9.9 Super Sale စျေးရောင်းပွဲတော်ကြီး ရဲ့ အလန်းစားစူပါပစ္စည်း (9) မျိုး

9.9 Super Sale စျေးရောင်းပွဲတော်ကြီး ရဲ့ အလန်းစားစူပါပစ္စည်း (9) မျိုး

စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ Shop App တွင် ကျင်းပပြုလုပ်သွားမယ့် 9.9 Super Sale စျေးရောင်းပွဲတော်ကြီး ရဲ့ အစီအစဥ်များမှ ဝယ်ယူသင့်တဲ့ အလန်းစား စူပါပစ္စည်း (9) မျိုးကို Shop Life Blog မှတစ်ဆင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဘာကြောင့် Shop App ရဲ့ 9.9 Super Sale အတွင်း ဝယ်ယူသင့်တာလဲ?

9.9 Super Sale စျေးရောင်းပွဲတော်ကြီးတွင် –

  • Exclusive Brand ပရိုမိုးရှင်းများ
  • အခမဲ့နေ့စဥ်ပို့ဆောင်မှု
  • စူပါကူပွန်လျှော့စျေးများ
  • ၉ သောင်းကျော်တန်လျှော့စျေး Lucky Draw များနှင့်အတူ

အခြားသောအမိုက်စား အစီအစဥ်များစွာပါဝင်သွားမှာဖြစ်လို့ ပုံမှန်အချိန်တွေမှာမရနိုင်တဲ့ တန်တာထက်ပို၍တန်တာကြောင့်ပဲဖြစ်ပါတယ်။ 

ကဲ.. ဒါဆို Super ပစ္စည်း (၉) မျိုးကို သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်စို့။

Seller Brand: Prato (Made in Italy)
Air Fryer Manual 4.2L (PRT-AF4201)

9.9 Super Sale Prato Air Fryer
Prato – Air Fryer

9.9 Super Sale တွင်ဝယ်ယူသင့်တဲ့ စူပါပစ္စည်း (၉) မျိုးထဲက ပထမဆုံးတစ်ခုအနေနဲ့ ‌ဖော်ပြချင်တဲ့ ပစ္စည်းကတော့ အီတလီနိုင်ငံထုတ် အရည်အသွေးမြင့် Prato အမှတ်တံဆိပ်ရဲ့ Air Fryer ပဲဖြစ်ပါတယ်။

Air Fryer ဆိုတာ ဆီထည့်စရာမလိုဘဲ၊ စက်အတွင်းရှိ လေပူစနစ်ကိုပဲ သုံးပြီး စားစရာတွေကို ကြော်လှော်နိုင်တဲ့ အကြော်စက်တစ်ခုပဲဖြစ်ပြီး၊
အဆီ အသုံးပြုမူ/ပါဝင်မူ ပမာဏကို ၈၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်သောကြောင့် Air Fryer နဲ့ဆိုရင် ပုဇွန်တန်ပူရာကြော်၊ ကြက်ပေါင်ကြော်၊ အာလူးကြော်၊ Steak အစရှီတဲ့ Deep-Fried ဟင်းလျာများကို ကျန်းမာရေးနဲ့ အထူးညီညွတ်စွာ ကျော်လှော်နိုင်ဦးမှာပါ။
Healthy Kitchen Appliance တစ်ခုဖြစ်တာကြောင့် ဆီ​ကြောင့်ဖြစ်တဲ့​ရောဂါတွေကနေ  လျှော့ချပေးနိုင်မှာဖြစ်ပြီး အဆီရှောင်လိုသူများ၊ Diet ပြုလုပ်သူများနဲ့ ကျန်းမာရေးလိုက်စားသူများအတွက် အထူးသင့်လျော်ပါတယ်။

Prato ရဲ့ Air Fryer ကို 3.2 Liter, 4.2 Liter, 5.2 Liter စသဖြင့် နှစ်သက်ရာအရွယ်အစားကိုမှာယူနိုင်မှာဖြစ်ပါတယ်။
အားကောင်းသော လေလည်ပတ်မှုစနစ်ဖြစ်တဲ့ High Speed Air Circulation Technology နဲ့အတူ အချိန် ၁ မိနစ်မှ နာရီဝက်အတွင်း  လိုသလို အချိန်သတ်မှတ်ကာ အပူချိန် 0ºC မှ 200ºC အတွင်း အတိုး၊ အလျှော့ ပြုလုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Non-stick Drawer ဖြစ်လို့ အတွင်းဒယ်အိုးချိုးကပ်ခြင်းမှ ကင်းဝေးပြီး Dishwasher ထဲတွင်လည်း အလွယ်တကူ ဖြုတ်၊ တပ်၍ ဆေးကြောနိုင်ဦးမှာပါ။

ဒီလို ဒီလို အားသာချက်တွေအပြင် အာမခံအနေဖြင့်လည်း (၁) နှစ်တောင်ရရှိဦးမှာဖြစ်လို့ တွေဝေမနေဘဲ အခုပဲ 9.9 Super Sale စျေးပွဲတော်ကြီးအတွင်းမှာယူလိုက်တော့နော်။


Seller Brand: Dilmah Tea Myanmar (Made in Sri Lanka)
Earl Grey Tea (String & Tag)

Dilmah Earl Grey Tea 9.9 Super Sale
Dilmah – Earl Grey Tea

ကျွန်ုပ်တို့ နေ့စဥ်သောက်သုံးတဲ့ လက်ဖက်ခြောက် ရေနွေးကြမ်းတွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတာ သတိထားမိကြပြီးပြီဖြစ်မှာပါ။
သို့သော်  လက်ဖက်ခြောက်တိုင်းဟာ ကွဲပြားတဲ့အမျိုးအစားအလိုက် ရရှိတဲ့အာနိသင်ခြင်းကလည်း မတူညီပါဘူးနော်။

ဒုတိယမိတ်ဆက်ပေးချင်တဲ့ Product ကတော့ သီရိအလင်္ကာနိုင်ငံ Brand တစ်ခုဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့  Dilmah အမှတ်တံဆိပ် – Earl Grey လက်ဖက်ခြောက်ရဲ့ တစ်မူထူးခြားတဲ့ အာနိသင်အကြောင်း တင်ဆက်ပေးသွားမှာပါ။

Dilmah Brand ဟာ လက်ဖက်ချစ်သူတိုင်းအတွက် ကမ္ဘာ့အရည်အသွေးအကောင်းဆုံးလက်ဖက်ခြောက်ကို ဝေမျှပေးချင်တဲ့ ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့အတွေ့အကြုံအရှိဆုံးလက်ဖက်ခြောက်ပြုလုပ်သူ “World’s Most Experienced Teamaker” မှ ထုတ်ထားခြင်းဖြစ်ပါတယ်။

Earl Grey Tea ကို Dried Bergamot Orange Extract (အာနိသင်စစ်ထုတ်ထားသော ဘာဂမော့လိမ္မော်အခြောက်)  နဲ့ Black Tea ပေါင်းစပ်ထားခြင်းကြောင့် တစ်နည်းအားဖြင့် Bergamot Tea လို့လည်းခေါ်ဝေါ်နိုင်ပါတယ်။

ဘာဂမော့လိမ္မော်ဟာ အီတလီနိုင်ငံထွက်အသီးတစ်မျိုးဖြစ်ပြီး “Citrus Bergamia” လိမ္မော်မျိုးရင်းဖြစ်တာကြောင့် ထိုအသီးတွင်ပါရှိတဲ့ အချဥ်အာနိသင်က Vitamin C, Potassium, Vitamin B1, B2, နဲ့ Vitamin A စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များရရှိမယ့် ပင်မမျိုးရင်းဆိုလည်း မမှားပါဘူး။
ဒါကြောင့် Antioxid‌ants လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေအများအပြားပါရှိပြီး  ခံတွင်းနှင့် နှလုံးကျန်းမာရေး၊ ကိုယ်ခံအားစနစ်နှင့် အစာခြေစနစ်တို့အား အထူးကောင်းမွန်စေပြီး ခန္တာကိုယ်အတွင်း အဆိပ်အတောက်ကင်းစင်စေမယ့် Detox Tea အနေနဲ့လည်း သောက်သုံးနိုင်မှာဖြစ်ပါတယ်။

Dilmah Earl Grey ဟာ String & Tag Bag ပုံစံနဲ့ထုတ်လုပ်ထားတာဖြစ်လို့ လက်ဖက်ခြောက်အရွက်တွေကို အထူးတလည် ဖယ်ရှားစစ်ထုတ်စရာမလိုပါဘူး။
ပုံမှန်အရသာသောက်သုံးလိုသူများအနေဖြင့် (၃) မိနစ်၊ အရသာပြင်းပြင်းသောက်သုံးလိုသူများအတွက် (၅) မိနစ် အချိန်ပေးနှပ်ထားပြီး အထုပ်လေး အလွယ်တကူဖယ်ရှားပြီး သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

သင့်ရဲ့တစ်နေ့တာကို စိတ်ခန္တာကြည်လင်လန်းစွာဖြတ်သန်းနိုင်ဖို့ဆို လက်ဖက်ခြောက်ချစ်သူတိုင်းအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Dilmah ရဲ့ အရည်အသွေးမြင့် Earl Grey လက်ဖက်ခြောက်လေးကို မနက်ခင်းမှာသောက်သုံးထားဖို့လိုပါမယ်နော်။
ဒါကြောင့် Shop App ရဲ့ အတန်ဆုံးလျှော့စျေးတွေနဲ့ 9.9 Super Sale မှာ အခုပဲ မှာယူလိုက်တော့နော်။


Seller Brand: M21 SportCollections
Manchester United Third Kit (21-22) with Ronaldo name set (UCL) – Player Version

M21 SportCollections Manchester United Third Kit Ronaldo
M21 SportCollections – Manchester United Third Kit

UEFA Europa League မှာ သရဲနီမှ သရဲနီပဲဆိုတဲ့ ညိုကီတွေရှိလားဗျို့။

တတိယမိတ်ဆက်ပေးချင်တဲ့ Product ကတော့ Shop App ရဲ့ Shop Mall Official Store ဖြစ်တဲ့ M21 SportCollections မှ  Manchester United – ဒိုလေး ပရိသတ်တွေအားလုံးပျော်စေဖို့ အထူးစျေးနှုန်းဖြင့် Ronaldo နာမည်နဲ့ Player Version Third Kit – Adidas First Class အင်္ကျီပဲဖြစ်ပါတယ်။

ပုံမှန်စျေး ၂၀,၀၀၀ ကျော်တန် အင်္ကျီကို “50% OFF” ၉ ထောင်ကျော်စျေးလျှော့ထားတဲ့အပြင် Shop App ရဲ့ 9.9 Super Sale ‌စျေးရောင်းပွဲတော်ကြီးမှာ သတ်မှတ်ကူပွန်ကုတ်အသုံးပြုပြီးဝယ်ယူပါက ၇၅,၀၀၀ ကျပ်တည်းနဲ့ ရရှိဦးမှာဖြစ်ပါတယ်။

Size ကတော့ Regular Fit (Free Size) ဖြစ်ပြီး Man-U အင်္ကျီတွေစုချင်နေတဲ့သူတွေပဲဖြစ်ဖြစ်၊ ဝတ်ဆင်ပြီး အားပေးချင်သူတွေအနေနဲ့ပဲဖြစ်ဖြစ် ဝယ်ယူထားဖို့အကောင်းဆုံးအချိန်ပါပဲ။

ဒါ့အပြင် Free Shipping အချိန်အတွင်းမှာယူမယ်ဆိုရင်လည်း အိမ်ရှေ့အဝထိကို Shop App မှ အခမဲ့ပို့ဆောင်ဦးမှာဖြစ်လို့ ယခုလိုကြပ်တည်းနေတဲ့ကာလမှာတောင် အိုကေမှာ စိုပြေပြီပေါ့။ 

ရောင်းအားကောင်းတဲ့ Best Selling အတန့်အတန်ဆုံးပစ္စည်းကိုမှ အရေအတွက်အကန့်အသတ်ဖြစ်တာကြောင့် မြန်မြန်မှာယူထားမှ စိတ်ချရမှာနော်။

ကဲ..ပြောနေ ကြာတယ်။ အခုပဲ “ORDER NOW” ကိုနှိပ်လိုက်စို့။


Seller Brand: SEIKKU CHO CHO PUBLISHING HOUSE
မီလျံနာဦးနှောက်၏လျှို့ဝှက်ချက်များ

မီလျံနာဦးနှောက်၏လျှို့ဝှက်ချက်များ Seikku Cho Cho Publishing House စိတ်ကူးချိုချို 9.9 Super Sale
Seikku Cho Cho Publishing House – မီလျံနာဦးနှောက်၏လျှို့ဝှက်ချက်များ

နောက်ထပ် မိတ်ဆက်ပေးချင်တာကတော့ စာဖတ်ချစ်သူ စာပေဝါသနာအိုးလေးများနဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တွင်လုပ်ကိုင်လျက်ရှိတဲ့ Entrepreneur စွန့်ဦးတီထွင်သူများအတွက် ငွေကြေးဆိုင်ရာလှည့်ကွက်ဗဟုသုတ အဖုံဖုံကို ရသမျိုးစုံပေးစွမ်းမယ့် ဘာသာပြန်စာအုပ်အကြောင်းပဲဖြစ်ပါတယ်။

T.Harv.Eker. ရဲ့ “Secrets of the Millionaire Mind” စာအုပ်ကို ရေးသားသူ ကောင်းသာ မှ ဘာသာပြန်ဆိုထားပြီး စိတ်ကူးချိုချိုစာပေမှ ဘာသာပြန်ဆိုထားပါသည်။

သင်ဖတ်ဖူးသမျှထဲမှာ ချမ်းသာအောင်လုပ်နိုင်တဲ့ လက်တွေ့အကျဆုံး၊ ဆွဲဆောင်ချက်အကောင်းဆုံးနဲ့ စွမ်းအားအကြီးဆုံးစာအုပ်ဖြစ်ပြီး အောင်မြင်လို့သည့် ဆန္ဒနဲ့ ထိုဆန္ဒကိုရယူအားထုတ်ခြင်းတို့အကြားမှာ ပျောက်ကွယ်နေတဲ့ အချိတ်အဆက်တို့ကို ရေးသားဖော်ပြထားပါတယ်။

မူရင်းရေးသားသူ T.Harv.Eker. ဆိုသူက အောက်ပါအတိုင်းရေးသားထားပါသည်။


“ကျုပ်ကို ၅ မိနစ်ပဲအချိန်ပေးပါ။ ခင်ဗျားရဲ့ ကျန်တဲ့ဘဝအတွက် ငွေကြေးအနာဂတ်ကို ကျွန်တော်နိမိတ်ဖတ်ပြနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ သိစိတ်၊ မသိစိတ်ထဲ ကိန်းအောင်းနေတဲ့ ပုဂ္ဂိုလ်ရေး၊ ငွေကြေးနဲ့ အောင်မြင်မှုဆောက်လုပ်ရေးပုံစံ (Blueprint) တွေသတ်မှတ်ရင်းပြုလုပ်သွားတာဖြစ်ပါတယ်။ ထိုအရာတွေကပဲ ကျွန်တော်တို့ရဲ့ ငွေကြေးဘဝတွေကို သတ်မှတ်ပေးထားတာပါ”

“အခြားလူတွေငွေကြေးနဲ့ ရုန်းကန်တိုက်ပွဲဆင်နေချိန်မှာ လူအနည်းစုလေးကတော့ ခပ်လွယ်လွယ်လေးနဲ့ ချမ်းသာလာတာကို စဥ်းစားမရနိုင်အောင်ဖြစ်မိကြမယ်။
သူတို့ရဲ့ ပညာရေး၊ ဉာဏ်အမြော်အမြင်၊ ကျွမ်းကျင်မှု၊ ချိန်ကိုက်လုပ်တတ်မှု၊ အလုပ်ရဲ့အလေ့အထ၊ အချိတ်အဆက်၊ ကံတရား၊ ရင်းနှီးမြှုပ်နှံခြင်းတို့ကများ ခြားနားနေလို့များလား”

အဖြေကတော့ တုန်လှုပ်ချင်စရာ၊ အထက်ကပြောခဲ့တာတွေတစ်ခုမှမဟုတ်ပါ။

အဖြေကိုသိရှိဖို့ အတန်ဆုံးလျှော့စျေးတွေနဲ့ ရောင်းချပေးနေပြီဖြစ်တဲ့ 9.9 Super Sale လျှော့စျေးပွဲတော်ကြီးအတွင်း အခုပဲမှာယူလိုက်ပါ။


Seller Brand: REVLON MYANMAR (Made in New York, USA)
Colorstay Light Cover Foundation + Ultra HD Matte Lipstick

Revlon - Colorstay Light Cover Foundation + Ultra HD Matte Lipstick 9.9 Super Sale
Revlon – Colorstay Light Cover Foundation + Ultra HD Matte Lipstick

အလှအပစိတ်ဝင်စားသူများနဲ့ မိတ်ကပ်အနုပညာဝါသနာရှင်များအတွက် သတင်းကောင်းလေးပါးချင်ပါတယ်။

အားလုံးကြိုက်နှစ်သက်ပြီးသားဖြစ်တဲ့ အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် Revlon မှ အလှအပစိတ်ဝင်စားသူများနဲ့ မိတ်ကပ်အနုပညာဝါသနာရှင်များအတွက် 9.9 Super Sale အထူးစပါရှယ် သတင်းကောင်းလေးပါးချင်ပါတယ်။

ဘာလေးလည်းဆိုတော့ အားလုံးနှစ်သက်ပြီးသားဖြစ်တဲ့ Colorstay မိတ်ကပ်ဖောင်ဒေးရှင်းနဲ့ လိုက်ဖက်မှုရှိမယ့် Ultra HD Matte နှုတ်ခမ်းနီ တွဲဖက်ပရိုမိုးရှင်းလေးပဲဖြစ်ပါတယ်။

Colorstay Light Cover Foundation လေးကို တလည်းသီး “Pomegranate” နဲ့ပြုလုပ်ထားပြီး ဓာတု၊ သတ္တုအဆီပါဝင်မှုလုံးဝမရှိဘဲ အသားရေလေးကို သဘာဝအတိုင်း ရေဓါတ်ဖြည့်ပေးပြီး ကြည်လင်တောက်ပပေါ့ပါးစေမှာဖြစ်ပါတယ်။
ရွေးချယ်စရာအရောင် (၄) မျိုးပေးထားတာမို့ မိမိအသားအရောင်နဲ့ လိုက်ဖက်ရာကို ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။

  • 240 Medium Beige
  • 220 Natural Beige
  • 230 Natural Ocher
  • 150 Buff

Foundation လေးဝယ်ယူလိုက်တာနဲ့ ၄င်းနဲ့လိုက်ဖက်စေပြီး နှုတ်ခမ်းသားပေါ်မှာ အရောင်ထွက်အားကောင်းတဲ့ Ultra HD Matte Lipstick လေးကို အလကားရလိုက်သလိုပါပဲ။

ဘာလို့လည်းဆိုတော့ –
မူရင်းစျေး ၃၂,၀၀၀ ကျပ်တန် Colorstay Light Cover Foundation လေးကို မူရင်းစျေး ၂ သောင်းကျော်တန် Ultra HD Matte Lipstick ၂ မျိုးပေါင်းအတွဲလေးကိုမှ 9.9 Super Sale စျေးပွဲတော်ကြီးတွင် ၃၅,၀၀၀ ကျပ် တည်းဖြင့် ရောင်းချပေးနေပါပြီတဲ့။

အထူးစပါရှယ်အစီအစဥ်ကြီးကိုလက်မလွတ်စေဖို့ အခုပဲ မှာယူလိုက်တော့နော်။


Seller Brand: City Bean Bag
Lazy Luxury Bean Bag

City Bean Bag - Lazy Luxury Bean Bag 9.9 Super Sale
City Bean Bag – Lazy Luxury Bean Bag

တစ်နေ့တာပင်ပန်းမှုတွေကို အကောင်းဆုံးအပန်းဖြေဖို့က အိပ်စက်ခြင်းဖြစ်သလို ခန္တာကိုယ်ညောင်းညာကိုက်ခဲမှုများကို သက်သာကာကွယ်စေဖို့က သက်သောင့်သက်သာဖြစ်စေတဲ့ နေထိုင်မှုပုံစံနဲ့ တန်ဖိုးသင့်ဇိမ်ခံပစ္စည်းတစ်ချို့လိုအပ်ပါတယ်။ 

၁၉၇၀ ခုနှစ်ကတည်းက ခေတ်စားလာတဲ့ ဇိမ်ခံပစ္စည်းတစ်မျိုးဖြစ်တဲ့ Bean Bag လေးကတော့ Super Product အနေဖြင့် ဆက်လက်မိတ်ဆက်ပေးချင်တဲ့ ၆ ခုမြောက် ပစ္စည်းလေးပဲဖြစ်ပါတယ်။

Bean Bag ဟာ Luxury Product ဖြစ်သလို ကျန်းမာရေးရှုထောင့်က ကြည့်ရှုပါက အကျိုးကျေးဇူးများစွာလည်းရှိနေပါသေးတယ်။ ဘယ်လို Benefits တွေရရှိမလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

Bean Bag မှာ expanded polystyrene beans (EPS) လို့ခေါ်တဲ့ ဖော့တုံးလေးတွေပါရှိခြင်းကြောင့် မည်သည့် ကိုယ်အလေးချိန်၊ အရပ်အမြင့်မျိုးမဆို အသုံးပြုနိုင်ပြီး ထိုင်လိုက်သူအဖို့ နောက်ကြောရှိ ကြွက်သားနှင့် အကြောလေးများကို နေရာတကျဖြစ်စေပြီး သက်သောင့်သက်သာဖြစ်အောင်ကူညီပေးတာကြောင့် ခါးနာခြင်းကို သက်သာကာကွယ်စေနိုင်ပါတယ်။

ဒါတွေမကသေးပါဘူး။ စိတ်အာရုံကိုလည်း Mind Soothing ဖြစ်ကာ တည်ငြိမ်အေးချမ်းစေတဲ့ Emotional Calming Sensation အတွက်ပါ အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။
အစရှိတဲ့ စိတ်ရော၊ ကိုယ်ပါ အထောက်အကူပြုနိုင်တဲ့ Healthy Luxurious Home Appliance လေးကို Shop App ရဲ့ 9.9 Super Sale စျေးရောင်းပွဲတော်ကြီးတွင် Seller – City Bean Bag မှ ၃ သိန်းကျော်တန် Lazy Luxury Bean Bag လေးအား အထူးနှုန်းထား  ၂ သိန်းကျော်တည်းဖြင့် ရောင်းချပေးနေပါပြီ။

အရေအတွက်အနည်းငယ်သာကျန်ရှိတော့တာမို့ လက်လွှတ်မသွားစေချင်ရင် အခုပဲ အော်ဒါတင်မှာယူလိုက်တော့နော်။


Seller Brand – Unilever
Vaseline Citrus Super Vitamin Serum

Seller Brand - Unilever 
Vaseline Citrus Super Vitamin Serum 9.9 Super Sale
Unilever – Vaseline Citrus Super Vitamin Serum


မကြာမီ‌ရောက်ရှိလာတော့မယ့် ဆောင်းအဝင်ရာသီမှာ မိမိအသားအရေလေးတွေက ရေဓာတ်ပြည့်ဝပြီး ဝင်းပစိုပြေကာ Winter-Ready ဖြစ်နေဖို့ အရေးကြီးပါတယ်နော်။

ဆက်လက်ပြောပြချင်တဲ့ Super Product လေးကတော့ Vaseline ရဲ့ Super Vitamin Serum လေးပဲဖြစ်ပါတယ်။

Vaseline Super Serum ၃ မျိုးရှိတဲ့အနက် ဒီနေ့မှာတော့ Citrus အကြောင်းလေးပြောပြချင်ပါတယ်။
ပစ္စည်းလေးဟာ Serum Type ဖြစ်ပြီး မြန်မာနိုင်ငံရာသီဥတုနဲ့ ထပ်တူကျတူညီတဲ့ ထိုင်းနိုင်ငံမှ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ဖြစ်လို့ အသားထဲတိုက်ရိုက်စိမ့်ဝင်မှုအားကောင်းပြီး စေးကပ်ကပ်ဖြစ်မှာ လုံးဝမပူရပါဘူး။

Vitamin B3 ၁၀ဆပါဝင်တာကြောင့် အသားအရေကို ဝင်းလက်‌တောက်ပစေပြီး Glow Glass skin လေးဖြစ်အောင်ကူညီပေးမှာဖြစ်ပါတယ်။ Citrus မှ ရရှိတဲ့ Vitamin C အဆီအနှစ်က အမဲစက်နှင့် နေလောင်ဒဏ်အစက်အပြောက်များကို အသားအရေဟိုးအတွင်းပိုင်းထိဝင်ရောက်ကာ ကုသပေးမှာဖြစ်လို့ သက်သာလျော့နည်းစေနိုင်မှာဖြစ်ပါတယ်။

ရနံ့လေးကလည်း သင်းသင်းလေးနဲ့ Fresh & Fruity ဖြစ်တာကြောင့် မြန်မာမလေး ပျိုပျိုမဒီတို့အကြိုက် အံ့ကိုက်ပဲပေါ့။

9.9 Super Sale အတွင်း ဝယ်ယူမယ်ဆိုရင်လည်း Double ကူပွန်ပရိုမိုးရှင်းတွေကြောင့် 360ml ကို ၄,၁၀၀ ကျပ်သာ ကျသင့်မှာဖြစ်လို့ တန်တန်တန် ပါပဲ‌နော်။


Seller Brand – Sketcher
Skechers – Men – SPORT MENS – Bounder – 52595

Sketcher - Sport Men Bounder 9.9 Super Sale
Sketcher – Sport Men Bounder

ခေတ်ရှေ့ပြေးတဲ့ကမ္ဘာကြီးမှာ သူများသာလွန်၊ အောင်မြင်၊ လျင်မြန်တဲ့ ခြေလှမ်းတိုင်း ပိုင်ဆိုင်နိုင်ဖို့ဆို Comfortable Shoes တစ်ရံရှိနေမှဖြစ်မှာနော်။

ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်နိုင်ငံ Brand တစ်ခုဖြစ်တဲ့ Sketchers ဖိနပ်များဟာဆိုရင် ခိုင်ခံမှုနဲ့ သက်သောင့်သက်သာရှိစေမှုမှာ သာလွန်မှုရှိတွေရှိနေပါတယ်။

ယခု ၈ ခုမြောက် Super Product လေးဟာဆိုရင် ခိုင်ခံ့မှုရှိတဲ့ ချည်ထိုး Knitted စနစ်ဖြင့်ထုတ်လုပ်ထားခြင်းဖြင့်ပါတယ်။

ဖိနပ်လေးရဲ့ အတွင်းသား အိစက်ညက်ညောစေဖို့အတွက် အဆင့်မြင့် Air Cooled Memory Foam စနစ်ဖြင့် ပြုလုပ်ထားတာဖြစ်လို့ ခြေလှမ်းတိုင်းအတွက် Comfortable ဖြစ်စေမှာပါ။
ဖိနပ်ခြေနင်းပြားက Lightweight ဖြစ်တာမို့ Comfortable ဖြစ်မှုက ၂ ဆ။

အစရှိတဲ့ အမိုက်စား ဖိနပ်လေးကို Shop App ရဲ့ 9.9 ပွဲတော်ကာလအတွင်း လျှော့စျေးကူပွန်ကုတ်တွေအသုံးပြီး Free Shipping အချိန်အတွင်းမှာယူပါက သင့်အိမ်ရှေ့အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။


Seller Brand: Beko (Made in Turkey)
Side by Side Refrigerator Glass (GNO62251GBTH)

Beko - Side By Side Refrigerator 9.9 Super Sale
Beko – Side By Side Refrigerator

နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပြီး မိတ်ဆက်ပေးချင်တဲ့ အမိုက်စား Product ကတော့ ဥရောပရဲ့ နံပါတ် (၁) Home Appliance Brand တစ်ခုဖြစ်တဲ့ Beko ရဲ့ ခေတ်‌ရှေ့ပြေးတဲ့ “Side By Side 2 Doors Glads Refrigerator” တံခါးနှစ်ဖက်ပါတဲ့ ရေခဲသေတ္တာကြီးပဲဖြစ်ပါတယ်။

ဒီလိုအမိုက်စား Top Tier Luxurious Kitchen Appliance ကြီးရဲ့ စျေးနှုန်းကတော့ သိန်း (၃၀) ကျော် ဖြစ်ပြီး Shop App ရဲ့ 9.9 Super Sale မှာ ဝယ်ယူပါက တန်တန်တန် ဆိုပြီးမြည်နေဦးမှာပါ။

မဖြစ်နိုင်တာ။ သိန်း (၃၀) ကျော် ကဘာကြောင့်တန်ရမှာလဲ? အဖြေကိုသိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။ 

Promotion အကြောင်းတွေမပြောခင် Product ရဲ့ အားသာချက်လေးတွေကို အရင်ကြည့်ရှုလိုက်ရအောင်။

  • Ice Maker Type: Twist Ice Maker without Catridge
  • Refrigerant: R600a
  • Daily Freezing Capacity: 10kg
  • Display Type: 7 Segment – LED Electronic Display ON
  • NeoFrost™ Dual Cooling Technology ပါဝင်တာကြောင့် အအေးခန်းနဲ့ အခဲခန်း ခွဲခြားနိုင်မှာဖြစ်ပြီး စားစရာတွေကို ကြာရှည်ခံ လတ်ဆတ်စေကာ အနံ့အသက်ရောထွေးခြင်းအန္တရာယ်ကိုကင်းဝင်းစေမှာဖြစ်ပါတယ်။
  • မီးဆွဲအားနည်းနည်းဖြင့် အအေးဓာတ်ကိုထောက်ပံ့ပေးမယ့် ProSmart™ Inverter Compressor ဖြစ်လို့ လျှပ်စစ်မီတာခချွေတာရာလည်းရောက်သလို စွမ်းအင်သုံးစွဲမှုကိုထိန်းသိမ်းရာရောက်တာကြောင့် မလိုလားအပ်တဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုကိုပါ တစ်ခါတည်း လျှော့ချပေးပြီးသား ဖြစ်မှာဖြစ်ပါတယ်။
  •  အစားအသောက်တွေကို လျင်မြန်စွာ အေးခဲပေးနိုင်တဲ့ Fast Freeze နည်းပညာနဲ့အတူ
  • စွမ်းအင်ချွေတာပေးနိုင်တဲ့ Eco Function,
  • အိမ်မှာ လူမရှိတဲ့အချိန် အခဲခန်းကို ကိုယ်လိုအပ်တဲ့ အပူချိန်အတိုင်း ထားနိုင်ပြီး အအေးခန်းမှာတော့ အပူချိန် 15°C နဲ့ လည်ပတ်ပေးမယ့် Vacation Mode တို့လည်း ပါဝင်တာကြောင့် ကာလကြာရှည်ခရီးထွက်လိုသူများအတွက် အထူးသင့်လျော်ပါတယ်။ 
  • ၅၆၅ လီတာဝင်ဆံ့တာကြောင့် တစ်လစာကြိုတင်စျေးဝယ်သိုလှောင်ထားလိုတဲ့ အိမ်ရှင်မများအတွက်လည်း အံ့ကိုက်ပဲပေါ့။

ဒါတွေမကသေးပါဘူး။

စက်တင်ဘာလ (၉) မှ (၁၃) ရက်နေ့အထိ Shop App တွင် ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်မယ့် 9.9 Super Sale  စျေးရောင်းပွဲတော်ကြီးတွင်လည်း “15% OFF” Discount ချပေးမယ့်အပြင် –

  • ၂၇,၉၀၀ ကျပ်တန် Microwave Oven မုန့်ဖုတ်စက်တစ်လုံး၊
  • ၁၉၉,၀၀၀ ကျပ်တန် Air Fryer တစ်လုံး၊
  • ၃၉၉,၀၀၀ ကျပ်တန် 16 လက်မ Mist Fan ပန်ကာတစ်လုံးနဲ့အတူ
  • ၁၂၉,၀၀၀ ကျပ်တန် Infrared Cooker တစ်လုံး စုစုပေါင်း အမိုက်စား (၄) မျိုးကို စတဲ့ ၇ သိန်းကျော်ဖိုးကို FREE GIFT အနေနဲ့လက်ဆောင်ပေးဦးမှာဆိုတော့ တန်တယ်ဆိုတဲ့ပစ္စည်းတွေတောင် ဒီ့ထက်တန်ဦးမယ်မထင်တော့ပါဘူး။

ဒါတင်ပဲလား? နိုးပါ။

9.9 Super Sale မှာပါဝင်မယ့် Killer Tech Deals အစီအစဥ်မှာလည်း ပုံတွင်ပြသထားသော အလန်းစားကူပွန်ကုတ်ကိုအသုံးပြုပြီး သုံးထပ်ကွမ်းလျှော့စျေး Discount ကိုပါ ထပ်မံခံစားနိုင်ဦးမှာဖြစ်ပါတယ်။

အာမခံအနေဖြင့် (၁) နှစ်ဖြစ်ပြီး ရေခဲသေတ္တာအရေအတွက်ကို ကန့်သတ်ထားမှာဖြစ်လို့ ဦးရာလူကသာ လက်ဦးမူရရှိမည် ဖြစ်တာကြောင့် အခုပဲ Shop App မှာ အော်ဒါတင်မှာယူလိုက်တော့နော်။ 


The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *