Best Grocery Items To Grab From Shop Mart!

Best Grocery Items To Grab From Shop Mart!

ယနေ့ခေတ်မှာ ကုန်စုံပစ္စည်းမျိုးစုံကို တစ်ပတ်စာဖြစ်ဖြစ် တစ်လစာဖြစ်ဖြစ် စုဆောင်းရတာ နှစ်သက်သူ၊ ဒါမှမဟုတ် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို ဈေးတန်တန်နဲ့ တစ်နေရာတည်းမှာ ၀ယ်ယူနိုင်ချင်သူတွေဆို အပြင်သွားစရာမလိုဘဲ E commerce မှတစ်ဆင့် အလွယ်တကူ မှာယူနိုင်နေပါပြီနော်….

Online Shopping ချစ်သူတို့ရဲ့  လက်စွဲတော် Shop App ကလည်း ဈေး၀ယ်သူတို့ကို အရည်အသွေးကောင်းတဲ့ ပစ္စည်းများကို လျှော့ဈေးတွေနဲ့ ရောင်းချပေးနေတယ်ဆိုတာလည်း သိကြမယ်ထင်ပါတယ်နော်။ ဒါ့အပြင် ၁၀၀% အရည်အသွေးစစ်မှန်တဲ့ Brand မျိုးစုံကို Shop Mall(Official Stores) မှာ ရောင်းချပေးနေတဲ့အပြင် Categories အလိုက် စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်တဲ့ Shop Mart လည်းရှိပါသေးတယ်နော်…..

ဒီတော့ သင်တို့ရဲ့ လက်စွဲတော် Shop App ရဲ့ Shop Mart မှာ ဘယ်လို FMCG products များနဲ့ အခြားကုန်စုံပစ္စည်းများကို ၀ယ်ယူနိုင်မလဲဆိုတာ ဖော်ပြပေးသွားမှာမို့ ဆက်လက်ဖတ်ရှုပေးပါဦးနော်….

Shop Mart မှာ အမျိုးအစားစုံလင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဆန်နဲ့ဆီတွေကို ၀ယ်ယူနိုင်ပါတယ်နော်။ ပေါ်ဆန်းမွှေးဆန်အမျိုးအစားတွေကို ရရှိနိုင်ပြီး စနစ်ကျတဲ့ Packaging နဲ့မို့ သိုလှောင်ရာမှာလည်း အဆင်ပြေချောမွေ့ပါတယ်။ စားသုံးသူတို့ရဲ့ ကျန်းမာရေးကို အလေးပေးတဲ့အတွက် ရောဂါမဖြစ်ပွားစေတဲ့ သဘာ၀ Antioxidants တွေပါ၀င်တဲ့ ဆီများကို ရောင်းချထားပါတယ်နော်။

အရည်အသွေးစစ်မှန်တဲ့ Local Brand ရော International Brand ရော ရရှိနိုင်တဲ့ Shop Mart မှာ Black Coffee မှအစ အဆီကျ Coffee တွေပါ ၀ယ်ယူနိုင်မှာဖြစ်ပြီးတော့ Beverages တွေထဲမှာဆိုရင်တော့ Soft Drink, Energy Drink တွေအပြင် မောပန်းနွယ်နမ်းမှုကို ခံစားနေရတဲ့အခါ အားဖြည့်ပေးနိုင်တဲ့ Supply Drink လည်း ရှိပါတယ်နော်။

ရုပ်ရှင်ကြည့်ရင်း အပျင်းပြေမုန့်စားမလား? ပျော်ပွဲစားထွက်တဲ့အခါ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မုန့်စုစားကြမလား? ညဘက်ဗိုက်ဆာတဲ့အခါ အဆာပြေပဲစားမလား? ရွေးချယ်စရာများစွာရှိပြီး Fresh Date လည်းဖြစ်တာမို့ အချိန်မရွေး နေရာမရွေး စားနိုင်အောင် အတန်ဆုံးဈေးတွေနဲ့ ၀ယ်ယူပြီး အဆင်သင့်စုဆောင်းထားလိုက်တော့နော်။

အိမ်ရှင်မ မေမေတို့အတွက် အစွန်းအထင်းများကို ခဏလေးနဲ့သန့်စင်ပေးနိုင်တဲ့ အိမ်သုံးအ၀တ်လျှော် ဆပ်ပြာတွေလည်း ရှိနေတာမို့ အချိန်ကုန် လူပင်ပန်းစရာမလိုဘဲ အ၀တ်တွေကို မွှေးပျံ့သန့်ရှင်းအောင် လုပ်နိုင်ပြီနော်။ ဒါ့အပြင် မီးဖိုချောင်သန့်ရှင်းရေး Cleanser တွေလည်းရှိနေတာမို့ အသန့်ကြိုက်တဲ့‌ မေမေတို့အတွက် ကွက်တိပဲနော်။

ငယ်ဘ၀ကို တမ်းတစေတဲ့ Mamee Monster မှအစ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ Spicy ခေါက်ဆွဲအထိ ချိုသာတဲ့ ဈေးနှုန်းနဲ့အတူ စုံလင်စွာ ရရှိနိုင်မှာပဲဖြစ်ပါတယ်နော်။ Expiry Date ကလည်း အ‌‌ေ၀းကြီးမို့ မီးဖိုချောင်မှာ သိမ်းထားဖို့ အဆင်ပြေစေသောနော်။

Party ပွဲတွေ မိတ်ဆုံစားပွဲတွေပြုလုပ်ကြတဲ့အခါမှာ အဓိကအနေနဲ့ ပါ၀င်တဲ့ Wine ကို  သင့်ရဲ့ Party အတွက် ၀ယ်ယူဖို့ ပြင်နေတယ်ဆိုရင်တော့ Shop Mart မှာ အရည်အသွေးကောင်းမွန်ပြီး လူကြိုက်များတဲ့ Wine အမျိုးအစားကောင်းတွေကလည်း အထူးလျှော့ဈေးတွေနဲ့ ရှိနေပြီနော်။

ကြာရှည်လည်းခံ၊ အလွယ်တကူ အသင့်ဖောက်စားလို့ရတဲ့အပြင် ဈေးလည်းတော်တဲ့ Canned Food တွေကို အတန်ဆုံးဈေးတွေနဲ့ ရဦးမှာဆိုတော့ အစားအသောက်အလွယ်တကူ မရနိုင်တဲ့ နေရာမျိုးတွေကို သွားဖြစ်လာပြီဆို သယ်ဆောင်ရလွယ်ကူတဲ့ Canned Food ကို  Shop Mart မှတစ်ဆင့် မှာယူပြီး သင်နဲ့အတူ ယူဆောင်သွားလိုက်တော့နော်။

Customers တွေရဲ့ ဆန္ဒကိုအမြဲဖြည့်ဆည်းပေးနေတဲ့ Shop App မှာ Shop Mart ဆိုပြီး ဒီလို အကန့်လေးတွေနဲ့ သေချာခွဲထားပေးထားတာမို့ မိမိဘာကို အဓိက၀ယ်ချင်လဲဆိုတာ ပိုပြီးသိရှိသွားတဲ့အပြင် Beauty,  Healthcare, Mother & Baby စတာတွေကိုလည်း ချိုသာတဲ့ဈေးနှုန်းတွေ နဲ့လည်း မှာယူနိုင်တာကြောင့် Shop App ကိုခုပဲ Download ရယူပြီး ဈေး၀ယ်ထွက်လိုက်တော့နော်။

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *