Everything You Need To Know About Micellar Waters

Everything You Need To Know About Micellar Waters

အဘက်ဘက်က တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ  ပျိုမေတို့အတွက် မိတ်ကပ်ပစ္စည်းတွေ အများကြီး ရွေးချယ်စရာ ရှိလာပါတယ်။ ထို့အတူပဲ အပြင်သွားရင် Sunscreen လေး လိမ်းသွားတာ၊ မိတ်ကပ်ပါးပါးလေး သုံးတာ၊ နှုတ်ခမ်းနီလေးဆိုးတာတို့ ပြုလုပ်တတ်ကြပါတယ်။ ဒီလို  မိတ်ကပ်လိမ်းထားပြီး သေချာပြန်မဖျက်မိတဲ့အခါ နောက်ဆက်တွဲအနေနဲ့ မျက်နှာမှာ ၀က်ခြံထွက်တာ၊ အမဲစက်တွေ ပေါ်လာတာ၊ Eye Products တွေကတစ်ဆင့် မျက်လုံးပိုး၀င်တာ၊ နှုတ်ခမ်းခြောက်တာ၊ နှုတ်ခမ်းကွဲတာ၊ အသားအရည်ကို မြန်မြန်အိုမင်းရင့်‌ရော်‌စေတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း မိတ်ကပ်ဖျက်ရမှာ အသားအရေထိန်းသိမ်းရမှာက ကိစ္စအရပ်ရပ်ကြောင့် ကြီးလေးတဲ့ တာ၀န်ကြီးတစ်ခုလို ဖြစ်နေတတ်ကြပါတယ်။

ဒီလိုဆိုးကျိုးတွေမဖြစ်တော့အောင်နဲ့ ပုံမှန်အသားအရေထိန်းသိမ်းဖြစ်လာအောင် မိတ်ကပ်ဖျက်ဆေး (Makeup Remover) အနေနဲ့သာမက Cleanser, Semi-moisturizer အနေနဲ့ပါ အသုံးပြုလို့ ရတဲ့ All-in-one Skin Care Product လေးတစ်ခုအကြောင်း ပြောပြပေးမယ်နော်။ 

သူကတော့ မိတ်ကပ်ဖျက်လို့ရပြီး ရေနဲ့တူတဲ့ အရည်လေးလို့ တော်တော်များများသိကြတဲ့ BIODERMA ရဲ့ Micellar Water လေးပဲဖြစ်ပါတယ်။ Micellar Water ကို 1995မှာ ပြင်သစ်ကုမ္ပဏီ BIODERMA က ပထမဆုံး စတင်ပြီး ရောင်းချခဲ့ပါတယ်။ BIODERMA ရဲ့ Micellar Waterက ကမ္ဘာ့ဈေးကွက်ထဲမှာ 28နှစ်တိုင်တိုင် ရပ်တည်နေတဲ့ Product လေး ဖြစ်ပါတယ်။

Micellar Water မှာ ဘယ်လိုပါ၀င်ပစ္စည်းတွေကြောင့်  ကောင်းကျိုးအာနိသင်တွေရှိတာလဲ?

သန့်စင်သောရေ၊ အသားအရည်ကို ရေဓာတ်ဖြည့်ပေးတဲ့ humectants၊ အညစ်အကြေးကို ဖယ်ရှားပေးတဲ့ micelles လို့ခေါ်တဲ့ surfactants အပျော့စား အစိုင်အခဲစုလေးတွေ ပါ၀င်ပြီး  Hydrophilic နဲ့ Lipophilic ဆိုတဲ့ အစွန်း ၂ဖက်ပါရှိပါတယ်။ Hydrophilic က ရေမှာပျော်၀င်နိုင်ပြီး Lipophilic ကတော့ အဆီတွေကို စုပ်ယူနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် မိတ်ကပ်ဖျက်ဖို့ အသုံးပြုတဲ့အခါမှာ လေထုကတစ်ဆင့် ကပ်ပါလာတတ်တဲ့ ဖုန်မှုန့် အညစ်အကြေးနဲ့ မျက်နှာပေါ်က Makeup ကို အလွယ်တကူ သန့်စင်နိုင်တဲ့ အာနိသင်ရှိပါတယ်။ အလားတူပဲ BIODERMA က ထုတ်တဲ့ Micellar Water ဟာဆိုရင်လည်း  အမှုန်အမွှားတွေကို 98% ဖယ်ရှားပေးပြီး Makeup ကို 99% အထိ သန့်စင်ပေးနိုင်ပါတယ်။  BIODERMA က Micellar Water အစိမ်းရောင်နဲ့ ပန်းရောင်နှစ်မျိုးကို မြန်မာနိုင်ငံမှာ တင်သွင်းပြီး တစ်မျိုးဆီက မတူညီတဲ့ အာနိသင်တွေ ရှိပါတယ်။

အစိမ်းရောင်က ဘယ်လိုအသားအရေအတွက် ထိရောက်တာလဲ?

 အစိမ်းရောင်က Sebium H2O ဖြစ်ပြီးတော့ Combination, Oily နဲ့ Blemished Skin တို့အတွက်ပဲဖြစ်ပါတယ်။ မျက်နှာပေါ်ရှိ မိတ်ကပ်တွေကို ဖယ်ရှားနိုင်တဲ့အပြင် အရေပြားကိုပါ တစ်ခါတည်းသန့်စင်ပေးလို့ အဆီဖုနဲ့ ၀က်ခြံထွက်ခြင်းမှ သက်သာစေပါတယ်။ အဆီပိုတွေကို ဖယ်ရှားဖို့ အဓိကထုတ်ထားလို့ အဆီဂလင်းတွေမရှိတဲ့ မျက်လုံးနားတစ်၀ိုက်ကို မသုံးလည်းရပါတယ်။

ပန်းရောင်ကရော ဘယ်လိုအသားအရေအတွက်လဲ?

Sensibio H2O ဖြစ်တဲ့ ပန်းရောင်ကတော့ အသားအရေကို ပျက်ဆီးစေတဲ့ chemical လုံး၀ မပါ၀င်လို့ Normal Skin သာမက ထိခိုက်လွယ်တဲ့ အသားအရေအတွက်ပါ အသုံးပြုလို့ရတဲ့အပြင် မျက်လုံးနားတစ်၀ိုက်ရှိ မိတ်ကပ်တွေပါ ထိရောက်စွာ ဖယ်ရှားလို့ရပါတယ်။ ဒါ့အပြင် အညစ်အကြေး၊ အမှုန်အမွှားတွေကို ညင်သာစွာ သန့်စင်ပေးနိုင်ပြီး Skin Barrier ကိုလည်း ကြံ့ခိုင်စေပါတယ်။

Micellar Water ကို ဘယ်လိုအသုံးပြုမလဲ?

Micellar Water က  မိတ်ကပ်ဖျက်ရုံသာမက မိတ်ကပ်ညှိဖို့၊ Workout လုပ်ပြီး ချွေးထွက်တဲ့အခါ ချွေးသုတ်ဖို့အတွက်လည်း အသုံးပြုနိုင်တဲ့အပြင် ရေမလိုဘဲ အလွယ်တကူအသုံးပြုလို့ရပါတယ်နော်။

အသုံးပြုနည်းအဆင့်ဆင့်ကတော့ –

အဆင့် (၁) – ဂွမ်း (သို့မဟုတ်) cotton pad ဖြင့် Micellar Waterကို အသုံးပြုပါ။

အဆင့် (၂) – မျက်နှာနှင့် မျက်လုံးကို ဂွမ်းဖြင့် ညင်သာစွာ ပွတ်ပေးပါ။

အဆင့် (၃) – လိမ်းထားတာ ကြာနေတဲ့ Makeup (သို့မဟုတ်) Makeup သားထူနေခဲ့ရင်

မျက်ခွံပေါ်မှာ Seconds နည်းနည်းကြာကြာ ကပ်ထားပေးပါ။

အဆင့် (၄) – လည်ပင်းနေရာလည်း မမေ့ပါနဲ့နော်။

အဆင့် (၅) – သူ့ရဲ့ ထူးခြားချက်ကတော့ ရေအသုံးပြုစရာမလိုဘဲ ဆေးချဖို့လည်း မလိုဘူးနော်။ 

BIODERMA Micellar Water ကို နည်းလမ်းမှန်မှန်နဲ့ အသုံးပြုပြီးရင် ဘယ်လိုကောင်းကျိုးတွေရနိုင်လဲ?

(၁) ရေဓာတ်ဖြည့်ပေးခြင်း

(၂) အဆီနဲ့ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း

(၃) အသားအရည်မရွေးအသုံးပြု၍ အဆင်ပြေခြင်း

(၄) မျက်နှာကြည်လင်တောက်ပစေခြင်း

(၅) ၀က်ခြံပြဿနာကို ဖြေရှင်းပေးခြင်း

(၆) မျက်နှာက သဘာ၀အဆီများကို မဖယ်ရှားပစ်ခြင်း

Micellar Water အကြောင်းပြောပြပြီးပြီဆိုတော့ မိတ်ကပ်ဖျက်ရင်ပဲဖြစ်ဖြစ်၊ ဖုန်မှုန့်တွေ ဖယ်ရှားရင်ပဲဖြစ်ဖြစ် မျက်နှာအသားအရေ ထိခိုက်မှုမျိုးဖြစ်စေတတ်တဲ့ အလွယ်နည်းလမ်းတွေ မလိုက်ဘဲ  အချိန်ကုန်လည်းသက်သာ၊ သယ်ရလည်းလွယ်ကူတဲ့အပြင် သုံးရတာလည်း အဆင်ပြေချောမွေ့တဲ့ Micellar Water ကို သုံးဖို့ မမေ့ပါနဲ့နော်။

Reference from https://www.bioderma.us/your-skin/skin-cleansing/all-there-know-about-micellar-waters

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *