7 Selfcare Tips For Your Beauty Routine At Home!

7 Selfcare Tips For Your Beauty Routine At Home!

အလုပ်ပိတ်ရက်နဲ့ အားလပ်ရက်တွေမှာ  အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေပြီး ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ စာဖတ်ခြင်း အစရှိတဲ့ ကိုယ်စိတ်၀င်စားတဲ့ အရာတွေနဲ့ အချိန်ကုန်ဆုံးတတ်သူများ ရှိတတ်ကြပါတယ်။ ဒါပေမဲ့တစ်ခါတစ်ရံမှာ ပုံမှန်လုပ်ဆောင်ဖြစ်နေတဲ့ လုပ်ငန်းစဥ်တွေကို ငြီးငွေ့လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ အခြေအနေမျိုးလည်း ရှိတတ်ကြပါတယ်။ 

ဒီလို ဖြစ်ရပ်နဲ့ ကြုံတွေ့နေပြီး  အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးစေမယ့် ပုံစံမျိုးကို ရှာဖွေနေကြတယ်ဆိုရင် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ မိမိကိုယ်ကို ပိုဂရုစိုက်ပြီး အလှအပအတွက် အချိန်ပေးခြင်းပါပဲ။ အိမ်မှာနေရင်း စိတ်အပန်းဖြေမှုကိုပေးခြင်း၊ ပျော်ရွှင်မှုအသစ် ရရှိနိုင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အိမ်မှာပြုလုပ်နိုင်မယ့် နည်းလမ်း ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရေချိုးခြင်းဖြင့် စတင်ပါ

အလုပ်ပင်ပန်းတဲ့အခါမျိုးတွေ၊ စိတ်လည်းမကြည်လင် လူကပါ မသန့်ရှင်းဘဲ ဖြစ်နေတဲ့အခါမျိုးမှာဆိုရင် ရေချိုးလိုက်ခြင်းဖြင့်  ရရှိတဲ့ စိတ်လန်းဆန်းမှုက ဘာနဲ့မှ တူနိုင်မယ်မထင်ပါဘူးနော်။ ရေချိုးကန်ထဲ အမွှေးရနံ့တွေထည့်ပေးခြင်း သို့မဟုတ် ကိုယ်ခန္ဓာကို မွှေးပျံ့စေတဲ့ ရေချိုးဆပ်ပြာ အသုံးပြုခြင်းဖြင့် စိတ်ရော ကိုယ်ပါ လန်းဆန်းမှုကို မြှင့်တင်လို့ရပါသေးတယ်နော်။

ဦးရေပြားကျန်းမာရေးအတွက် ခေါင်းလျှော်ပါ

ဦးရေပြား ကျန်းမာရေးကလည်း အရေးကြီးတဲ့အထဲပါလို့ မေ့လို့မရပါဘူးနော်။ မကြာခဏ ဦးရေပြား အဆီပြန်ခြင်း၊ ယားယံမှုနဲ့ ဆံသား ပြဿနာများ သက်သာစေအောင် တစ်ပတ်ကို နှစ်ကြိမ် ဆံသားကို အာဟာရဓာတ် ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပေါင်းဆေးကို အသုံးပြုပေးကာ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ပါပြီ။

မျက်နှာနဲ့ ခန္ဓာကိုယ်မှ ဆဲလ်သေများကိုဖယ်ရှားပါ

ညစ်နွမ်းပျက်ဆီးနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှ ဆဲလ်သေတွေကို ဖယ်ရှားဖို့ တစ်ပတ်ကို နှစ်ကြိမ် Exfoliate လုပ်ပေးရပါမယ်နော်။ ဒီလိုလုပ်ပေးခြင်းဖြင့် ချွေးပေါက်အတွင်းက အညစ်အကြေး၊ဖုန်မှုန့်နဲ့ မျက်နှာသစ်စဥ်က မပြောင်ဘဲကျန်ခဲ့တဲ့ မိတ်ကပ်အကြွငးအကျန်တွေကို  သန့်စင်စေပြီး ပိုမိုကြည်လင် တောက်ပြောင်တဲ့ အသားအရေကို ရရှိမှာပဲဖြစ်ပါတယ်နော်။

မျက်နှာကို ငြင်သာစွာ နှိပ်နယ်ပေးပါ

Skin Care Products တွေ အသုံးပြုတဲ့အခါ အရေပြားထဲ ပိုမိုစိမ့်၀င်သွားအောင် အသာအယာနှိပ်နယ်ခြင်းကို ပြုလုပ်ပေးရပါတယ်။ ဒါ့အပြင် တစ်ပတ်ကို နှစ်ကြိမ်မှသုံးကြိမ် Facial Massage လုပ်ပေးခြင်းက မျက်နှာကြွက်သားတင်းရင်းနေတာကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ပိုမိုနုပျို ကျန်းမာတဲ့ မျက်နှာရရှိဖို့ အထောက်အကူပြုနိုင်ပါတယ်နော်။

Face Mask ကပ်ပေးပါ

လွယ်ကူရိုးရှင်းပြီး အားစိုက်ထုတ်စရာမလိုဘဲ စိုပြေကြည်လင်တဲ့မျက်နှာလေးကို လိုချင်တယ်ဆိုရင်တော့ Face Mask ကပ်ပေးရပါမယ်နော်။ အရည်အသွေးကောင်းမွန်ပြီး မိမိရဲ့အသားအရေ အမျိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့ Face Mask က ချက်ချင်းသိသာတဲ့ ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်နော်။ 

လက်သည်း၊ခြေသည်းကို သန့်ရှင်းအောင်ထားပါ

လက်သည်း၊ ခြေသည်းတွေကြားထဲ အညစ်အကြေးနှင့် ပိုးမွှားများ ခိုအောင်းနိုင်ပြီး  ဘက်တီးရီးယားလည်း ပွားများလာနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကိုအနည်းဆုံး တစ်ကြိမ် လက်သည်းအောက်နဲ့အပေါ်ကို ဆပ်ပြာဖြင့် သန့်စင်ဆေးကြောပေးခြင်း၊ ညှပ်ပေးခြင်းဖြင့် သန့်ရှင်းသပ်ရပ်စွာ ထားပေးခြင်းက လက်သည်းအလှကို ကျန်းမာသန်စွမ်းစေရုံသာမက မလိုလားအပ်တဲ့ ပြင်ပရောဂါကူးစက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ရေး၀၀အိပ်ပါ

အကောင်းမွန်ဆုံးသော ကျန်းမာရေးနှင့် သုခချမ်းသာကို ထိန်းသိမ်းရန်အတွက် လုံလောက်သော အိပ်စက်ခြင်းက မရှိမဖြစ်လိုအပ်ပါတယ်နော်။ လေ့ကျင့်ခန်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မျှတသော အစားအသောက်ကို စားသောက်ခြင်းကဲ့သို့ပဲ အိပ်စက်ခြင်းကလည်း ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ ထိုအိပ်စက်ခြင်းက လူတစ်ယောက်ရဲ့ ပျမ်းမျှအိပ်ချိန်ဖြစ်တဲ့ ၈နာရီကြာ အနှောင့်ယှက်ကင်းကင်းနဲ့ နှစ်နှစ် ခြိုက်ခြိုက် အိပ်စက်ခြင်း ဖြစ်ဖို့တော့ လိုပါတယ်နော်။ 

ဒီလို အများကြီး အားစိုက်ထုတ်စရာမလိုဘဲ အလုပ်လည်းဖြစ်တဲ့ အိမ်တွင်း Self-care နည်းလမ်းတွေကို လိုက်လုပ်ဖြစ်မယ်ဆိုရင် အကျိုးလည်းမယုတ်ဘဲ ခန္ဓာကိုယ်သန့်ရှင်းကျန်းမာမှုရော စိတ်ပျော်ရွှင် ကျန်းမာမှုရော ရရှိမှာဖြစ်ပါတယ်နော်။

ကျန်းမာရေးနှင့် အလှကုန်ပစ္စည်းများစွာကို ဝယ်ယူပြီး မိမိကိုယ်ကို အကောင်းဆုံး ဂရုစိုက်ဖို့အတွက် မတ်လ ၆ မှ ၁၇ ရက်နေ့အတွင်း Shop App မှာ Selfcare Week ရှိနေပြီမို့ အခုပဲ ပါဝင်ဆင်နွှဲလိုက်တော့နော်…

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *