What Will Happen When You Don’t Have Enough Sleep?
လူတိုင်းရဲ့ အိပ်စက်ခြင်းဟာ ဘဝမှာ လေးပုံတစ်ပုံခန့် အလွယ်တကူကုန်ဆုံးနေခြင်းပါ။
ညအိပ်တဲ့အခါ ဟော်မုန်းလွှတ်ထုတ်ဖို့အတွက် ဝဝလင်လင် အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဆဲလ်တွေကိုပြန်လည်ပြုပြင်ဖို့နဲ့ အားအင်တွေ အသုံးပြုမှုကို ထိန်းချုပ်ရန် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ အိပ်ရေးပျက်တာတွေ များလာမယ်ဆိုရင် ကြီးထွားမှုနှုန်း၊ ကိုယ်ခံအားခုံခံမှုစနစ်၊ အစားစားချင်စိတ်၊ ကျန်းမာရေး အခြေအနေ စတာတွေကို ထိခိုက်စေပြီး စိတ်ဖိစီးမှုဟော်မုန်းကိုလည်း တိုးစေပါတယ်။
အိပ်ရေးဝအောင် အိပ်စက်မှုက လက်ရှိကိုယ့်ရဲ့မွေ့ရာနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်။ မွေ့ရာကောင်းကောင်းရွေးချယ်ခြင်းဖြင့် သင့်ရဲ့ကျန်းမာရေးနဲ့ အိပ်စက်မှုတွေကို ဘယ်လိုအကျိုးပြုနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
အိပ်ပျော်ပေမဲ့ အိပ်တာပုံစံမကျခြင်းကြောင့်ရော ဘယ်လိုတွေဖြစ်နိုင်လဲ
တစ်နေရာတည်းအကြာကြီးဖိအိပ်မိတာ၊ ခေါင်းအုံးကို စနစ်တကျ မထားဘဲ ဖြစ်သလိုအိပ်မိတာ၊ အအိပ်ကြမ်းတာ၊ ကြပ်ထုတ်တဲ့အဝတ်အစားတွေနဲ့ဝတ်အိပ်မိတာ စတာတွေပဲဖြစ်ပြီး ဒီအချက်ကလည်း အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အချက်ထဲပါပါတယ်။ ကိုယ့်ရဲ့မွေ့ရာက ညီညာမှုမရှိရင်လည်း ကိုယ့်ရဲ့အိပ်ပုံအိပ်နည်းကပါ မမှန်တော့ပဲ ပခုံးအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။ သင်ကဘယ်လိုပင် အိပ်ပျော်နေသည်ဖြစ်ပါစေ၊ ဒီလိုအိပ်သည့်ပုံစံ အဆင်မပြေရင်လည်း နိုးလာသည့်အခါ ကိုယ်လက်ကိုက်ခဲခြင်း၊ လန်းလန်းဆန်းဆန်း မရှိခြင်း၊ အလုပ်ခွင်မှာကောင်းစွာ မလုပ်နိုင်ခြင်း စတဲ့ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်ခြင်းကနေ ကာကွယ်ဖို့အတွက် စိန်နဲ့မြက ထုတ်လုပ်ထားတဲ့ Angel 5 in 1 Bed ဟာဆိုရင် နှစ် ၂၀ အာမခံချက်ရှိပြီး ၁၁” ထုထည်ရှိသောကြောင့် အိပ်စက်ရာတွင် ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများ ထိန်းညှိပေးတဲ့အပြင် စပရိန် အမာနှင့် အပျော့နှစ်မျိုး တစ်ခြမ်းစီ အသုံးပြုထားသောကြောင့် အခြေအနေ အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး အိပ်ရင်တောင် သက်တောင့်သက်သာ အမြဲရှိနေမှာပါ။ Belgium ချည်သားဖြင့် ပြုလုပ်ထားသောကြောင့် ရာသီဥတုမရွေး အသုံးပြုနိုင်သလို Pillow Topper လည်း ပါတဲ့အတွက် အပေါ်ယံအလွှာအား ဖယ်ရှားပြီး တစ်ယောက်အိပ် ၂ ခုအဖြစ်လည်း လိုသလို သုံးလို့ရပါသေးတယ်။ 5 in 1 တောင်ဆိုတော့ တယောက်အိပ်အိပ် နှစ်ယောက်အိပ်အိပ် အဆင်ပြေပါတယ်။ နောက်ပြီးတော့ ကိုယ့်စိတ်ကြိုက်ပုံစံအိပ်လို့ ခါးနာတာမျိုးလည်းမရှိတဲ့အပြင် အကုန်အကျ လည်းသက်သာလို့ နှစ်ခါစဥ်းစားစရာမလိုဘဲ ရွေးချယ်သင့်တဲ့ မွေ့ရာပါ။
ဘယ်လိုမွေ့ရာမျိုးက အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေတာလဲ?
အဆစ်အမြစ်ရောင်ခြင်းဆိုတာ ကိုယ်ခံအားစနစ် ချို့ယွင်းမှု၊ ဒဏ်ဖြစ်မှုနှင့် မျိုးရိုးဗီဇကြောင့် အဖြစ်များတတ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သက်တောင့်သက်သာမရှိတဲ့ အိပ်စက်မှုမျိုးကလည်း နိုးလာတဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု နာကျင်ကိုက်ခဲတတ်ပြီး မအီမသာ ဖြစ်နေစေမှာပါ။ ဒီလိုလက္ခဏာတွေ ရှိတဲ့လူတွေဟာ သာမန်ကျန်းမာတဲ့လူတွေထက် အိပ်မပျော်တဲ့ရောဂါကို ပိုခံစားရနိုင်ချေများပါတယ်။
ဒီလိုခံစားရတာတွေကို သက်သာစေဖို့အတွက် စိန်နဲ့မြ မွေ့ရာအမျိုးအစားများထဲမှ ခါးနာ၊လေးဖက်နာသမားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Angel 2 in 1 Bed ဟာဆိုရင် ရေမြှုပ်ကျစ်သားပါ၀င်တဲ့ ဆေးဖြစ်အုန်းဆံရေမြှုပ်မွေ့ရာပဲ ဖြစ်ပါတယ်။ အပေါ်ယံ အုန်းဆံလွှာကို ပိုးသတ်ထားပြီး ရေနွေးနဲ့ပေါင်းခံထားတာကြောင့် သက်ကြီးရွယ်အိုများ၊ လေးဖက်နာသမား များနှင့် ကိုယ်၀န်ဆောင်မိခင်များ အတွက် အထူးပင်သင့်တော်ပါတယ်။ အာမခံသက်တမ်း (၇)နှစ်အပြင် အမြင့်ပေ ၁၀”ထုထည်အထိ ရွေးချယ်နိုင်ရုံသာမက သိပ်သည်းဆအမြင့် ၂၄ ရှိတဲ့ ရေမြှုပ်ကျစ်သားကို အသုံးပြုထားတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကောင်းစွာ ထိန်းညှိပေးပါတယ်။ ရာသီမရွေးအသုံးပြုနိုင်ပြီး အပူချိန်ကိုလည်းထိန်းညှိပေးလို့ သာယာတဲ့ အိပ်စက်ခြင်းကို အပြည့်အဝရစေမှာပါ။
နေထိုင်တဲ့ပတ်၀န်းကျင်ကလည်း အိပ်ရေးမ၀ခြင်းနဲ့ ဆက်စပ်နေတာလား?
စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုကြောင့် အိပ်ရေးပျက်ခြင်းဖြစ်ပေါ်တာကို တော်တော်များများ သိကြပေမဲ့ ပတ်ဝန်းကျင်နဲ့ လူမှုနေထိုင်ခြင်း ပုံစံကလည်း ကိုယ့်ရဲ့တစ်နေ့တာ အိပ်စက်မှုနှုန်းကို တစ်ဖက်တစ်လမ်းက လွှမ်းမိုးနေတယ်ဆိုတာကိုတော့ သတိမထားမိကြပါဘူး။ ဆူညံတဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ နေထိုင်မှုတွေက စိတ်ကို အလိုလိုညစ်ညူးစေပြီး ညဘက်မှာလည်း အိပ်မပျော်နိုင်ဖြစ်တတ်ပါတယ်။
ပထမဆုံးအနေဖြင့် သင့်ရဲ့ အိပ်ခန်းပုံစံကို အရင်ပြောင်းလဲကြည့်ပါ။ ပြီးရင်တော့ စိန်နဲ့မြ မွေ့ရာအမျိုးအစားများထဲမှ တစ်ခုဖြစ်တဲ့ အသာယာဆုံး အိပ်စက်မှုကို ပေးနိုင်တဲ့ Butterfly Classic(Folding) Bed ကို သင့်အိပ်ခန်းအတွက် ရွေးချယ်လိုက်ပါ ။အလွယ်တကူ ခေါက်ချိုးလို့လည်းရ၊ သယ်ဆောင်ရလွယ်ကူတဲ့ စပရိန်မွေ့ရာအမျိုးအစား ဖြစ်ပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ ချည်သားပိတ်စနဲ့လည်း ချုပ်လုပ်ထားပါတယ်။ အမြင့် ၉ “ထုရှိပြီး စတီးစပရိန်ပေါင်း ၆၈၂ ခု ပါဝင်တဲ့အတွက် တာရှည်အသုံးခံပါတယ်။ အိပ်ခန်းကျဥ်းနေရင်တောင် လိုသလို ခေါက်လို့ရပြီး ခေါက်ချိုးလို့ရခြင်းကြောင့် သင့်အိပ်ခန်းအနေအထားကို ပြောင်းလဲနိုင်ပြီး စိတ်ရှုပ်ထွေးမှုတွေကို လျော့ကျစေနိုင်ပါတယ်။
အိပ်ရေးပျက်တာတွေများလာရင် ဘာတွေဖြစ်လာနိုင်မလဲ
အိပ်မရတဲ့ညတွေများလာရင် Insomnia လို့ခေါ်တဲ့ အိပ်ရေးပျက်တဲ့ရောဂါ ဖြစ်လာတတ်ပါတယ်။ ဒါရဲ့ ရေရှည်အကျိုးဆက်ကတော့ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေဖြစ်လာမယ်။ စိတ်မကြည်လင်တဲ့အတွက် အလုပ်မှာ low performance ဖြစ်လာမယ်။ ဦးနှောက်ကို လုံလောက်စွာ အနားမပေးမိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ သိသိသာသာလျော့ကျလာပြီး သတိလည်းခဏခဏ မေ့တတ်လာမယ်။ ကိုယ်ခံအား စနစ်တွေကျဆင်းနှုန်းမြန်လာပြီး ပြင်ပရောဂါလွယ်လွယ်ဝင်လာတတ်ပါတယ်။
ဒီလို အခြေအနေကနေ ကျော်လွန်နိုင်ဖို့ဆိုရင် တစ်နေ့တာ အလုပ်လုပ်ပြီး အိမ်ပြန်အနားယူတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် မွေ့ရာမျိုးနဲ့မှ အဆင်ပြေမယ်နော်။ နူးညံ့သော အိပ်စက်ခြင်းကို နှစ်ဆပေးစွမ်းနိုင်တဲ့ Angel (Double Feelings) Bed ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဂျာမနီနိုင်ငံမှတင်သွင်းသော ချည်သားပိတ်စဖြင့်ချုပ်လုပ်ထားပြီး တွန်းကန်အားကောင်းတဲ့ သိပ်သည်းဆအမြင့် ၃၄ ရှိ ရေမြှုပ်ပေါင်းသား 2 cm ပါဝင်တာကြောင့် ချိုင့်ဝင်သွားတာမျိုးမရှိဘဲ အေးမြညိမ့်ညောင်းတဲ့ အိပ်စက်မှုလေးကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် နှစ် ၂၀ အာမခံရှိတဲ့ စတီးစပရိန်ပေါင်း ၆၈၂ ခု လည်းပါ၀င်တဲ့အတွက် မွေ့ရာလည်းမြင့်၊ ကောင်းမွန်တဲ့အနားယူခြင်းခံစားချက်ကိုလည်း နှစ်ဆတောင် ရစေမှာနော်…
Shop App ရဲ့ Official Stores ဟာဆိုရင် အရည်အသွေးစစ်မှန်တဲ့ပစ္စည်းတွေကို အဓိကထား ရောင်းချပေးနေပါတယ်။ Sein and Mya Living Center ဟာဆိုရင်လည်း အရည်အသွေးကောင်းမွန်တဲ့ မွေ့ရာတွေကို Official Store အနေနဲ့ရောင်းချနေတာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်နော်….