Easy Budget Snacks with Nestlé MILO

Easy Budget Snacks with Nestlé MILO

ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ကြတဲ့ MILO Drink ကို ဒီတိုင်းကြီးပဲဖျော်သောက်နေရတာပျင်းနေပြီလား? မိုင်လိုအရသာနဲ့ အစာပြေမုန့်လေးတွေအဖြစ် စားချင်ကြလား?
ဒါဆိုရင် “Easy Budget Snacks with Nestlé MILO” Blog နဲ့အတူ

သိရှိဖို့ အခုပဲ ဖတ်ရှုလိုက်စို့!

MILO Snack များကို ကိုယ်တိုင်ပြုလုပ်ခြင်းဖြင့် အရသာကို မိမိနှစ်သက်သလိုဖန်တီးနိုင်ပြီး ကိုယ်တိုင်ပြုလုပ်ထားတဲ့ အစားအစာများကို ချစ်ရသူမိသားစုများနဲ့ မျှ‌ဝေနိုင်ဖို့ ရည်ရွယ်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။

စားဖိုချောင်သုံး ပါဝင်ပစ္စည်းများကို Shop Mart တွင် လွယ်ကူစွာ မှာယူနိုင်ပါပြီ။ 51A510

MILO BALLS

MILO BALLS

ပါဝင်ပစ္စည်း – 

  • MILO အမှုန့် ဆန်ချိန်ခွက် ၁ ခွက် 
  • Coconut အုန်းသီးအမှုန့် ၁ ခွက် (အပိုအသုံးပြုရန် အပို ၁ ခွက်ထည့်ထားပါ)
  • Sweetened Condensed Milk နို့ဆီ ၁ ဗူး
  • Plain Biscuit ဘီစကွတ် ၁ ထုပ် (Julie’s Marie Milk Flavour တံဆိပ်ကိုအသုံးပြုနိုင်ပါတယ်)

Step 1:
ဘီစကွတ်တွေကို အမှုန့်ဖြစ်အောင် ကြေညက်အောင်ကြိတ်ပါ။
Step 2:
ဇလုံတစ်လုံးထဲသို့ ပါဝင်ပစ္စည်းအကုန်လုံးထည့်၍ ရောသမအောင်မွှေပေးပါ။
Step 3:
မုန့်လုံးရေပေါ်ကဲ့သို့ အလုံးလေးလုံးပြီးနောက် အပိုဖယ်ထားသော အုန်းသီး ၁ ခွက်ထဲနစ်၍ ပုံပါအတိုင်းပုံစံလေးဖြစ်ရင် သုံးဆောင်လို့ရပါပြီ။


ICE CREAM MILO

ICE CREAM MILO
ICE CREAM MILO

ပါဝင်ပစ္စည်း – 

  • MILO အမှုန့် 20g ၆ ထုပ် (သို့) စံချိန်ခွက်ဖြင့် ၂ ခွက်
  • All-Purpose Cream 750ml (ညသိပ် အအေးခံ)
  • Sweetened Condensed Milk နို့ဆီ ၁ ဗူး (ညသိပ် အအေးခံ)
  • Evaporated Milk နို့စိမ်း ၁ ဗူး (ညသိပ် အအေးခံ)
  • Topping အတွက် သစ်ကြားစေ့၊ MILO အမှုန့်၊ Chocolate Flakes (သို့) နှစ်သက်ရာအသုံးပြုနိုင်ပါသည်။

Step 1:
နို့စိမ်းနှင့် MILO အမှုန့်တို့အား ခက်ရင်း သို့မဟုတ် ကြက်ဥ‌ခေါက်တံ (Manuel Hand Egg Beater Whisk) ဖြင့် ကျေညက်သွားတဲ့အထိ ရှေးဦးစွာ‌မွှေပါ။ ထို့နောက် နို့ဆီနဲ့အတူ ရောစပ်ပြီး ခဏအအေးခံထားပါ။
Step 2:
All-Purpose Cream အား အချိန်ကုန်၊ လူပင်ပန်းသက်သာစေလိုရန် ဂျုံမွှေစက် (Mixer) ဖြင့် Cream ပုံစံဖြစ်တဲ့အထိ မွှေပါ။
Step 3:
Cream နှင့်အတူ Step 1 က အအေးခံထားတဲ့ မိုင်လိုနို့ရည်ကို Mixer ကိုအသုံးပြုကာ ၅ မိနစ်ခန့် မွှေပြီး တစ်ညတာ ရေခဲသေတ္တာထဲတွင် အအေးခံပြီးနောက် နှစ်သက်သာရာ Topping ဖြင့် မိုင်လိုရေခဲမုန့်လေးကို သုံးဆောင်နိုင်ပါပြီ။

Miniso Mixer
ဂျုံမွှေစက် (Mixer)

POPSICLE MILO

POPSICLE MILO
POPSICLE MILO

ပါဝင်ပစ္စည်း – 

  • MILO အမှုန့် 20g ၄ ထုပ်
  • Fresh Milk အသင့်သောက်သုံး နို့ 400ml
  • Sweetened Condensed Milk နို့ဆီ စံချိန်ခွက် ၁ ဝက်

Step 1:
ကျိုချက်ပြီးနို့နှင့် MILO အမှုန့်တို့အား ခက်ရင်း သို့မဟုတ် ကြက်ဥ‌ခေါက်တံ (Manuel Hand Egg Beater) ဖြင့် ကျေညက်သွားတဲ့အထိ ရှေးဦးစွာ‌မွှေပါ။
Step 2:
ထို့နောက် နို့ဆီနဲ့အတူ ရောစပ်ပြီး အမှုန့်မကျန်သည်အထိ ဆက်လက်မွှေပေးပါ။
Step 3:
ထို့နောက် ရေခဲချောင်းပြုလုပ်ရန် Popsicle Mold ထဲသို့ ‌ထည့်၍ ရေခဲသေတ္တာထဲတွင် (၆-၈) နာရီအထိ အအေးခံပြီးရုံဖြင့် မိုင်လိုရေခဲချောင်းလေးသုံးဆောင်နိုင်ပါပြီ။ 

Popsicle Mold

World Nutella Day
Reading Time: 1 minute

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *