Zodiac များရွေးချယ်သင့်တဲ့ Birthstones ကျောက်မျက်ရတနာများ
သိပ္ပံနည်းပညာခေတ်ကြီးမှာ သဘာဝလွန်ဆန်သမိုင်းဝင်အကြောင်းအရာများနဲ့ယှဥ်တွဲပြီး လုပ်ဆောင်တဲ့အရာတိုင်းဟာ ပုံမှန်ထက်ပို၍ အကျိုးသက်ရောက်မှုရှိကြောင်းကို လေ့လာချက်တွေအရ သိရှိရပါတယ်။
B.C. 3,000 လောက်ကပင် Astrology နယ်ပယ်ရှိ Ancient Civilizations ရှေးခေတ်နက္ခတ်ပညာရှင်များရဲ့ တွေ့ရှိချက်အရ မွေးနေ့၊ နေ့နံနဲ့ကိုက်ညီတဲ့ Zodiac Signs ၁၂ လရာသီ ဇာတာခွင်ဖွား များရွေးချယ်သင့်တဲ့ “Birthstones (ခေါ်) Astral Stones” အမည်တွင် ကျောက်မျက်ရတနာများ ပေါ်ပေါက်ခဲ့ပါတယ်။
ထို Birthstones များကိုဆောင်ထားခြင်းဖြင့် ငုပ်လျှိုးနေသော Hidden Power များကို နိုးကြားစေကာ ကျန်းမာရေး၊ ကံကြမ္မာ၊ ညို့ဓာတ်၊ ကြွယ်ဝချမ်းသာမှု၊ အာရုံနှင့် အသိသတိရှိခြင်းနှင့် အညံ့ဆိုးများမှကာကွယ်ပေးခြင်း စသဖြင့် ထူးခြားလေးနက်တဲ့ အံ့ဖွယ် Energy များကို ယူဆောင်လာပေးနိုင်ကြောင်းတွေ့ရှိထားပါတယ်။
1912 တွင် ယခုလက်ရှိ အသုံးပြုနေတဲ့ ပြက္ခဒိန်လအလိုက် National Association of Jewelers (လက်ရှိ Jewelers Of America) မှ ခေတ်မီဆန်းသစ်လိုက်ခြင်းကြောင့် ရှေးခေတ် Astral Stones များနှင့် လက်ရှိ Birthstones များသည် ကွာဟမှုရှိသော်ငြားလည်း ပေးစွမ်းတဲ့ Energy ကတော့ မခြားနားပါဘူး။
ကဲ .. ဒါဆို Zodiac ဇာတာခွင်အရ ဘယ်ရာသီဖွားတွေက ဘယ်ကျောက်မျက်ရတနာတွေဆောင်ထားသင့်လဲ?
သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်စို့!
ပစ္စည်းမှန်၊ စျေးတန်တဲ့ စိန်၊ ရွှေ၊ ကျောက်မျက်ရတနာများကို Shop App ရှိ Sein Nan Daw Jewellery – Official Store မှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။
RUBY FOR CAPRICORN
(Dec 22 – Jan 20)
Alternative: Garnet, Rose Quartz
ရည်မှန်းချက်၊ ဆန္ဒအပြင်းပြဆုံးရာသီခွင်ဖြစ်တဲ့ သူတို့အတွက် မှတ်သတ်ထားတဲ့ Gemstone ကတော့ ရဲသွေးဆောင်၊ အလှသွေးကြွယ်တဲ့ “ပတ္တမြား” ပဲဖြစ်ပါတယ်။
“ပတ္တမြားမှန် နွံမနစ်” ဆိုတဲ့အတိုင်း ပင်ကိုယ်အလုပ်ကြိုးစားပြီး စည်းကမ်းကြီးတဲ့ Capricorn ရာသီဖွားများကို ပတ္တမြားက သတ္တိ၊ ယုံကြည်မှု၊ ပျော်ရွှင်ခြင်း၊ ဥစ္စာဓနများယူဆောင်ကာ အပျက်သဘောဆောင်တဲ့ Negative Vibes များကို ဖယ်ရှားပေးနိုင်စွမ်းရှိကြောင်း မှတ်ဆိုလေ့ရှိကြပါတယ်။
GARNET FOR AQUARIUS
(Jan 21 – Feb 18)
Alternative: Amethyst, Amber
တီထွင်ကြံဆမှုအားကောင်းပြီး ကမ္ဘာကြီးကိုပြောင်းလဲချင်တဲ့အတွေးအခေါ်ပညာရှင်သူတို့အတွက် Garnet (ခေါ်) “ဂေါ်မုတ်နီ” ဖြင့်ကိုယ်စားပြုထားပါတယ်။ Philosophy ဦးနှောက်ဆန်တဲ့ Aquarius များကို ဂေါ်မုတ်နီက နှလုံးသားဆန်တဲ့ Relationships၊ Emotions များဖြင့် ဆောင်ယူထိန်းညှိပေးပါတယ်။ ဒါ့အပြင် ဉာဏ်ပညာ၊ လွတ်လပ်မှုတို့ကို ထောက်ပံ့ပေးပြီး Professional Business လုပ်ငန်းများအတွက် ကြီးပွားတိုးတက်မှုများဖြစ်ထွန်းစေတဲ့ Birthstone အဖြစ်ယုံကြည်ကြပါတယ်။
AMETHYST FOR PISCES
(Feb 19 – Mar 20)
Alternative: Aquamarine, Jade
စိတ်ခံစားချက်ထိခိုက်လွယ်တဲ့ Pisces ရာသီခွင်များကို မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာအဆိုးများကို Amethyst (ခေါ်) “နီလာခရမ်း” က တွန်းလှန်နိုင်စွမ်းရှိပါတယ်။ စိတ်ပင်ပန်းမှုနှင့် စိုးရိမ်စိတ်များကို ဖြေလျှော့ပေးနိုင်တဲ့ နီလာခရမ်းကို “သဘာဝရဲ့ စိတ်ငြိမ်ဆေး” လို့ယုံကြည်ထားကြပြီး စိတ်နဲ့ Nervous System ကို တည်ငြိမ်အေးချမ်းစေပြီး ကရုဏာတရား၊ ကိုယ်ချင်းစားတရားများ ဆောင်ကျဥ်းပေးနိုင်စွမ်းရှိတဲ့ ကျောက်ရိုင်းတုန်းလေးဖြစ်ပါတယ်။
ပစ္စည်းမှန်၊ စျေးတန်တဲ့ စိန်၊ ရွှေ၊ ကျောက်မျက်ရတနာများကို Shop App ရှိ Sein Nan Daw Jewellery – Official Store မှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။
DIAMOND FOR ARIES
(Mar 21 – Apr 20)
Alternative: Bloodstone, Clear Quartz
စိတ်ဓာတ်ခွန်အား ပြင်းပြသန်မာတဲ့ Great Leader – Aries များအတွက် တောင့်တင်းကြံ့ခိုင်မှု ကျောက်မျက်တို့ရဲ့ဘုရင် “စိန်” နဲ့ ကိုယ်စားပြုထားပါတယ်။ Masculine Energy ကို ဆောင်ကျဥ်းပေးတဲ့ စိန်ဟာ Aries တို့အတွက် မိမိကိုယ်ကိုယုံကြည်မှု၊ သတ္တိ၊ စင်ကြယ်မှု၊ ကြွယ်ဝမှုများနဲ့အတူ ဘဝရဲ့ ကဏ္ဍအသီးသီးရှိ ပဟေဠိလျှို့ဝှက်များကို အဖြေထုတ်၊ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။
SAPPHIRE FOR TAURUS
(Apr 21 – May 21)
Alternative: Emerald, Chrysoprase
ဗီးနက်စ်ဂြိုလ်ရဲ့ အုပ်ချုပ်မှုအောက်မှာတည်ရှိတဲ့ Taurus များဟာ အလှအပနဲ့ ဇိမ်ခံပစ္စည်းများကို ကြိုက်နှစ်သက်သူများပီပီ မဆုတ်မနစ်တဲ့ဇွဲဖြင့် သက်သောင့်သက်သာရှိတဲ့ ဘဝခရီးပန်းတိုင်ရရှိအောင်ကြိုးစားကြသူများဖြစ်ပါတယ်။ ဒီရာသီခွင်များအတွက် သတ်မှတ်ထားတဲ့ Birthstone ကတော့ ပြာလဲ့လဲ့ “နီလာ” ရတနာပဲဖြစ်ပါတယ်။ ရိုးသားမှု၊ စိတ်ချယုံကြည်မှု၊ စိတ်ရှည်ခြင်း၊ ပြတ်သားခြင်း လက္ခဏာများကို ကိုယ်စားပြုတဲ့ ဒီရတနာဟာ ဝိတ်ဆင်သူများအပေါ်ပါ ထိုအင်္ဂါရပ်များပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဣဿာမစ္ဆရိယ မနာလိုမှုနဲ့ ရမ္မက်လောဘစိတ်တွေကိုပါ ကာကွယ်နိုင်ကြောင်း ယုံကြည်ထားကြပါတယ်။
AGATE FOR GEMINI
(May 22 – Jun 21)
Alternative: Pearl, Moonstone
မွေးရာပါ ပတ်ဝန်းနဲ့လိုက်လျောညီထွေမှုရှိတဲ့ Gemini ရာသီခွင်များသည် ဖြတ်ထိုးဉာဏ်ကောင်းပြီး ဘာပဲလုပ်လုပ် စိတ်ဓာတ်တက်ကြွစွာလုပ်ဆောင်တတ်ကြသူများဖြစ်ပါတယ်။ ဒါ့ကြောင့် မလိုလားအပ်တဲ့ စိတ်ဖိစီးမှု၊ Energy Drain ဖြစ်ခြင်းများမှ ကာကွယ်နိုင်စွမ်းရှိပြီး တည်ငြိမ်ခြင်းကိုဖော်ဆောင်တဲ့ Agate (ခေါ်) သင်္ဘောမဟူရာ ကျောက်ရိုင်းတုန်းလေး ဆောင်ယူဖို့ သတ်မှတ်ထားပါတယ်။ သင်္ဘောမဟူရာဟာ အလိုလျောက်ထိုးထွင်းသိမြင်နိုင်စွမ်းဉာဏ်ကို ပိုမိုထက်မြက်စေတာကြောင့် အရေးကြီးသောဆုံးဖြတ်ချက်များမချမီ ထို Birthstone လေးကိုဝတ်ဆင်ဖို့ Suggestion ပေးထားကြပါတယ်။
ပစ္စည်းမှန်၊ စျေးတန်တဲ့ စိန်၊ ရွှေ၊ ကျောက်မျက်ရတနာများကို Shop App ရှိ Sein Nan Daw Jewellery – Official Store မှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။
EMERALD FOR CANCER
(Jun 22 – Jul 22)
Alternative: Ruby, Carnelian
မွေးရာပါအလိုလျောက်သိမြင်နိုင်စွမ်းရှိပြီး စိတ်ခံစားမှုအရမ်းလွယ်တတ်တဲ့ Cancer Zodiac များရွေးချယ်သင့်တဲ့ Birthstones ကျောက်မျက်ရတနာများ ထဲမှတစ်ခုဖြစ်တဲ့ ကြည်အေးလှပ တွင်းကျောက် “မြ” ပဲဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အစွဲအလန်း၊ ရမ္မက်စိတ်ဓာတ်များကို မြ ဟာ တွန်းလှန်နိုင်ပြီး ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့အတွေ့အကြုံများကို ဆောင်ကျဥ်းပေးနိုင်ပါတယ်။
ONYX FOR LEO
(Jul 23 – Aug 22)
Alternative: Peridot, Spinel
တောအုပ်ဘုရင်ခြင်္သေ့နဲ့ ကိုယ်စားပြုထားတဲ့ Leo ရာသီဖွားများအတွက် သတ်မှတ်ကျောက်မျက်ကတော့ Onyx (ခေါ်) “မဟူရာကြောင်ဝင်” ပဲဖြစ်ပါတယ်။ ဉာဏ်ကွန့်မြူးကာ သွက်လက်ထက်မြက်တဲ့ ဂုဏ်သတ္တိကိုပိုင်ဆိုင်တဲ့ ထိုကျောင်ရိုင်းလေးတွေဟာ Leo များရဲ့ Personality များနဲ့ကိုက်ညီမှုရှိပြီး ပေးကမ်းရက်ရောခြင်း၊ အချစ်နှင့် သစ္စာရှိခြင်း၊ အမြင်ကျယ်ခြင်း စတဲ့ စွမ်းအင်များကိုလည်း ခေါ်ဆောင်ပေးပါတယ်။ ဒါ့အပြင့် ကြွယ်ဝချမ်းသာမှုများနှင့် ဘဝရည်မှန်းချက်အိပ်မက်များကိုလည်း လက်တွေ့ဖန်တီးနိုင်ကြောင်း မှတ်ဆိုထားကြပါတယ်။
CARNELIAN FOR VIRGO
(Aug 23 – Sept 22)
Alternative: Sapphire, Lapis Lazuli
လက်တွေ့ဆန်ပြီး အသေးစိတ်ဆန်တဲ့ Perfectionist – Virgo ရာသီဖွားများအတွက် Astral Stone ကတော့ Carnelian (ခေါ်) “သလင်းကျောက်နွယ်ဝင် မဟူရာနီ” ပဲဖြစ်ပါတယ်။ ထိုကျောက်များကို လိမ္မော်ရောင်မှ နီညိုဘက်သို့သမ်းသော အရောင်များဖြင့်တွေ့မြင်နိုင်ပါတယ်။ စိတ်မှောင်ကျကာ Anxiety ဝင်တတ်သော Virgo လေးများရဲ့ သဘာဝကို မဟူရာနီမှ စိတ်ခွန်အားနှင့် ခံနိုင်ရည်စွမ်းတိုးမြှင့်ကာ ကူညီပေးပြီး အကာအကွယ်ပေးခြင်း၊ လှုံ့ဆော်ခြင်း စတဲ့ ဂုဏ်သတ္တိများကိုလည်း ထိုကျောက်မျက်လေးက ဖော်ဆောင်ပေးပါတယ်။
ပစ္စည်းမှန်၊ စျေးတန်တဲ့ စိန်၊ ရွှေ၊ ကျောက်မျက်ရတနာများကို Shop App ရှိ Sein Nan Daw Jewellery – Official Store မှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။
PERIDOT FOR LIBRA
(Sept 23 – Oct 23)
Alternative: Opal, Tourmaline
အနုပညာ၊ အလှအပ ပသာဒရှိတဲ့ Libra လေးများအတွက် သတ်မှတ်ရတနာကတော့ Peridot (ခေါ်) ပြောင်ခေါင်းစိမ်း ပဲဖြစ်ပါတယ်။ Libra များကဲ့သို့ ပေးကမ်းရက်ရောခြင်း၊ ပေါင်းသင်းရလွယ်ကူခြင်း၊ သဟဇတဖြစ်ခြင်း စတဲ့ စွမ်းအင်များနဲ့ပြည့်နေတဲ့ ထိုကျောက်လေးတွေဟာ စိတ်ကူးယဥ်ပဓာနဝါဒ၊ တီထွင်ဉာဏ်နှင့် လွှမ်းမိုးနိုင်မှုစွမ်းအားများကို ဝတ်ဆင်ထားသူအပေါ်လှုံ့ဆော်ပေးပါတယ်။
BERYL FOR SCORPIO
(Oct 24 – Nov 22)
Alternative: Topaz, Citrine
ငွေကြေးစီမံခန့်ခွဲမှုအားကောင်းတဲ့ Scorpio ရာသီခွင်ဖွားများအတွက် သတ်မှတ်ရတနာကတော့ Beryl (ခေါ်) မြမျိုးရင်းကျောက် “Beryllium Aluminum” ဆီလီကာဒြပ်ပေါင်းတစ်မျိုးပဲဖြစ်ပါတယ်။ Beryl စစ်စစ်တွေမှာ အရောင်ပါဝင်မှုမရှိပါဘူး။ ဒါပေမဲ့ အရောင်ပါဝင်တဲ့ Beryl များကို –
Emerald (မြစိမ်း)
Aquamarine (မြပြာ)
Morganite (ပန်းရောင်မြကျောက်)
Bixbite (မြနီ)
Heliodor (မြဝါ)
Goshenite (မြဖြူ) စသဖြင့် အရောင် ၆ မျိုးဖြင့်သတ်မှတ်ထားပါတယ်။
Beryly များကိုဝတ်ဆင်ခြင်းဖြင့် Scorpio ဖွားများရဲ့ Confident နဲ့ စိတ်အားထက်သန်မှုအပိုင်းကို ပိုမိုမြှင့်တင်ပေးပြီး မှောင်ထုလွှမ်းခြုံနေသောခံစားချက်များကိုဖယ်ရှားကာ တည်ငြိမ်ခြင်းနှင့် ကြည်လင်ခြင်း ရောင်ကြည်ဓာတ်များကို ဆောင်ကျဥ်းပေးနိုင်ပါတယ်။
TOPAZ FOR SAGITTARUIS (Birthstones)
(Nov 23 – Dec 21)
Alternative: Tanzanite, Blue Topaz
စွန့်စားခန်းများကိုနှစ်သက်ပြီး အမြဲစူးစမ်းလိုတဲ့ ဒီရာသီခွင်များရဲ့ Birthstone ကတော့ တည်ကြည်အေးချမ်းခြင်းနှင့် ကြွယ်ဝချမ်းသာမှုများကို ကိုယ်စားပြုတဲ့ Topaz (ခေါ်) ဥဿဖရားကျောက်ရိုင်းပဲဖြစ်ပါတယ်။ အကောင်းမြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ရိုးသားခြင်း၊ ပညာဉာဏ်ထက်မြက်ခြင်း အစရှိတဲ့ စွမ်းအင်များကိုလည်း ကောင်းမွန်စွာလှုံ့စော်ပေးတဲ့ ကျောက်ရိုင်းတုန်းလေးပဲဖြစ်ပါတယ်။
ပစ္စည်းမှန်၊ စျေးတန်တဲ့ စိန်၊ ရွှေ၊ ကျောက်မျက်ရတနာများကို Shop App ရှိ Sein Nan Daw Jewellery – Official Store မှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။
ကျန်းမာလှပတဲ့အသားအရေအတွက် Vaseline ရဲ့ကုသနိုင်စွမ်း
Reading Time: 3 Minutes