Guide For Women’s Travel Essentials List

Guide For Women’s Travel Essentials List

အားလပ်ရက်ချိန်တွေမှာ ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် ခင်မင်ရင်းနှီးရသူတွေနဲ့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်တော်ဖြစ်ဖြစ် ခရီးသွားဖြစ်လာမယ်ဆိုရင် အရင်လို အစီအစဥ်မကျ ပစ္စည်းတွေကို ယူသွားနေတုန်းပဲလား?

ဒီလိုသာဆို အရေးကြီးလိုအပ်တဲ့ပစ္စည်းတွေ မေ့ကျန်ခဲ့ပြီး လိုရာခရီးရောက်မှ ဈေးကြီးပေးပြီး ၀ယ်ရတာမျိုးတွေ၊ ခက်ခက်ခဲခဲ လိုက်ရှာရပြီး အချိန်ကုန် လူပင်ပန်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Shop App က Shop Life Blog မှတစ်ဆင့် အမျိုးသမီးတို့အတွက် ဗျာမများရပဲ ပျော်ရွှင်စရာ ခရီးစဥ်လေးဖြစ်သွားအောင် ခရီးသွားရင် ကိုယ်နဲ့တစ်ပါတည်းဆောင်ယူသွားသင့်တဲ့ ပစ္စည်းတွေကို အစီအစဥ်တကျ လမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်။ 

ဒီအရာကတော့ မေ့ကျန်တတ်တဲ့အရာမဟုတ်ပေမဲ့ သင်ဟာ ဖြစ်သလို ပစ္စည်းတွေကို ထည့်သွားမယ်ဆိုရင် အရေးကြုံလာတဲ့အခါမှာ ပျောက်ရှတာမျိုး၊ ရှာဖွေရခက်ခဲတာမျိုး ဖြစ်တတ်ပြီး ခရီးလမ်း ကြန့်ကြာတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အ၀တ်အစား၊ပစ္စည်းအသုံးအဆောင်တွေနဲ့ လိုအပ်တဲ့အရာများကို စနစ်တကျ စီစီရီရီထည့်ဖို့  Shop App မှာ Luggage ၀ယ်ယူပြီး သင့်ခရီးစဥ်အတွက် ပြင်ဆင်ထားလိုက်တော့နော်။

နေရာအသစ်၊ ဒေသအသစ်ကို ရောက်တဲ့အခါမျိုးမှာ မိမိနေထိုင်ရာ အရပ်နဲ့ ကွဲပြားခြားနားတဲ့ ရာသီဥတု၊ အစားအသောက်နဲ့ ပတ်၀န်းကျင်တို့ကြောင့် ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း၊ မူး‌ေ၀ခြင်း၊ အအေးမိခြင်း၊ Allergic ဖြစ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ ကုသဖို့အတွက် Medical Supplies တွေကို မမေ့လျော့ဘဲ သင်နဲ့အတူဆောင်ထားသင့်ပါတယ်။

သင့်ရဲ့ ကောင်းမွန်တဲ့ Fashion ရွေးချယ်မှုကလည်း ခရီးသွားရာမှာ အဆင်ပြေချောမွေ့မှုကို အထောက်အကူပြုနိုင်ပါတယ်။ အ၀တ်အစားတွေကို မည်သူမဆိုထည့်သွားမှာဖြစ်မယ့် အ‌ခြေအနေ အချိန်အခါနဲ့ ကိုက်ညီမှုရှိတဲ့ အ၀တ်အစားတွေကို မေ့ကျန်ခဲ့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အေးမြတဲ့ နေရာမျိုးဆို အနွေးထည် အင်္ကျီလက်ရှည်တို့ကို ယူဆောင်သွားသင့်ပြီး ပူပြင်းတဲ့ ဒေသတွေကို ခရီးထွက်ဖို့ရှိလာပြီ ဆိုရင်တော့ ပေါ့ပေါ့ပါးပါး ရှိတဲ့ အ၀တ်အစားမျိုးကို ရွေးချယ်သင့်ပါတယ်။ Shop App မှာ လိုအပ်တာအကုန်ရှိတာမို့ သင့်ရဲ့ Fashion အတွက်ဆို Shop App ကို သတိရလိုက်ပါနော်။

ဇက်ကြောတက်ပြီး ညောင်းညာကိုက်ခဲခြင်းက ခရီးသွားရာမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွားလိုတဲ့ နေရာကိုမရောက်ခင် လမ်းခရီးမှာ ကောင်းစွာအိပ်စက်အနားယူနိုင်ပြီး ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းညှိနိုင်ဖို့ ခရီးဆောင်ခေါင်းအုံးကိုလည်း မမေ့သင့်ဘူးနော်။ 

အမှတ်တရကောင်းတွေကို Social Media မှာ ‌ေ၀မျှချင်တာလား? ဒါမှမဟုတ်လည်း ရှုခင်းလှလှတွေနဲ့အတူ ဓာတ်ပုံရိုက်ပြီး အမှတ်တရအဖြစ် သိမ်းထားချင်တာလား? မိသားစု၀င်တွေနဲ့ အသိမိတ်ဆွေတွေကို ဆက်သွယ်ချင်တာလား? Google Map ကိုသုံးပြီး လမ်းရှာမလား? ဒါတွေကို လုပ်နိုင်ဖို့အတွက် သင်နဲ့မကွာရှိနေတဲ့ Smartphone လေးက အားရှိနေမှဖြစ်မှာနော်။ ဒီလိုအခြေအနေမျိုးမှာ Power Bank လေးကို ဆောင်ထားမယ်ဆိုရင်တော့ လျှပ်စစ်မီးမရနိုင်တဲ့ နေရာမှာဖြစ်ဖြစ်၊ လမ်းမှာ ရုတ်တရက် ဖုန်းအားကုန်တာမျိုးတွေကိုပဲဖြစ်ဖြစ် တွေးပူနေစရာ မလိုတော့ဘူးနော်။ Shop App မှာ အရည်အသွေးစိတ်ချရပြီး အားလည်းအကြာကြီး သွင်းနိုင်တဲ့ Power Bank တွေကို ၀ယ်ယူရရှိနိုင်ပြီနော်။ 

မတူညီတဲ့ ပတ်၀န်းကျင်နဲ့ ရာသီဥတုဒဏ်ကြောင့် အသားအရေပျက်စီးပြီး ညစ်နွမ်းတာမျိုး မဖြစ်ရလေအောင် Skin Care ပစ္စည်းများအသုံးပြုပြီး ကာကွယ်သင့်ပါတယ်နော်။ သို့သော်လည်း ရှိသမျှ Products အကုန်လုံးကို ထည့်မသွားဘဲ အမှန်တကယ်လိုအပ်ပြီး ကိုက်ညီမှုရှိသည့် Skin Care ပစ္စည်းကိုသာ သင်နဲ့အတူ သယ်ဆောင်သင့်ပါတယ်။

ယနေ့ခေတ်မှာ အမျိုးသမီးလစဥ်သုံးအစား နေရာလည်းမစား၊ အချိန်လည်းမပေးရတဲ့အပြင် သေချာသန့်စင်ပေးရုံဖြင့် ပြန်လည်အသုံးပြုနိုင်တဲ့ Menstrual Cup တွေကို အစားထိုး အသုံးပြုလာကြပါတယ်။ Shop App မှာ ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ယူနိုင်ပြီး You Tube မှတစ်ဆင့် အသုံးပြုနည်း လေ့လာကာ စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ သက်တောင့်သက်သာရှိတဲ့ ခရီးကို ဖြတ်သန်းလိုက် တော့နော်။ 

ကိုယ့်ရဲ့ခရီးဆောင်အိတ်လေးကို အပေါ်မှာပြောပြခဲ့တဲ့ Tips လေးတွေအတိုင်း စနစ်တကျထုတ်ပိုးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ စိတ်အနှောင့် အယှက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပြီး ကောင်းမွန်တဲ့ အချိန်တွေကို ပိုမိုအာရုံစိုက်နိုင်မှာဖြစ်လို့ ဒီပစ္စည်းတွေကို မမေ့မလျော့ဘဲ သင်နဲ့အတူယူဆောင်သွားခြင်းအပြင် Shop App ရဲ့ Shop Travel မှတစ်ဆင့် အလွယ်တကူ Booking တင်လို့ရတာမို့ သင့်ရဲ့ ပျော်ရွှင်ဖွယ်ခရီးကို အခုပဲစတင်လိုက်ကြရအောင်!

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *