Morning Skincare Routine For Healthy Skin with Garnier

Morning Skincare Routine For Healthy Skin with Garnier

ဘ၀မှာ လုပ်ကိုင်စရာများလာတာနဲ့အမျှ ကျွန်ပ်တို့တွေဟာ မနက်ပိုင်းမှာ ပြုလုပ်ရမယ့်အချက်တွေကို လျစ်လျူရှုမိတတ်ကြပါတယ်။ ဒီထဲမှာမှ အသားအရေထိန်းသိမ်းတာကိုလည်း မလုပ်ဖြစ်ကြပါဘူး။ Skin Caring သေချာမလုပ်ဘဲ အပြင်သွားတိုင်း Makeup တစ်မျိုးပဲ အပေါ်ယံလိမ်းသွားမယ်ဆိုရင် ကြာလာတာနဲ့အမျှ အသားအရေက မညီညာဘဲ ပျက်ဆီးလာမှာပါ။ သန့်ရှင်းပြီး ကြည်လင်တောက်ပတဲ့ အသားအရေကိုပိုင်ဆိုင်ဖို့အတွက် မနက်တိုင်းအသားအရေထိန်းသိမ်းတာက အရမ်းကို အရေးကြီးတဲ့ အချက်တစ်ချက်ပါ …

Garnier ရဲ့ Skin Care Products တွေနဲ့အတူ မနက်ပိုင်း အသားအရေကို ဘယ်လိုထိန်းသိမ်းပြီး GLOW SKIN ရရှိနိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်နော် … 

Step 1 – Cleanse Your Face

မနက်အိပ်ရာနိုးနိုးချင်း ညအိပ်ရာ၀င်တုန်းက ကျန်ခဲ့တဲ့ မျက်နှာထဲက အညစ်အကြေးအဆီအနှစ်ကို သန့်စင်ဖို့ cleansing နဲ့ မျက်နှာသစ်ခြင်းက ပထဆုံးလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ Garnier Bright Complete Brightening Foam ကို အနည်းငယ်ခန့်လက်ထဲသို့ထည့်ပြီး မျက်နှာကိုညင်သာစွာ ပွတ်လိမ်းပေးပါ။ မျက်နှာပေါ်ရှိ အညစ်အကြေးများကို လွယ်ကူ ညင်သာစွာ သန့်စင်ပေးပြီး သိသာစွာ ၀င်းမွတ် ကြည်လင်သော အသားအရေကို ပိုင်ဆိုင် နိုင်ပါသည်။

Step 2 – Toner for Double Cleansing & Toning

သဘာ၀အတိုင်း လှပသန့်စင်ပြီး လန်းဆန်းတောက်ပတဲ့ မျက်နှာလေးကို ရရှိဖို့ မနက်ခင်းအသားအရေ ထိန်းသိမ်း မှုရဲ့ ဒုတိယမြောက်လုပ်ဆောင်ရမယ့် Toner ရဲ့အလှည့်ရောက်လာပါပြီ။ Garnier Bright Complete Milky Brightening Toner က နို့ရည်ပုံစံ Toner ဖြစ်သည့်အတွက် အထိအတွေ့က နူးညံ့ချောမွေ့ သည့်အပြင် အသားရေရဲ့ Ph Level ကို ထိန်းညှိပြီး ချွေးပေါက်ကျဥ်းကာ Double Cleansing လုပ်ပေးတယ်။ ချွေးပေါက် အတွင်းပိုင်းထိ သန့်စင်ပေးရင်း Pure Lemon Essence ကြောင့် အစက်အပြောက်ကင်း ၀င်းမွတ်ကြည်လင်စေပါတယ်။ မျက်နှာသစ်ပြီးတိုင်း Cotton Pad လေးနဲ့ ညင်သာစွာ သုံးပေးဖို့ လိုတယ်နော်။

Step 3 – Use a Serum mask

Serum mask မကပ်ခင် သိထားရမယ့် ရှောင်ရန်အချက်နှစ်ချက်ကတော့ အညွှန်းထဲက အချိန်အတိုင်း ( များသောအားဖြင့် ၁၅ မိနစ် နဲ့ မိနစ် ၂၀ ၀န်းကျင် ) ထက်ပိုပြီး mask ကိုမကပ်မိစေဖို့နှင့် mask ကပ်ပြီးပြီးချင်း မျက်နှာကို ရေနဲ့ဆေးကြောခြင်းကို လုံး၀ မပြုလုပ်သင့်ပါ … ဒီလိုတွေ လုပ်မိလိုက်ခြင်းအားဖြင့် အသားအရေ အတွက် Serum Mask က ပေးတဲ့ ကောင်းမွန်တဲ့အာဟာရတွေကို ပြန်လည်စုပ်ယူသွားနိုင်ပါတယ် … မလုပ်ရမှာတွေသိပြီဆိုတော့ ကိုယ့် skin type ပေါ်မူတည်ပြီး အသုံးပြုရမယ့် mask အမျိုးအစားတွေကို ပြောပြပေးသွားပါမယ်။

Dry Skin Type အတွက်

ကိုယ့်ရဲ့အသားအရေက ခြောက်သွေ့တဲ့ အသားအရေဆိုလျှင် ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ mask အမျိုးအစားကို အသုံးပြုရပါမယ်။ သဘာ၀သလဲသီး အဆီအနှစ်တွေပါ၀င်တဲ့ Garnier Hydra Bomb Pomegranate Serum Sheet Mask က သင့်မျက်နှာကို ရေဓာတ်အပြည့်အ၀ ဖြည့်တင်းပေးနိုင်လို့ အသားအရေရဲ့ အစိုဓာတ်ကို ပြန်လည်ရရှိမှာဖြစ်ပြီး နူးညံ့အိစက်တဲ့ မျက်နှာလေးကိုရရှိလာမှာပါ။

Oily Skin Type အတွက်

အမြဲတမ်းအဆီပြန်နေတဲ့အသားအရေဆိုရင်တော့ အဆီပြန်မှုကို ထိန်းသိမ်းပေးနိုင်တဲ့ maskကို အသုံးပြု သင့်ပါတယ်။ Garnier Hydra Bomb Purifying Serum Sheet Mask ကို အသုံးပြုပေးခြင်းဖြင့် အဆီပြန်ခြင်းကို ထိန်းပေးနိုင်ပြီး အဆီဖုကတစ်ဆင့် ၀က်ခြံဖြစ်ပွားမှုမှလည်း ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် Mask ထဲမှာပါတဲ့ Green Tea ကလည်း မျက်နှာအသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေ ကောင်းမွန်အောင်လည်း ကုသပေးနိုင်ပါတယ်။

Combination Skin Type အတွက်

 Combination skin type အတွက်ဆိုရင်တော့ Garnier Charcoal Glow Reviving Serum Mask က သင့်တော်ပါတယ်။ အဆီပြန်တဲ့ အသွင်အပြင်ကို လျှော့ချပေးကာ မညီညာ မွဲခြောက်သော အသားအရေကို ထိန်းညှိပေးပြီး ချွေးပေါက်များကို နက်ရှိုင်းစွာ သန့်စင်ပေးသောကြောင့် မျက်နှာကို ပုံမှန်အတိုင်း ကြည်လင်စေပါတယ်။

အသားအရေညီညာမှုမရှိဘဲ မွဲခြောက်နေတဲ့ အခြေအနေအတွက်

သင့်အသားအရေက ဘယ် skin type ထဲမှာပါနေပစေ စိတ်ဖိစီးမှု၊ နေရောင်ဒဏ်အကြာကြီးခံမှု၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံတို့ကြောင့် အသားအရေက လန်းဆန်းမှု မရှိတော့ပဲ ညစ်နွမ်းမွဲခြောက်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆို မျက်နှာကို ချက်ချင်းကြည်လင်ပြီး အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ serum mask အမျိုးအစားကို ရွေးချယ်ဖို့ လိုလာပါပြီ။ Garnier Bright Complete Brightening Serum Mask က  ကုသပေးဖို့ အဆင်သင့်ရှိနေပါတယ်။  Hyaluronic Acid Serum ပါဝင်မှုကြောင့် အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး တစ်ပတ်အတွင်း သိသိသာသာ စိုပြေ၀င်းပစေပါတယ်။ 

Step 4 – It’s Time For Serum!

အစက်အပြောက်ကင်း ၀င်းမွတ်ကြည်လင်သော အသားအရေအတွက် အသားအရေ အောက်ဆုံးလွှာအထိ စိုစိုကြည်ကြည်လေး လှနေဖို့ အကောင်းဆုံးကတော့ Booster Serum လေးပါ လိမ်းပေးတာပါပဲ။ Serum ကို မျက်နှာအနှံ့အစက်ချပြီး လက်ချောင်းထိပ်လေးတွေကို အသုံးပြုကာ မျက်နှာအတွင်းထဲစိမ့်၀င်သွားအောင် နေရာမလပ် မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးရပါမယ်။ အကျိုးဆက်ကတော့ တင်းတိတ်၊ ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ သိသိသာသာလျော့ပါးသွားတာကို တွေ့ရပါလိမ့်မယ်။ အသားအရေတိုင်းအတွက် သင့်တော်ပြီး sensitive skin များလည်း အသုံးပြုနိုင်တဲ့  Garnier New Bright Complete Booster Serum With Vitamin C နဲ့ဆို ကွက်တိပဲပေါ့။

Step 5 – M For Moisturizer

အရည်အသွေးကောင်းမွန်တဲ့ Moisturizer ကိုအသုံးပြုခြင်းက သင့်ကို သိသာထင်ရှားတဲ့ ရလဒ်ကိုရစေမှာပါ။   အသက်ကြီးလာတာနဲ့အမျှ ပုံမှန် အသားအရေ ထိန်းသိမ်းမှု မရှိလျှင် မွဲခြောက်ပြီး အိုမင်းရင့်ရော် လာနိုင်ပါတယ်။ ဒါတွေကို ဆန့်ကျင်ဖို့အတွက် Garnier Bright Complete Brightening YUZU Day Cream ကို အောက်ကနေ အပေါ် ပြန်ပင့်တင်ပြီး ငြင်ငြင်သာသာ လိမ်းပေးရပါမယ်။ ဒီ cream မှာပါတဲ့ ထူးခြားချက်တွေကတော့ စေးကပ်မှုမရှိဘဲ အသားအရေထဲ လွယ်ကူစွာ စိမ့်၀င်နိုင်တယ်။ King Of Lemon ဟုခေါ်တွင်ရသော citrus fruit များထဲတွင် Vitamin C ပါဝင်လို့ အသားအရေကို အမြန်ဆုံး ဖြူဝင်းစေပါ တယ်။ 

Step 6 – Sun protection is Last Hit

နောက်ဆုံးအဆင့်အနေနဲ့ကတော့ နေရောင်ဒဏ်ကြောင့် အသားအရေညိုညစ်မှုမှ ကာကွယ်နိုင်အောင် sunscreen လိမ်းရတာပါပဲ။ Garnier Bright Complete Super UV Matte Spot Proof Sunscreen ဟာဆိုရင် SPF 50 PA++++ ပါ၀င်တဲ့အတွက် UVA နဲ့ UVB ကြောင့်ဖြစ်ပေါ်တတ်တဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုနဲ့ အမည်းစက်တို့မှ ကာကွယ်ပေးနိုင်ပြီး အသားအရေကို ပိုမိုဖြူ၀င်းစေပါတယ်။ Sunscreen လိမ်းတဲ့အခါ လက် ၂ ချောင်းစာ အပြည့်ထည့်ပြီး မျက်နှာတစ်ခုလုံး အနှံ့လိမ်းပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကွက်ကျန်နေခဲ့မယ်ဆိုရင်တော့ ကျန်ခဲ့တဲ့နေရာက နေလောင်ပြီး မိတ်ကပ်လိမ်းသည့်အခါတွင်လည်း မိတ်ကပ်သား မညီတော့ပဲ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေမှာမို့ အထူးသတိပြုရပါမယ်။ 

ကဲ ဒါတွေအကုန်ပြီးပြီဆိုရင်တော့ တစ်ရက်တာကို ယုံကြည်သွက်လက်စွာ ဖြတ်သန်းနိုင်ပါပြီ။ Shop App မှာလည်း Garnier products မျိုးစုံ အလွယ်တကူ ၀ယ်ယူလို့ရတာမို့ သင့်ရဲ့ online shopping အတွက် အကောင်းဆုံး လက်တွဲဖော်အဖြစ် Shop App ကို ရွေးချယ်လိုက်တော့နော်။ 

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *