android နဲ့ IOS ဖုန်းနှစ်မျိုးလုံးကို Miracastချိတ်ဆက်ပြီး screenကြီးကြီး ဖန်တီးနိုင်တယ်။ 
  • Voice Control Systemကြောင့် အသံနဲ့ ထိန်းချုပ်နိုင်တယ်။☑ webOS ရဲ့ တရားဝင်အသုံးပြုခွင့်ရတဲ့ Content Storeမှာ Applicationတွေကို အပြည့်အ၀ကြည့်ရှုခံစားနိုင်မယ်။
  • Ultra Slim ဖြစ်လို့ ကိုယ်ထည်ပါလွှာပြီး Metal Body ကြောင့် ကျစ်လစ်ခိုင်မာတယ်။
  • A+ Hard Panel ကို အသုံးပြုထားလို့ Screenအကြမ်းခံတယ်။
  • ဒါတွေအပြင် Warranty ပိုင်းမှာဆိုလည်း ၃ နှစ်တိတိ အာမခံချက်ပေးထားပါသေးတယ်။
  • Pro Smart TV ရဲ့ Content Storeမှာ ရသစုံ ခံစားနိုင်ပါပြီ။

Content Store မှာ ဘယ်လို ကဏ္ဍတွေပါဝင်လာမလဲ?

  • ရုပ်ရှင်၊ ဂီတတွေနဲ့ အပန်းဖြေအနားယူဖို့ Entertainment
  • ကမ္ဘာတစ်ဝှမ်း အဖြစ်အပျက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်ဖို့ News
  • ဂိမ်းကစားရတာ ခုန်မင်သူတွေအတွက် Game
  • Onlineကတစ်ဆင့် ဘာသာရပ်တွေကို self study လုပ်လိုသူတွေအတွက် Education 5️⃣ကျန်းမာလှပတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ Lifestyle စတဲ့စတဲ့ ကဏ္ဍများကြောင့် သီတင်းကျွတ်ပိတ်ရက်မှာ အိမ်မှာအေးဆေးအနားယူနိုင်မှာဖြစ်ပါတယ်။

Shop App ရဲ့ 8th Anniversary Sale အထူးပရိုမိုးရှင်းစျေးနှုန်းများနဲ့အတူ အခုပဲ မှာယူလိုက်တော့နော်။


Midea Washing Machine Twin Tub

(8) Best Gifts For Thadingyut
Midea Washing Machine Twin Tub

အိမ်ကလျှော်စရာအဝတ်‌တွေ အကုန်လျှော်ပြီး လှန်းထားချင်ပေမယ့် မနိုင်မနင်းဖြစ်ပြီး စိတ်ညစ်နေပြီလား? မညစ်ပါနဲ့။
ဈေးလည်းတန်ပြီး လျှော်၊ ညှစ် တစ်ပြိုင်တည်း လုပ်လို့ရမယ့် Midea ရဲ့ Twin Tub Washing Machine လေးနဲ့ဆို အေးဆေးဖြစ်သွားပြီလေ။

  • ကျစ်လျစ်သေသပ်ပြီး နေရာမယူတဲ့ဒီဇိုင်း 
  • သံချေးလည်းမတတ်၊ အလွယ်တကူလည်း မစုတ်ပြဲနိုင်တဲ့ Stainless Steel Filter 
  • ပေါ့ပါးအကြမ်းခံ အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ Fiber ကိုယ်ထည်တို့နဲ့ ဖွဲ့စည်းထားတဲ့ Midea Twin Tub Washing Machine လေးဟာ ရေရှည်အသုံးပြုမယ်ဆိုရင်လည်း သံချေးတက်ခြင်းမရှိပါဘူး။

ထို့အပြင် လျှော်ပြီးအဝတ်တွေကို ရေညှစ်ရာမှာလည်း လေဝင်လေထွက်ကောင်းမွန်တဲ့ Air Dry System ပါဝင်တာကြောင့် သာမန်အဝတ်လျှော်စက်များထက် အဝတ်အထည်များကို ရေပြောင်စင်အောင် ညှစ်ပေးနိုင်ပါတယ်။

အဝတ်အထည်‌‌တွေအပြင် စောင်၊ ခြင်ထောင်တွေကိုပါ လျှော်နိုင်ပြီး Air Dry System လည်းပါမှတော့ အခုလိုနေရောင်ခြည် ရရှိမှုနည်းတဲ့ မိုးရာသီမှာ မိသားစုတိုင်းအတွက် Midea ရဲ့ Twin Tub Washing Machine လေး ရှိမယ်ဆိုရင်တော့ အဆင်ပြေပြီပေါ့။

သီတင်းကျွတ်အခါသမယအတွက် ဆွေမျိုးမိတ်သဟာများကို ကန်တော့ဖို့ အကောင်းဆုံးအဖော်မွန် Midea။
Shop App ရဲ့ 8th Anniversary Sale အထူးပရိုမိုးရှင်းစျေးနှုန်းများနဲ့အတူ အခုပဲ မှာယူလိုက်တော့နော်။


The KaungHtet

1 Comment

  • This site was… how do I say it? Relevant!! Finally
    I have found something which helped me. Appreciate it!

Leave a Reply

Your email address will not be published. Required fields are marked *