Are Your Fashion Choices Right?

Are Your Fashion Choices Right?

တိုးတက်နေတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ သင့်ရဲ့ ဖက်ရှင်အမြင်တွေကရော တိုးတက်လာရဲ့လား? ဖက်ရှင်ဆိုတာဟာ လက်ရှိ style ကနေ ခေတ်ဆန်တဲ့ လူသစ်တယောက်အဖြစ် လုံး၀ကွဲထွက်သွားအောင် ဖန်တီးနိုင်ပါတယ် … 

Mix Fashion Brand က သင့်ရဲ့ မတူညီတဲ့ တစ်နေ့တာ ဖြတ်သန်းမှုနဲ့လိုက်ဖက်ညီမယ့် outfit တွေကို အကြံပေးဖော်ပြထားတာမို့  Style ကျပြီး မိမိုက်ဖို့အတွက် Mix ကိုမေ့ထားလို့မရဘူးနော်။ 

Mix Fashionကို စတင်ခဲ့တာ ၆နှစ်ရှိပြီဖြစ်ပြီး အမျိုးသားအမျိုးသမီး၀တ် ထိုင်းနိုင်ငံထုတ် products အများစုကို ခေတ်နဲ့တစ်ပြေးညီ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ Shop App မှာလည်း Official Stores အဖြစ် ဖွင့်လှစ်ထားတာဖြစ်လို့ ယုံကြည်စွာဖြင့် ဝယ်ယူနိုင်ပါပြီ။

Party Chill Outfits

သင်ရွေးချယ်လိုက်တဲ့ အ၀တ်အစားက လှရုံပဲလှပြီး စိတ်ကျဥ်းကျပ်စေမယ့်အ၀တ်အစားဆိုရင် လူအများရှေ့မှာ အဆင်မပြေဖြစ်ပြီး Party night ကို ကောင်းကောင်းဖြတ်သန်းလို့ရမှာမဟုတ်ပါဘူး။ ဒီတော့ အမြင်လှရုံတင် မဟုတ်ဘဲ ပေါ့ပါးလွတ်လပ်မှုကို ကိုယ်စားပြုတဲ့ ဖက်ရှင်နဲ့အတူ သင့်ကို ထင်ရှားပေါ်လွင်စေတဲ့ ကာလာတွေကို ရွေးချယ်ဝတ်ဆင်ပြီး Party ရဲ့ ဂီတနဲ့အတူ လိုက်ပါစီးမျောကခုန်နိုင်ပါပြီ။

Party Chill Outfits

Fashions That Need To Reach The Beach

သာယာလှပတဲ့ ကမ်းခြေနဲ့အတူ သင့်ရဲ့ ဖက်ရှင်တွေဟာလည်း လိုက်ဖက်နေမှ ဖြစ်မှာပေါ့ … ကမ်းခြေရောက်ချိန်မှာ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်မျိုးကို နံပါတ် (၁) ဦးစားပေးရွေးချယ်သင့်ပြီး အရောင်အသွေးစုံတဲ့ Shirt နဲ့ ဘောင်းဘီတို အတွဲလေးကတော့ အလိုက်ဖက်ဆုံးပေါ့ … လူငယ်ဆန်ပြီး ပေါ့ပါးသွက်လက်တဲ့ ဖက်ရှင်ဖြစ်စေဖို့ကို အဓိကထားရွေးချယ်သင့်ပြီး အရောင်ဆန်းလေးတွေက သင့်ကို ဓါတ်ပုံရိုက်ချိန်မှာ ပိုမို ပေါ်လွင်စေမှာပါ ။

Fashion That Need To Reach The Beach

Elegant and Classy Office-wear

လုပ်ငန်းခွင်မှာ ဩဇာညောင်းပြီး တည်ကြည်ခန့်ညားတဲ့ သင့်ကို ပေါ်လွင်စေဖို့ရာအတွက်ဆို Office-wear ဖက်ရှင်တွေက အရေးအကြီးဆုံးပါပဲ … သင့်ရဲ့ မျက်လုံးကို ရှုပ်ထွေးစေတဲ့ကာလာအစပ်အဟပ် တွေအစား ရိုးရှင်းပြီး တစ်ရောင်တည်းသော ကာလာများကို ပိုမိုရွေးချယ်သင့်ပါတယ် … အမျိုးသားများအတွက် (အင်္ကျီလက်ရှည်၊ Polo Shirt နဲ့ Style Pants ) အမျိုးသမီးများအတွက် ( T Shirt နှင့် Style Pant၊ Medium Skirts) တို့ကို တွဲဖက်၀တ်ဆင်ပြီး လုပ်ငန်းခွင်မှာ သင့်ရဲ့ ယုံကြည်မှုတွေကို တိုးမြှင့်လိုက်တော့နော် 

Elegant and Classy Office-wear

Cross The Boundary With Your Casual Style

ရိုးရိုးတန်းတန်း ထသွားထလာ fashion ကို ဖြစ်သလိုကြီး၀တ်တော့မို့လား။ တကယ်တော့ Casual fashion က သင်ထင်တာထပ် အများကြီးပိုမို စဉ်းစားရတဲ့ ဖက်ရှင်ပါ … ဘယ်နေရာမဆို သင့်‌တော်လိုက်ဖက်တဲ့ ဖက်ရှင်ကိုရွေးချယ်ရတာမို့လို့ ပိုမိုသတိထား ရွေးချယ်ပေးပါနော် … လူငယ်လည်းဆန်၊ ခေတ်နဲ့လည်းညီစေတဲ့ Sticker T-Shirt များ ၊ Tees ပုံစံကို ရွေးချယ်ပြီး သာမန်အချိန်မှာတောင် သင်က fashion တွေကို အလေးထားသူတစ်ဦးဆိုတာ သက်သေပြလိုက်ပါ 

Cross The Boundary With Your Causal Style

Show Yourself with Fashion, Make Special Date

သင့်ကို ပထမဦးစွာ ခေါင်းအစခြေအဆုံးကြည့်ရှုပြီး ရွေးချယ်ခြင်းနဲ့အတူ ဝေဖန်မှုတွေကိုပါ ပြုလုပ်နိုင်မယ့် First Date လေးမှာ သင့်ဖက်ရှင်တွေကို ပိုမိုဂရုစိုက်ဖို့ သတိပေးပါရစေ … သင့်ရဲ့ဖက်ရှင်က ခေတ်အမြင်ရှိခြင်း၊ သန့်ရှင်းသပ်ရပ်နေခြင်း၊ ကြည့်ကောင်းပြီး လိုက်ဖက်နေခြင်းတို့က အရေးအကြီးဆုံးပါပဲ … ယောကျာ်းလေးများအတွက် ဖက်ရှင်များဟာ တွန့်မကြေစေရန်၊ အစွန်းအထင်းများ မရှိဖို့နှင့် မိန်းကလေးများအတွက် ဖက်ရှင်တွေဟာလည်း အနေအထိုင်ကျဉ်းကျပ်စေသော ဖက်ရှင်များကို မရွေးချယ်မိစေဖို့အတွက် ဦးစွာ သတိထားဖို့လိုတယ်နော် … ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေသော ကာလာနဲ့ အဝတ်အစားကို ရွေးချယ်ပြီး သင်ချစ်ရသူနဲ့ ကောင်းမွန်တဲ့ ဆုံတွေ့မှုတစ်ခုကို အစပျိုးလိုက်ပါ …

Show Yourself With Fashion, Make Special Date

Shop App ကို Download ရယူရန်

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *