(10) Secrets to Overcome Daily Fatigue and Improve Your Sleep

(10) Secrets to Overcome Daily Fatigue and Improve Your Sleep

ဒီရက်ပိုင်း နေရထိုင်ရတာ ပင်ပန်းနွမ်းလျပြီး နုံးချည့်နေလား။
တစ်နေကုန်လုံး ဘာမှမလုပ်ချင်မကိုင်ချင်ဘဲ အလိုလျောက်အားအင်တွေကုန်ခမ်းနေလား။
ညညဆို အိပ်မပျော်ဘဲ စိတ်သွားတိုင်းကိုယ်မပါဘဲဖြစ်နေတာကြောင့် အလုပ်ခွင်မှာ စွမ်းဆောင်ရည်တွေလျှော့နည်းနေလား။

ဒီလိုဖြစ်ရတာဟာ ဘာလို့လဲဆိုတော့ ခန္တာကိုယ်အတွက် အမှန်တကယ်လိုအပ်တဲ့ စွမ်းအင်တွေရှိသင့်သလောက်မရှိလို့ပါပဲ။
ကဲ ဒီလိုဆို လိုအပ်တဲ့ စွမ်းအင်တွေရရှိအောင် ဘယ်လိုနည်းလမ်းတွေလိုက်နာကြမလဲ?

သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်စို့။

(၁) သင့်တင့်မျှတသော စားသောက်မှုပုံစံ

ကျွန်ုပ်တို့ နေ့စဥ်စားသောက်နေတဲ့အစားအစာတွေကို ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်ရင် ခန္တာကိုယ်အတွက်တကယ်ရော ထိရောက်မှုရှိရဲ့လားဆိုတာကို မေးခွန်းထုတ်ကြည့်မယ်ဆိုရင် သေချာပါတယ် လိုအပ်မှုတွေများစွာရှိနေပါတယ်။ ကဲဒါဆို တစ်နေ့တာကို အင်အားအပြည့်နဲ့ဖြတ်သန်းနိုင်ဖို့ ဘယ်လိုစွမ်းအင်တွေလိုအပ်မလဲဆိုတာကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။


(၂) ကိုယ်လက်လှုပ်ရှားမှု အားကစား

နေ့စဥ်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းက ခန္တာကိုယ်အတွက် ကျန်းမာကြံ့ခိုင်မှုကိုသာပေးစွမ်းရုံသာမက စိတ်ဖိစီးမှုနဲ့ နုံးချည့်နွမ်းချမှုများကိုပါ ဖြေလျှော့ပေးနိုင်တယ်ဆိုတာ သင်သိပါသလား?
၁၀ မိနစ်မှ နာရီဝက်အထိ နေ့စဥ်အားကစားပြုလုပ်ခြင်းဖြင့် ညညအိပ်မပျော်တဲ့ ဝေဒနာကိုပါ ဖြေလျှော့ပေးနိုင်ပါတယ်။ ဒါပေမဲ့ သတိထားရမယ့်တစ်ခုက ညအိပ်ရာဝင်ခါနီး အားကစားမပြုလုပ်မိစေဖို့ပါပဲ။
အားကစားပြုလုပ်ပြီးရင် ခန္တာကိုယ်က စွမ်းအင်ထုတ်တာကြောင့် ညဘက်အိပ်မပျော်တာမျိုးဖြစ်တတ်လို့ပါ။


(၃) ဗီတာမင်စီ

တစ်နေ့တာ တက်ကြွလန်းဆန်းနိုင်စွမ်းရဲ့ အဓိက လျှို့ဝှက်ချက်ကတော့ ဗီတာမင်စီလုံလောက်စွာရရှိခြင်းပဲဖြစ်ပါတယ်။ တစ်နေ့တာအတွက်လုံလောက်တဲ့ ဗီတာမင်စီကို အစားအစာများမှရရှိနိုင်သော်လည်း လုံလောက်တဲ့အစားအစာကိုတော့ ကျွန်ုပ်တို့မစားသောက်နိုင်ကြပါဘူး။
ဒါကြောင့် Nutrivita ကဲ့သို့သော တစ်နေ့တာအတွက်လိုအပ်မယ့် စွမ်းအင်ပမာဏကို အချိုးကျကျထည့်သွင်းထားတဲ့ ဗီတာမင်နှင့်သတ္တုဓာတ်ဖြည့်တင်း ဖြည့်စွက်စာများကို နေ့စဥ်မှီဝဲခြင်းဖြင့် နေ့စဥ်လိုအပ်မယ့် ပမာဏကိုရရှိနိုင်ပါတယ်။


(၄) ကတ်ဖိန်း (သို့) အရက်သေစာသောက်စားမှုလျှော့ချပါ

Everything is good but in moderation” ဆိုတဲ့ဆောင်ပုဒ်အတိုင်းအရာအားလုံးကတော့ ခန္တာကိုယ်အတွက် တန်ဆေးလွန်ဘေးပါပဲ။ ဘယ်အရာမဆို ဘေးထွက်ဆိုးကျိုးမရှိစေရန် တော်ရုံသင့်ရုံ သင့်တင့်စွာမှီဝဲသုံးစွဲသင့်ပါတယ်။
Caffeine ဓာတ်ပါတဲ့ကော်ဖီတွေဟာ ခန္တာကိုယ်စွမ်းအင်ကိုထုတ်ပေးတတ်သော်ငြားလည်း နုံးချည့်ပင်ပန်းသင့်အခါမျိုးတွင် ခဏတာဖျက်တောက်သင့်ပြီး (၈) နာရီကြာလုံလောက်စွာ အိပ်စက်ပေးသင့်ပါတယ်။


(၅) အိပ်စက်ခြင်း

အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာ တစ်ရက်ကို မဖြစ်မနေ (၈) နာရီကြာမြင့်အောင် အိပ်စက်အနားယူသင့်ပါတယ်။ ထိုမှသာလျှင် တစ်နေ့တာမိမိလုပ်ဆောင်ချက်များကို အင်အားအပြည့်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


(၆) နေရောင်ခြည်ထိတွေ့ခြင်း

နေရောင်ခြည်ထိတွေ့ခြင်းက ခန္တာကိုယ်နဲ့ ဦးနှောက်ရှိအာရုံခံဆဲလ်များကို နှိုးကြွစေဖို့ လှုံ့ဆော်ပေးတာကြောင့် တစ်နေ့တာ နေရောင်ခြည်ကိုကောင်းမွန်စွာထိတွေ့သင့်ပါတယ်။ နေခြည်ထိတွေ့ခြင်းက သဘာဝကပေးတဲ့ ဗီတာမင်ဒီ စွမ်းအင်ကို အခမဲ့ရရှိနိုင်မှာဖြစ်တဲ့အပြင် ညတာအတွက် ကောင်းမွန်စွာအိပ်စက်ပြီး အားအင်ဖြည့်တင်းဖို့အတွက်ပါ အထောက်အပံ့ပေးဦးမှာဖြစ်ပါတယ်။


(၇) ဝါသနာနဲ့ စိတ်အားထက်သန်မှု

စိတ်အားထက်သန်မှုရှိတဲ့ ဝါသနာ တစ်ခုခုကို နေ့စဥ် အချိန်အနည်းငယ်ပေးပြီး လုပ်ဆောင်ပေးခြင်းဖြင့်လည်း စိတ်ကျန်းမာရေးဆိုင်ရာ Mental Health မှာ သိသာသောတိုးတက်ကောင်းမွန်မှုများစွာရှိတယ်လို့ ဆေးပညာရှင်များကပြောဆိုထားတာကြောင့် မိမိဝါသနာပါရာ အရာများကိုနေ့စဥ်လုပ်ဆောင်ပြီး စိတ်ပင်ပန်းမှုများကို‌ ကျော်လွှားနိုင်ပါတယ်။


(၈) ဗီတာမင်ဘီအုပ်စု

ဗီတာမင်ဘီ (၈) မျိုးဖြင့်ဖွဲ့စည်းထားတဲ့  B-Complex Vitamins ဟာ ကျန်းမာတဲ့လူမှုဘဝအတွက် အဓိကသော့ချက်အဖြစ်ပါဝင်နေပါတယ်။ ဆဲလ်လုပ်ဆောင်မှုနှင့် ဇီဝဖြစ်စဉ်အတွက် အကျိုးရှိတာကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၊ သတ်သတ်လွတ်သမားများ၊ သက်ကြီးပိုင်းများနှင့် ကင်ဆာလ်၊ HIV နဲ့ အရက်စွဲနေသူများကုသရာတွင် အထူးအရေးပါတဲ့ ဖြည့်စွက်စာတစ်မျိုးပါ။ ဦးနှောက်နှင့် အာရုံကြောစနစ်ကိုကူညီပေးပြီး စိတ်ဖိစီးမှုလျော့ကျကာ စိတ်ကြည်လင်စေတဲ့အတွက် နေ့စဉ်လုပ်ငန်းခွင်ဝင်နေရသူများအတွက်သင့်တော်ပါတယ်။
Nutrivita ကဲ့သို့သော တစ်နေ့တာအတွက်လိုအပ်မယ့် စွမ်းအင်ပမာဏကို အချိုးကျကျထည့်သွင်းထားတဲ့ ဗီတာမင်နှင့်သတ္တုဓာတ်ဖြည့်တင်း ဖြည့်စွက်စာများကို နေ့စဥ်မှီဝဲခြင်းဖြင့် နေ့စဥ်လိုအပ်မယ့် ပမာဏကိုရရှိနိုင်ပါတယ်။


(၉) နွေးထွေးသောရေနွေးကြမ်း

ရေနွေးကြမ်းလို့ခေါ်တဲ့ Green Tea သောက်သုံးခြင်းက အကျိုးကျေးဇူးများစွာရှိခြင်းကိုတွေ့ရပါတယ်။ အသားအရေ၊ ဦးနှောက်နှင့် ကိုယ်ခန္တာလုပ်ဆောင်နိုင်စွမ်းအပါအဝင် နှလုံးနှင့် အသည်းကျန်းမာရေး သာမက ကိုယ်ခံအားစနစ်ပါအထူးကောင်းမွန်ရုံသာမကမက ကိုယ်တွင်းရှိအဆိပ်အတောက်များကို အထူးကင်းစင်စေတာကြောင့် သွက်လက်ကျန်းမာသော တစ်နေ့တာကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။


(၁၀) ရေ

နောက်ဆုံး တစ်ချက်ကတော့ လူ့ခန္တာကိုယ်လည်ပတ်ဖို့အတွက် အလိုအပ်ဆုံးနဲ့ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ အပေါ်မှာလည်း နွေးထွေးမှုရှိတဲ့ လက်ဖက်ခြောက်ကြမ်းကိုသောက်ခိုင်ခြင်းကလည်း တစ်နညး်အားဖြင့် ရေဓာတ်ရရှိအောင်ပဲဖြစ်ပါတယ်။ လူ့ခန္တာကိုတဲ့ တစ်ဝက်ကျော်ကျော် ၆၀ ရာခိုင်နှုန်းလောက်ကို ရေများဖြင့်ဖွဲ့စည်းထားပြီး တက်ကြွလန်းဆန်းသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ဖို့ ‌နေ့ဘက်မှာ Phone Alarm ပေး၍ ရေများများသောက်သုံးသင့်ပါတယ်။


ပင်ပန်းနွမ်းလျမှုကင်းဝေးပြီး ပျော်ရွှင်ကျန်းမာသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေနော်။

Read: ကိုဗစ်ကာလနေ့စဥ် ဘဝမှာ ‌ဗီတာမင်ဖြည့်စွက်စာများရဲ့ အရေးပါပုံ
Reading Time: 4 minutes

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *