New Year, New Mind, New You!

New Year, New Mind, New You!

2022 ကုန်လို့ 2023 ထဲ၀င်ပြီနော်။ နှစ်ဟောင်းက မကောင်းတဲ့အရာတွေကို နှစ်သစ်မှာထားခဲ့နိုင်ဖို့ အချိန်အခါကောင်းလည်းဖြစ်တယ်။ ဒီတော့ အခုက သင့်ကိုယ်သင် နှစ်ဟောင်းကလူတစ်‌‌‌ယောက်နဲ့ လုံး၀ကွဲပြားသွားအောင် လုပ်ရမယ့် အချိန်လည်းရောက်ပြီနော်။ Shop App ချစ်သူတို့ကရော ဘယ်လို အကျိုးရှိတဲ့ အရာတွေနဲ့ ဖြတ်သန်းဖို့စီစဥ်ထားကြလဲ။ အစီအစဥ်ကောင်းလေးတွေ မရှိသေးဘူးဆိုရင် Shop App က နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ဖို့ ဒီအချက်တွေကို ‌‌‌ဝေမျှပေးလိုက်ပါတယ်။

အိမ်တွင်းအားကစားလေ့ကျင့်ခန်းလုပ်ကြမယ်

Gym မှာ အားကစားသွားလုပ်မှ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်မယ်ဆိုတဲ့ အတွေးကို နှစ်ဟောင်းမှာ ထားခဲ့လိုက်ပါနော်။ ယနေ့ တိုးတက်နေတဲ့ခေတ်မှာ အင်တာနက်ရှိရုံဖြင့် ကိုယ့်ရဲ့အိမ်မှာနေရင်းနဲ့ လုပ်ဆောင်နိုင်တာတွေ အများကြီးပေါ်ထွန်းလာပါပြီ။ ကိုယ်လိုချင်တဲ့ အားကစားပုံစံမျိုးကို YouTube မှတစ်ဆင့် အလွယ်တကူရှာဖွေပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်သွားခြင်းဖြင့် ကျန်းမာလှပပြီး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ အိမ်တွင်းအားကစားလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းမျိုးစုံကို Shop App မှာဝယ်ယူလို့ရပါသေးတယ်။ 

Yoga Exercise

မှန်ကန်တဲ့ Skin Care ပစ္စည်းများသေသေချာချာရွေးချယ်ကြမယ်

အရင်လိုမျိုး Cosmetic ပစ္စည်းတွေနဲ့ Skin care တွေကို Trend ဖြစ်တိုင်း၊ သူများညွှန်းတိုင်း ၀ယ်နေတုန်းပဲလား။ Brand ပစ္စည်းဖြစ်ပြီး ဘယ်လောက်ပဲဈေးကြီးနေပါစေ ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီမှုမရှိရင် အလကားပဲနော်။ ဒီတော့ နာမည်ကြီး ပစ္စည်းတွေတိုင်းကို ငွေကုန်ခံပြီးလိုက်မ၀ယ်တော့ဘဲ ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ ပစ္စည်းမျိုးကို ရွေးချယ်တတ်အောင် လုပ်တော့နော်။

Skin Care

ခရီးသွားပြီး ကိုယ်ရောစိတ်ပါ ပျော်ရွှင်မှုကိုရှာဖွေကြမယ်

သင့်အနေနဲ့ အရင်နှစ်မှာ ဘယ်မှမသွားဖြစ်ခဲ့ဘဲ အိမ်တွင်းပုန်းနေခဲ့ရင် နှစ်သစ်မှာ လန်းလန်းဆန်းဆန်း ဖြစ်အောင် မရောက်ဖူးသေးတဲ့ ဆန်းပြားလှပတဲ့ နေရာတွေကို သွားကြည့်ဖို့ ပြင်ဆင်ကြည့်ပါ။ နောက်ပြီးတော့ နေရာအသစ်တွေရောက်တိုင်း ဓာတ်ပုံလှလှလေးတွေရိုက်ထားပြီး Social Media မှာ ဝေမျှတာနဲ့ အမှတ်တရတွေကို နောင်တစ်ချိန်မှာ ပြန်ကြည့်လို့ရအောင် သိမ်းထားတာကလည်း အကြံကောင်းတစ်ခုပါပဲ။ ခရီးထွက်ရင် လိုအပ်တဲ့ ပစ္စည်းတွေကိုထည့်ဖို့ ခရီးဆောင်အိတ်တွေကို Shop App မှာဝယ်ယူနိုင်ပြီး Shop Travel ကနေ တစ်ဆင့်  ကြိုက်နှစ်သက်ရာ Hotel ကို ရွေးချယ်ပြီး အလွယ်တကူ Booking လည်းတင်လို့ရပါတယ်။

Travelling

ဂီတတူရိယာတွေကို လေ့လာသင်ယူခြင်းဖြင့် စိတ်အပန်းဖြေကြမယ်

သီချင်းကောင်းကောင်းတွေကို ခံစားနားဆင်တတ်သူတစ်ယောက်အနေနဲ့ ကိုယ်ဝါသနာပါတဲ့ တူရိယာပစ္စည်း တစ်ခုကို လေ့လာကြည့်ဖို့ရော စိတ်ဝင်စားကြလား။ ဒါဆိုရင်ဖြင့် ကိုယ်စိတ်၀င်စားတဲ့ တူရိယာပစ္စည်းတစ်ခု ကိုစတင်သင်ယူကြည့်ဖို့ ကိုယ့်ကိုကိုယ်နှိုးဆော်ကြည့်လိုက်ပါတော့နော်။ ပြီးရင်တော့ ချစ်ခင်ရတဲ့ အ​ပေါင်းအသင်းမိတ်ဆွေတွေနဲ့အတူ သီချင်းလှလှလေးတွေ စုပေါင်းဆိုကြပြီး ရင်ထဲက အပူတွေကို ရှင်းထုတ်ကာ ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်ကို ခံစားတတ်လာပါလိမ့်မယ်။

Learning Instrument

နှစ်သစ်မှာ​ လုပ်အားခလေးတွေစုကြည့်ရအောင်

နှစ်သစ်မှာ ဒီလို စိတ်ပျော်ရွှင်မှုတွေကို ရှာဖွေနိုင်ဖို့ဆိုရင်ဖြင့် ခြူးပါအစ စုဖို့အကြံပေးချင်ပါတယ်။ ဒါမှလည်း ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေကို လုပ်ဖို့ရာအတွက်လည်း ကာမိမှာဖြစ်တယ်။ ဟုတ်ပြီ မနှစ်က မလိုအပ်တာတွေ အပိုသုံးမိခဲ့တာတွေကို ဒီနှစ်သစ်မှာ ထပ်မဖြစ်ရလေအောင်စုဘူးလေးတွေဆောင်ပြီး စနစ်တကျ စုဆောင်းခြင်းကလည်း တကယ်ကို အကျိုးရှိတဲ့ အရာပါပဲ။

Saving Money

သင်က နှစ်ဟောင်းမှာ ဘယ်လိုပုံစံနဲ့ စျေးဝယ်ထွက်ခဲ့တဲ့လူမျိုးလဲ

Shopping Mall တွေကို လည်ပတ်သွားပြီး စျေးဝယ်ထွက်နေတုန်းဆို အပြောင်းအလဲလေးဖြစ်အောင်
E-commerce စျေးဝယ်ထွက်နည်းကိုရော မစမ်းကြည့်ချင်ကြဘူးလား။ အချိန်ကုန်လည်းသက်သာ အလွယ်တကူလည်း မှာယူလို့ရတဲ့ Shop App မှာ ကြိုက်နှစ်သက်ရာ ပစ္စည်းတွေကို ရှာဖွေပြီး အိမ်ကနေပဲ ပျော်ပျော်ကြီးစျေးဝယ်ထွက်တာနဲ့ နှစ်သစ်ကို စတင်လိုက်ကြရအောင်။

Online Shopping

ဒီလိုဆိုရင်တော့ နှစ်သစ်ကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့အတွက် အထောက်အကူပြုလုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ချစ်ခင်ရတဲ့လူတွေနဲ့အတူ နှစ်သစ်ကို စိတ်သစ်ကိုယ်သစ်လူသစ်နဲ့ အပူအပင်မရှိ ဖြတ်သန်းနိုင်ဖို့  Shop App မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *