အခုဆိုရင် နွေရာသီအစရောက်ပီဆိုတော့ အသားအရေကို ဂရုစိုက်ရုံသာမက ပူပြင်းတဲ့ရာသီဥတုမှာ ကြည့်ကောင်းအောင် ကူညီပေးမယ့် သင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုနဲ့ အလှအပဆိုင်ရာ နည်းစနစ်တစ်ခု ရှိဖို့က အရေးကြီးပါတယ်။ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ပျက်ဆီးစေရုံသာမက ဆံပင်ကျွတ်ခြင်း၊ ချွေးထွက်လွန်ခြင်းနှင့် ချွေးကြောင့် မျက်နှာပေါ်တွင် လိမ်းထားသော မိတ်ကပ်များကို ပျက်စေတဲ့အပြင် အဆိုးဆုံး အရေပြားကင်ဆာအထိပါ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့ကြောင့် အသားအရေကို ကျန်းမာစေပြီး နေပူဒဏ်ကိုပါ တွန်းလှန်နိုင်ဖို့ လိုက်နာသင့်တဲ့ အလှပဆိုင်ရာ အကြံပြုချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ အရေပြားကို နေမလောင်အောင်နဲ့ အန္တရာယ်ရှိတဲ့ UV Rays မှ ကာကွယ်ပေးဖို့ပါပဲနော်။ ဒီတော့ ရာသီဥတု အပူချိန်ရယ်၊ ကိုယ့်ရဲ့ skin type ရယ်နဲ့ ကိုက်ညီမှုရှိပြီး […]Read More