7 Beauty Tips To Fight Summer

7 Beauty Tips To Fight Summer

အခုဆိုရင် နွေရာသီအစရောက်ပီဆိုတော့  အသားအရေကို ဂရုစိုက်ရုံသာမက ပူပြင်းတဲ့ရာသီဥတုမှာ ကြည့်ကောင်းအောင် ကူညီပေးမယ့် သင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုနဲ့ အလှအပဆိုင်ရာ နည်းစနစ်တစ်ခု ရှိဖို့က အရေးကြီးပါတယ်။

နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ပျက်ဆီးစေရုံသာမက ဆံပင်ကျွတ်ခြင်း၊ ချွေးထွက်လွန်ခြင်းနှင့် ချွေးကြောင့် မျက်နှာပေါ်တွင် လိမ်းထားသော မိတ်ကပ်များကို ပျက်စေတဲ့အပြင် အဆိုးဆုံး အရေပြားကင်ဆာအထိပါ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့ကြောင့် အသားအရေကို ကျန်းမာစေပြီး နေပူဒဏ်ကိုပါ တွန်းလှန်နိုင်ဖို့ လိုက်နာသင့်တဲ့ အလှပဆိုင်ရာ အကြံပြုချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

  1. Sunscreen လိမ်းပါ

ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ အရေပြားကို နေမလောင်အောင်နဲ့ အန္တရာယ်ရှိတဲ့ UV Rays မှ ကာကွယ်ပေးဖို့ပါပဲနော်။  ဒီတော့ ရာသီဥတု အပူချိန်ရယ်၊ ကိုယ့်ရဲ့ skin type ရယ်နဲ့ ကိုက်ညီမှုရှိပြီး SPF ပါတဲ့ Sunscreen ကိုလိမ်းသင့်ပါတယ်နော်။ အသားထဲစိမ့်၀င်ပြီး အကျိုးအာနိသင် သက်ရောက်မှုရှိအောင် အပြင်မထွက်ခင် အနည်းဆုံး မိနစ် ၃၀ အလိုမှာ လိမ်းပေးရပါမယ်နော်။

  1. ဦးထုပ်ဆောင်းပါ

နေရဲ့ အပူချိန်က အသားအရေကို ညိုမည်းစေတဲ့အပြင် ဆံသားကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ပူပြင်းတဲ့ ရာသီဥတုက ဦးရေပြားကို ချွေးထွက်များစေပြီး ဆံပင်ကို လန်းလန်းဆန်းဆန်းမရှိစေဘဲ စေးကပ်နေစေပါတယ်။ နေ့စဥ် ခေါင်းလျှော်ခြင်းကည်း အန္တရာယ်ရှိစေတဲ့အတွက်ကြောင့် ဒီလို အခြေအနေမျိုးဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ နေရောင်ခြည် မထိနိုင်အောင် ဦးထုပ်ဆောင်းပြီးမှ အပြင်ထွက်သင့်ပါတယ်နော်။

  1. နေကာမျက်မှန်တပ်ပါ

ညအိပ်ရာ မ၀င်ခင်အထိ အနားမပေးမိဘဲ အမြဲအလုပ်များနေတဲ့ ကျွန်ုပ်တို့ရဲ့မျက်လုံးကိုလည်း ကာကွယ်သင့်ပါတယ်နော်။ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုက မျက်စိအတွင်းတိမ်၊ အမြင်အာရုံ ပျက်ပြားခြင်း စတဲ့ မျက်စိပြဿနာများ ဖြစ်တတ်သောကြောင့် နေပူရှိန် မြင့်မားနေတဲ့အခါမျိုးမှာ ရိုးရိုးမျက်မှန်မဟုတ်ဘဲ နေကာမျက်မှန် တပ်ဆင်ခြင်းက အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်နော်။

  1. ရေကို လုံလောက်စွာ သောက်သုံးပါ

ချွေးထွက်များခြင်းက ရေဓာတ်ဆုံးရှုံ့းနိုင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းမှ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်အောင် တစ်နေ့ကို အနည်းဆုံး ၃-၄ လီတာ သောက်သုံးပေးသင့်ပါတယ်။ ဒါ့အပြင် ရေများများသောက်ပေးခြင်းက ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးပြီး အသားအရေ ကြမ်းတမ်းခြင်းမှလည်း ကင်း‌‌ေ၀းစေကာ ကြည်ကြည်လင်လင်လေး ဖြစ်စေပါတယ်။

  1. Scrub တိုက်ပေးပါ

နေရောင်ခြည်အပြင် ပတ်၀န်းကျင်မှ ဖုန်မှုန့်နှင့် လေထုကပါ အသားအရေကို ထိခိုက်စေပြီး သင့်ရဲ့ ခန္ဓာကိုယ်မှ ညိုမည်းလွယ်သော ဒူးခေါင်း၊ တံတောင် နှင့် ရှိပြီးသားအမာရွတ်ကိုလည်း ပိုပြီး မွဲခြောက်စေပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်မှ အညစ်အကြေးများနှင့် အညစ်အကြေးများကို သန့်စင်ရန် သင့်လျော်သော scrub ကို အသုံးပြုပေးရပါမယ်နော်။

  1. SPF ပါတဲ့ Lotion လိမ်းပေးပါ

အပူလွန်ကဲမှုက အသားအရေကို နွမ်းစေပြီး လန်းဆန်းမှုမရှိစေတာမို့ ရေဓာတ်အပြင် အစိုဓာတ်ပြန်ထိန်းဖို့လည်း လိုအပ်ပါတယ်။  နွေရာသီမှာ အပြင်ထွက်ခြင်းက အသားအရေ ညိုစေနိုင်ပြီး အရေပြားကင်ဆာလည်း ဖြစ်စေနိုင်တဲ့ အတွက် ပေါ့ပါးတဲ့ အင်္ကျီလက်တို၊ ဘောင်းဘီတို ၀တ်ဆင်ဖြစ်ခဲ့မယ်ဆိုရင် Lotion လိမ်းဖို့လည်း မမေ့သင့်ပါဘူးနော်။ ဒါ့အပြင် scrub တိုက်ပြီးလို့ ကြမ်းတမ်းသွားသော အသားအရေကို ပြန်လည် ချောမွေ့နူးညံ့လာအောင်လည်း လိမ်းပေးရပါမယ်။

  1. မနက် ၁၀ နာရီမှ နေ့လည် ၃ နာရီ အထိ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမှ အတတ်နိုင်ဆုံးရှောင်ပါ

မနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိသည် နေမှလာသော UV Ray ရဲ့ အပြင်းဆုံးအချိန်ပိုင်း ဖြစ်သောကြောင့် ထိုအချိန်တွင် မဖြစ်မနေအပြင်ထွက်ရပါက အပေါ်မှဖော်ပြထားတဲ့ အကြောင်းအရာများအတိုင်း လိုက်နာပြီး ပြုလုပ်ပေးပါနော်။

ဒါဆိုရင်တော့ ဒီအကြံပြုချက် (၇) ချက်က နွေရာသီမှာ အသားအရေ ကျန်းမာစွာနဲ့ သက်တောင့်သက်သာနေနိုင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်နော်။ Shop App မှာလည်း နွေရာသီခရီး အတွက် လိုအပ်တဲ့  နာမည်ကြီး Skin Care Products မျိုးစုံ ဝယ်ယူနိုင်တာမို့ Shop App ကို ခုပဲ Download ရယူပြီး Shopping ထွက်လိုက်တော့နော်။

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *