Get Ready For Christmas With The Shop App To Welcome Santa Claus!

Get Ready For Christmas With The Shop App To Welcome Santa Claus!

ပျော်ရွှင်စရာကောင်းတဲ့ Christmas အချိန်အခါလေး မကြာမီရောက်ရှိလို့လာတော့မှာပဲ ဖြစ်ပါတယ်။ Christmas ပွဲလေးကို ကျင်းပဖို့ အားလုံးလည်းစိတ်လှုပ်ရှားနေကြပြီမလား။ Christmas ရဲ့ အထင်ကရပုဂ္ဂိုလ် Santa Claus ကို ကြိုဆိုပြီး Christmas အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ party ပွဲလေးအတွက် လိုအပ်မယ့်အရာတွေကို Shop App နဲ့တူတူ ပြင်ဆင်လိုက်ကြရအောင်။

Christmas သစ်ပင်လေးကို အလှဆင်ကြမယ်

ရိုးရိုးထင်းရှူးပင်တစ်ပင်ကို Christmas သစ်ပင် လှလှလေး တစ်ပင်ဖြစ်သွားအောင်  ဒီပစ္စည်းတွေနဲ့ အလှဆင်ကြမယ်။ အိမ်ရဲ့အလယ်မှာရှိတဲ့ သစ်ပင်လေးလင်းလင်းထိန်ထိန်နဲ့လှနေအောင် သစ်ပင်ရဲ့ပတ်ပတ်လည်တစ်ခုလုံးကို မီးကြိုးတွေနဲ့ပတ်ပြီး အလှဆင်တာကတော့ ထိပ်ဆုံးကပေါ့နော်။ ဒါ့အပြင် outdoor decoration လုပ်ချင်တယ်ဆိုရင်လည်း အိမ်အပြင်ဘက် သစ်ပင်လုံးပတ်မှာပတ်ပြီး အလှဆင်ဖို့အတွက် အကြံပြုလိုပါတယ်။

Christmas Strip Light

အလှဆင်ပစ္စည်းတွေကိုလည်း မမေ့နဲ့နော်

Strip Light နဲ့တင် Christmas သစ်ပင်ကိုအသက်သွင်းပြီးပြီလား? သစ်ပင်မှာချိတ်ရတဲ့ အလှဆင်ပစ္စည်းလေးတွေ မပါရင်တော့ မပြည့်စုံပါဘူး။ ပုံစံမျိုးစုံရှိတဲ့ Ornament တွေချိတ်ပြီးရင်တော့ သစ်ပင်ရဲ့ထိပ်မှာ ကြယ်လေးတင်ပြီး ပြီးပြည့်စုံတဲ့ Christmas သစ်ပင်ကိုဖန်တီးကြတာပေါ့။

Ornaments and Christmas Trees Essentials

လက်ဆောင်ဘူးလေးကိုရော အလှဆုံးပြင်ဆင်ထားရဲ့လား?

Christmas သစ်ပင်ကိုအသက်သွင်းခြင်း အောင်မြင်သွားပြီဆိုရင်တော့ Santa Claus ဆီကမျှော်လင့်နေတဲ့ လက်ဆောင်လေးတွေမရခင် မိသားစုဝင်အချင်းချင်းလက်ဆောင်ပေးဖို့အတွက်ရော ဘာတွေပြင်ဆင်ကြမလဲ? ကိုယ်တိုင်လုပ်လက်ဆောင်ဘူးလေးကို ဖဲပြားလေးတွေချည်ပြီး အလှဆင်မယ်။ ဒါမှမဟုတ် ready made gift box ကို ဖဲပြားချည်ပြီး ပေးချင်တဲ့လက်ဆောင်တွေထည့်မယ်။ ကိုယ်ပေးမယ့်ပစ္စည်းက ထိခိုက်လွယ်တဲ့ ပစ္စည်းတွေဆိုရင်တော့ gift box အတွင်းထဲမှာ လက်ဆောင်လေးမထည့်ခင် ရောင်စုံစက္ကူမျှင်၊ ဖော့စိလေးတွေနဲ့ အကာအကွယ်လုပ်ပြီး  ဘူးအတွင်းပိုင်းကိုလည်းအလှဆင်လို့ရပါသေးတယ်။  ဒါတွေအကုန် ပြင်ဆင်လို့ ပြီးပြီဆိုရင်တော့ Christmas သစ်ပင်အောက်မှာ လက်ဆောင်ဘူးလေးတွေကို နေရာတကျစီထားပြီး ဖွင့်ဖောက်ရမယ့်အချိန်ရောက်လာရင်တော့ မိသားစုနဲ့တူတူဖွင့်ဖောက်ပြီး အမှတ်တရတွေကို ဖန်တီးကြမယ်နော်။

Present Box Decoration

အိမ်ကိုလည်း အလှဆင်ဖို့ ကျန်သေးတယ်နော်

Christmas Tree ပြီးရင်တော့ ကိုယ့်အိမ်နံရံကို ဗြောင်အတိုင်းကြီးမထားဘဲ Christmas Decor လေးတွေနဲ့ လှလှလေးဖြစ်အောင် အလှဆင်ပြီး Santa Claus ကို ကြိုဆိုကြမယ်။

Christmas Room Decor

အရသာရှိတာတွေစားပြီး Christmasညကိုဖြတ်သန်းမယ်

Christmas သစ်ပင်ကိုလည်းအလှဆင်တာပြီးပြီ။ လက်ဆောင်ပစ္စည်းတွေ‌လည်းဖွင့်ဖောက်ပြီးအပျော်တွေ ကူးစက်ပြီးကြပြီဆိုရင်တော့ မိသားစုတွေ၊အပေါင်းအသင်းမိတ်ဆွေတွေ၀ိုင်းဖွဲ့ကာ အသားကင်လုပ်စားကြတဲ့လူတွေလည်းရှိကြပါတယ်။

BBQ Grill Machine

လိုက်ဖက်ညီတဲ့ Wine လေးကို ရွေးချယ်ဖို့လည်း မမေ့နဲ့နော်

Red Wineက Christmas dinner အတွက် အရမ်းကိုအနုပညာဆန်ပြီး လိုက်ဖက်ညီတဲ့ အရာလေးပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့လူနဲ့လည်း Romantic ဆန်တဲ့ Christmas ညလေးကို အသားကင်လေးစား Wine လေးသောက်ပြီး ဖြတ်သန်းလို့ ရပါသေးတယ်။  Christmas လက်ဆောင်ပေးဖို့အတွက်လည်း ‌သင့်တော်တဲ့အရာပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကောင်းမွန်တဲ့ပုလင်းနဲ့အရသာကိုရွေးချယ်ပြီး လက်ဆောင်ပေးခြင်းက သင်လက်ဆောင်ပေးတဲ့လူရဲ့ အကြိုက်ကိုတန်ဖိုးထားတယ်လို့ ဖော်ပြနိုင်ပါတယ်။ 

Christmas Wine

အချိုပွဲတွေနဲ့လည်း လက်စွမ်းပြကြမယ်

အချိုတည်းဖို့အတွက် Sweet dish လေးတွေအဆင်သင့်စားလို့ရအောင် Party မတိုင်ခင် Sweet Recipes တွေပြုလုပ်ဖို့အတွက် လိုအပ်တဲ့ Baking ပစ္စည်းတွေက ရှိထားမှရမယ်နော်။ Christmas ဖိုးဖိုးအတွက် Cookie တွေကိုလည်း တခါတည်းပြုလုပ်လို့ရပါသေးတယ်။

Baking Accessories

Santa အကြိုက် cookie လေးတွေကလည်း မရှိမဖြစ်ပဲနော်

အရေးပါတဲ့အခန်းကဏ္ဍမှာပါ၀င်တာကတော့ Santa Claus ကြိုက်နှစ်သက်တဲ့ Cookie လေးတွေကို ပြင်ဆင်ထားရတာပါပဲ။ ညသန်းခေါင်အချိန်အခါ ရောက်ရင်တော့ Santa Claus ဟာသမင်ကိုးကောင်နဲ့အတူ မောင်းနှင်တဲ့စွပ်ဖားကြီး ကိုစီးလာ ပြီးလက်ဆောင်ထုပ်တွေကို တစ်အိမ်၀င်တစ်အိမ်ထွက် တိတ်တိတ်လေးထားခဲ့ကာအလုပ်ရှုပ်နေလေရဲ့။ ဒီတော့ cookieမုန့်လေးတွေကို Santa Claus မြင်နိုင်တဲ့နေရာမှာတင်ထားပြီး နောက်နေ့မနက် အတွက် လက်ဆောင်ထုပ်လေးကိုရင်ခုန်စွာနဲ့ ဖွင့်ဖောက်ဖို့ ဒီညတော့စောစော အိပ်ရာ၀င်ကြရအောင်နော်။ 

Christmas Cookies

အခုဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ Christmas party လေးနဲ့အတူ Santa Claus ကိုကြိုဆိုဖို့ အဆင်သင့်ဖြစ်ကြပြီမလား။ Santa Claus ဆီက လက်ဆောင်ပစ္စည်းကိုလည်း တူတူစောင့်လိုက်ကြရအောင်။

အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့ Christmas အချိန်အခါလေးကိုပိုင်ဆိုင်ကြပါစေနော်။
Shop Wish You A Merry Christmas And Happy New Year!

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *