Cool Gaming Gadgets & Stuffs You Need To Buy in 2023

Cool Gaming Gadgets & Stuffs You Need To Buy in 2023

ယေဘုယျအားဖြင့် သင်ဟာ Game ဆော့ရတာ ၀ါသနာပါတဲ့လူဖြစ်လျှင် အကြိုက်နှစ်သက်ဆုံး Video Games နဲ့ PC Games တွေကို အနှောင့်အယှက်ကင်းကင်းနဲ့ အဆင်ပြေချောမွေ့စွာဆော့နိုင်ဖို့က သင့်ရဲ့ အိပ်မက်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ 

ဒီလိုဆိုရင် Game ဆော့တဲ့အခါ သင့်မှာ  Gaming Gadgets ကောင်းကောင်းရှိဖို့က အရေးကြီးပါတယ်။ တစ်ဖက်မှာလည်း သင်ဟာ Budget ခြွေတာဖို့ လျှော့ဈေးနဲ့ ရနိုင်မယ့် ထိုပစ္စည်းတွေကို ရှာဖွေနေလိမ့်မယ်လို့ ထင်ပါတယ်။

ဒီ လိုအင်ဆန္ဒတွေ အကုန်လုံးကို  Shop App မှာ Official Store အဖြစ် ဖွင့်လှစ်ထားတဲ့  Fantech က ဘယ်လို ပစ္စည်းကောင်းတွေနဲ့ ဖြည့်ဆည်းပေးနိုင်မလဲဆို Shop Life Blog မှတစ်ဆင့် လေ့လာကြည့်ရအောင် နော်။

Fantech RGB Gaming Keyboard K511

Keypress တစ်ချက်ချင်းစီအတွက် High Speed Response Rate ရှိပြီး အချက်ပေါင်း ၈ သန်းအထိ အသုံးပြုနိုင် ပါတယ်။ Teammate အချင်းချင်း စာရိုက်ပြီး ဆက်သွယ်ပြောဆိုတဲ့အခါမှာလည်း Typing မြန်ဆန်ပြီး Window Key မှားဖိမိလို့ Game အပြင်ကို ထွက်သွားတဲ့ အခက်အခဲမျိုးတွေလည်း မရှိအောင် Window Key Lock Feature လေးလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် 19 Keys Anti-Ghosting, Rainbow Color Backlit နဲ့ 1.4 meter ရှည်လျားတဲ့ Cable လည်းပါ၀င်တဲ့အတွက် အကြိုက်တွေ့စေမယ့် Gaming Keyboard လေးပဲဖြစ်ပါတယ်။

Fantech Macro Gaming Mouse X16

အကြမ်းခံပြီး သက်တမ်းကြာကြာအသုံးပြုနိုင်တဲ့အပြင် ကိုယ့်ရဲ့လက်လှုပ်ရှားမှုနဲ့အညီ Character ကို လွယ်ကူလျင်မြန်စွာနဲ့ ရွေ့လျားမှု ပြုလုပ်နိုင်ပါတယ်။ PC ကနေ ချိတ်ပြီး သုံးလို့ရမယ့် Program နဲ့ တွဲသုံးနိုင်မှာဖြစ်ပြီး  Technical Specification ကောင်းတွေလည်း ပါ၀င်ပါတယ်။ သာမန် Mouse နဲ့မတူတာကတော့ Left and Right Click အပြင် 2x Thumb ၊ DIP နဲ့ RGB တို့လည်းပါ၀င်လို့ Mouse တစ်ခုတည်းမှာပဲ Function အစုံပဲနော်။ Click အရေအတွက် 10 million တောင်မို့ Game ကို တစ်၀ကြီးဆော့နိုင်ပါပြီ။

Fantech RGB Gaming Mouse Pad MPR800s

Gaming Mouse ကို ပိုပြီး အဆင်ပြေချောမွေ့စွာ ရွေ့လျားနိုင်ဖို့ အောက်ခံ Mouse Pad ကလည်း မရှိမဖြစ်ပါပဲ။ Smooth Surface နဲ့ ရာဘာအောက်ခြေတို့ကြောင့် ဖိတွန်းရင်တောင် နေရာမရွေ့တဲ့အပြင် စိတ်တိုင်းကြိုက်  Mouse ရွေ့လျားမှုကို ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ RGB အရောင် ၁၄မျိုးကိုမှ Size 800 x 300 x 4mm ရှိလို့ Mouse တင်မက Keyboard အောက်ခြေကိုပါ ထိခိုက်မှုမရှိအောင် Keyboard ပါ တင်ထားလို့ရပါတယ်။

Fantech 2.1 Gaming Headset HQ54

Noise Canceling Microphone နဲ့ Inline Audio Control Hub နှစ်မျိုးလုံးပါ၀င်လို့ အပြင်သံ အထဲကိုမကြားရသလို အထဲသံလည်း အပြင်မထွက်အောင် လုံတာမို့ game ကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ အာရုံစိုက်ပြီးဆော့လို့ရပါတယ်။ အလေးချိန် 203 gram သာရှိတဲ့ ပေါ့ပါးတဲ့ Headset မို့ အချိန်ကြာကြာ Game ဆော့မိတဲ့အခါမှာလည်း နားရွက်နာတာမျိုးမဖြစ်ပါဘူး။ Mobile Phone တွေနဲ့ အသုံးပြုနိုင်တဲ့အပြင်  PC ၊  Laptop ၊ Xbox ၊ PlayStation နဲ့ Nintendo Switch တို့မှာပါအသုံးပြုနိုင်တဲ့ Over-Ear Design Multi-platform Gaming Headset ဖြစ်လို့ Gamer တို့ အကြိုက်တွေ့စေမှာအမှန်ပဲနော်။

Fantech Gaming Chair GC191

အများအားဖြင့်  Game တစ်ပွဲက အနည်းဆုံး နာရီ၀က်အထက် ကြာတတ်ပါတယ်။ ဒီတော့ အချိန်အကြာကြီး ထိုင်မိတဲ့အခါ အညောင်းမိတာမျိုးမဖြစ်အောင် သက်တောင့်သက်သာရှိပြီး ဇိမ်ကျတဲ့ Gaming Chair လည်းရှိသင့်ပါတယ်။ ဆိုတော့ Fantech ရဲ့ Gaming Chair GC191 ဟာဆိုရင်  လက်တန်း ချိန်ညှိမှု ၂မျိုး ပါဝင်ပြီး နောက်ကို ၁၇၀ ဒီဂရီထိ လှဲချလို့ရတဲ့အပြင်  Class 4 Hydraulic Piston ကို အသုံးပြုထားတဲ့ သတ္တု အထိုင်ကြောင့် အကြမ်းခံပြီး အချိန်ကြာမြင့်စွာ အသုံးပြုလို့ရပါတယ်။

Fantech Professional Condenser Microphone MCX01

Game ကို အပျော်တမ်းမဟုတ်ဘဲ Professional ကျကျဆော့မယ်ဆိုရင်တော့ Microphone က လိုအပ်လာပါလိမ့်မယ်။ Fantech Condenser Microphone MCX01 က Frequency Response 20Hz-20kHz ရှိလို့ Game Stream တဲ့အခါ အသုံးပြုဖို့ သင့်တော်ပါတယ်။ Foldable Tripod ပါလို့ Microphone ကို ထားချင်တဲ့နေရာမှာ Stable ဖြစ်အောင်ထားလို့ရပါတယ်။ Cardioid Polar Pattern လည်းပါ၀င်လို့ မလိုချင်တဲ့ ပြင်ပအသံကို လျှော့ချပေးနိုင်တဲ့အတွက် Live လွင့်တဲ့အခါမှာ အကောင်းဆုံးဖြစ်စေပါတယ်။

သင်လိုချင်သမျှနဲ့ လိုအပ်သမျှက Fantech မှာရှိနေတာမို့ ၁၀၀ % ပစ္စည်းစစ်မှန်တဲ့ Gaming Gadgets တွေကို  Official Stores မှတစ်ဆင့် ယုံကြည်စိတ်ချစွာ ၀ယ်ယူလိုက်တော့နော်။

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *