World Nutella Day

World Nutella Day

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ကျရောက်မယ့် World Nutella Dayကို Shop App မှ ဂုဏ်ပြုသောအားဖြင့် Nutella ဖြစ်ပေါ်လာပုံအကြောင်းကို ဒီတစ်ပတ်ရဲ့ Blog အစီအစဉ်မှာ ဗဟုသုတရဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Nutella ဖြစ်ပေါ်လာပုံ
၁၈၀၀ ပြည့်နှစ်တွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ပီယက်ဒ်မောက် (Piedmont) ဆိုတဲ့မြို့လေးမှာ ချောကလက်အနှစ်နဲ့ ဟေဇယ်အခွံမာသီးပြုလုပ်သူအများအပြားရှိခဲ့ပါတယ်။

ထိုကာလတွင် ဟေဇယ်အခွံမာသီးပေါများသော်ငြားလည်း ချောကလက်ပြုလုပ်ရာတွင်သုံးတဲ့ ကိုကိုးသီးကတော့ အလွန်ရှားပါးခဲ့ပေ။

ဒုတိယကမ္ဘာစစ်‌နှောင်းပိုင်းကာလတွင် ကိုကိုးသီးသည် ပိုမိုရှားပါးလာခဲ့ပါတယ်။ ထိုအချိန်တွင် ပီယက်ဒ်မောက်မြို့ရှိ မုန့်ဖုတ်သမား ပီယက်ထရိုဖာယဲရို (Pietro Ferrero) ဆိုသူက ဂျီယန်ဒူရော့ (Giandujot) ဆိုတဲ့ ချောကလက်အနှစ်သုတ်ထားတဲ့ပေါင်မုန့်ကို တီထွင်ခဲ့ပြီး  နာမည်ကြီးလူကြိုက်များကာ အောင်မြင်လာခဲ့ပါတယ်။ ထို့မှတစ်ဆင့် ၁၉၄၆ တွင် ဖာယဲရိုကုမ္ပဏီ (Ferrero Company) ကို စတင်တည်ထောင်ခဲ့ပြီး၊

၁၉၆၄ တွင် ပီယက်ထရိုဖာယဲရို ရဲ့ သားဖြစ်သူ မစ်ကယ်လီဖာယဲရို (Michele Ferrero) ဆိုသူက “နူတဲယ်လား” – Nutella ဟု အမည်ပေးထားတဲ့  ဟေဇယ်သစ်ကြားစေ့ပါဝင်သော ချောကလက်အနှစ်ကို ဖန်ပုလင်းပုံစံနဲ့ ထုတ်လုပ်ပ်ခဲ့ပြီး ထိုထုတ်ကုန်သည် အဲဒီ့အချိန်မှစတင်ကာ အီတလီနိုင်ငံမှတစ်ဆင့် ကမ္ဘာတစ်ဝန်း နာမည်ကျော်လူကြိုက်များလာခဲ့သည်။

ချိုမြိန်သောနေ့ရက်တွေကိုရရှိဖို့ Nutella နဲ့အတူ ဖန်တီးစို့

Order Nutella Shop App
Nutella is available on Shop App

World Nutella Day ဖြစ်ပေါ်လာပုံ
အစားအသောက်ဆောင်းပါးရေးသားသူလည်းဖြစ်၊ Nutella အမာခံပရိတ်သတ်တစ်ဦးဖြစ်တဲ့ အမေရိကန်လူမျိုး ဆာရာရော့်စ်ဆို (Sara Rosso) က Nutella ကို အီတလီနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီးနောက် Nutella အမှတ်တံဆိပ်သည် ကမ္ဘာ့အထိမ်းအမှတ်နေ့ရှိထိုက်တဲ့ ထုတ်ကုန်ဟုသတ်မှတ်ကာ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ World Nutella Day အဖြစ် သူမကိုယ်တိုင် ဦးဆောင်သတ်မှတ်ခဲ့ပါသည်။

သူမ၏ပရိတ်သတ်နှင့် Nutella ပရိတ်သတ်များကလည်း သူမ၏ဆုံးဖြတ်ချက်ကို အားပေးထောက်ခံခဲ့ပါတယ်။
၂၀၁၅ ခုနှစ်တွင် ဆာရာသည် ကမ္ဘာ့ Nutella နေ့ကို အဒွန့်ရှည်ရန်ရည်ရွယ်ပြီး ဖာယဲရိုကုမ္ပဏီကို တရားဝန်ပြောင်းလွှဲပေးအပ်ခဲ့သည်။

ထိုအချိန်မှစ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့ကို ကမ္ဘာ့ Nutella နေ့အဖြစ် တရားဝင်သတ်မှတ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် နှစ်စဉ်ကျင်းပလျက်ရှိသည်။

ချိုမြိန်သောနေ့ရက်တိုင်းကိုဖန်တီးဖို့ ကမ္ဘာ့အကောင်းဆုံး chocolate spread 100% Authentic Nutella ကို Shop App မှ အခုပဲမှာယူလိုက်ပါနော်။

Spread Love with Nutella!

Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *