Let’s Color The Fashion Look With Converse!

Let’s Color The Fashion Look With Converse!

Fashion ဆိုတာ အလှအပရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ မျက်နှာအလှပြီးရင် ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှုတွေက အရမ်းကို အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသပဲနော်။ ဆံပင်နဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်များဟာ သင့်ရဲ့ ယုံကြည်ချက်ကို ကိုယ်စားပြုပြီး သင့်ရဲ့ တစ်နေ့တာကို အကောင်းဆုံးဖြစ်ကျော်နိုင်ဖို့က မလွဲဧကန်ပါပဲ။

ယခုခေတ် လူကြီးလူငယ်တိုင်းဟာ ဖက်ရှင်ကို အရင်ကထက် ပိုမိုအလေးထားလာကြပြီး ဆန်းသစ်တဲ့ အမြင်သစ်တွေနဲ့အတူ လူငယ်တိုင်းဟာလည်း ဖက်ရှင်ကို ဆန်းသစ်လာကြပါတယ်။

ခေတ်လူငယ်တွေရဲ့ အမြင်ကို လုံး၀လက်ခံထားပြီး လူကြီးလူငယ်တွေကြား ရေပန်းစား နာမည်ကြီးနေတဲ့ Converse Shoes တွေနဲ့တွဲဖက်ပြီး ဘယ်လိုလိုက်ဖက်တဲ့ outfits မျိုးတွေရှိမလဲဆိုတာ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ 

လူငယ် လူလတ်ပိုင်း အမျိုးသားတို့ အကြိုက်နဲ့ အနီးစပ်ဆုံး Outfit Look တွေကတော့-

Casual Look Outfit

Casual Look အများစုက ပေါ့ပါးရိုးရှင်းတဲ့ ပုံစံမျိုးရှိကြပါတယ်။ ဒီတော့ ထသွားထလာပုံစံနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ White T shirt နဲ့ မိုးပြာရောင် Slim Fit Jeanကိုတွဲဖက်၀တ်ဆင်မယ်။ စီးရတာ သက်တောင့်သက်သာရှိတဲ့ CONVERSE CHUCK 70 VINTAGE CANVAS HI GREYကို ရွေးချယ်မယ်။ ဒီသုံးမျိုးကို ပေါင်းစပ်လိုက်တဲ့ ရလဒ်က  တကယ်ကို အမြင်ရိုးရှင်းတဲ့ Vibe မျိုးနဲ့ Casual Look ကိုရစေ ပါတယ်။ 

Casual Look Outfit

Teenage Look Outfit

Teenage Look က လည်း Casual Look နဲ့ဆင်တူပါပဲ။ သင်တို့အကြိုက်ဆုံး Tight Fitting Jean ဖြစ်တဲ့ Skinny Jean Pant  နဲ့ Sweater က ဆယ်ကျော်သက် လူငယ်လေးတွေ ရွေးချယ်သင့်တဲ့ Fresh ဖြစ်တဲ့ Outfit တစ်စုံပဲဖြစ်ပါတယ်။ Low Top Sneaker type ဖြစ်တဲ့ CONVERSE CHUCK 70 VINTAGE CANVAS OX GREY လေးပါ ထပ်ပေါင်းပြီး တွဲဖက်၀တ်ဆင်လိုက်မယ်ဆိုရင်ဖြင့် တက်ကြွပြီး သန့်ရှင်းတဲ့ လူငယ်အဖြစ် ပေါ်လွင်နေမှာပါ။ 

Teenage Look Outfit

Korean Style Outfit

K pop နဲ့ Korean Culture ဟာ ယခုခေတ် လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေကြား ရေပန်းစားလာပြီး  Korean Style Fashion အတိုင်း ၀တ်စားကြတဲ့လူငယ်လေးတွေလည်း များပြားလို့လာပါတယ်။ ဒီတော့ Warm နဲ့ Charming ဖြစ်တဲ့ Korean Outfit Look လေးကိုရရှိဖို့ဆိုရင် ကာလာ ဆန်းဆန်းလေးတွေကို ရွေးချယ် သင့်ပါတယ်။ ဒီနေရာမှာ အကြံပေးချင်တဲ့ Outfitကတော့ သူတို့နိုင်ငံရာသီအတိုင်း ၀တ်ဆင်ကြတဲ့  Sweaterနဲ့ Jean Pant အဖြူရယ် ဖြစ်ပြီး  CONVERSE CHUCK 70 OX CREAM sneaker နဲ့ တွဲဖက် ၀တ်ဆင်ကာ  အားလုံးရဲ့ ရှေ့မှာ သစ်လွင်နုပျိုတဲ့ လူငယ်တစ်ယောက်အဖြစ် လျှောက်လှမ်းလိုက်တော့နော်။ 

Teenage Look Outfit

90s Fashion

Converse sneaker နဲ့ အလိုက်ဖက်ဆုံး Fashion ကိုပြောပါဆိုရင် 90s Fashion က ရှေ့ဆုံးကပေါ့။ တစ်ခေတ်တစ်ခါက အမျိုးသားတွေကြား နာမည်ကြီးခဲ့တဲ့ Outfit ဟာဆိုရင် ယခု ၂၁ ရာစု လူငယ်တွေကြား 90s Fashion ဟူ၍ အားလုံးအရှေ့ ပြန်လည်ရောက်ရှိလာပါပြီ။ Leather Jacket, Classic Blue High Waist Jean   နဲ့ Tee Shirt က 90s Fashion ရဲ့ Signature ပဲပေါ့။ ဒါကိုမှ CONVERSE CONS CTAS PRO SUEDE HI BLACK ကိုပါ ဒီ Outfit တွေနဲ့ တွဲဖက်လိုက်မယ်ဆို 90s Vibe က အပြည့်ပဲနော်။ 

90s Fashion

ကဲ အခုဆို Converse Sneaker တစ်မျိုးတည်းနဲ့ မိမိုက်တဲ့ Outfit Look တွေ ထွက်လာပြီနော်။ Shop App မှာ Sneaker အပြင် Converse ရဲ့ ဖက်ရှင်ပစ္စည်းအစုံကို Shop App ရဲ့ Converse Myanmarစတိုး ဝယ်ယူနိုင်ပါပြီနော်။

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *