Coffee Makers For Coffee Lovers

Coffee Makers For Coffee Lovers

သဘာဝကော်ဖီစစ်စစ်ကိုမှ ကြိုက်နှစ်သက်သူများအတွက် Coffeeဖျော်စက် Brands များနဲ့ ကော်ဖီဖျော်စက်ဖြစ်ပေါ်လာပုံအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ပေးသွားမယ့် “Coffee Makers For Coffee Lovers”

သိရှိဖို့၊ အခုပဲ ဖတ်ရှုလိုက်စို့။

History of Coffee Maker

Coffee Maker
Melitta Bentz

မယ်လစ်တာဘန့်ဇ် (Melitta Bentz) ဆိုသူ ဂျာမန်စွန့်ဦးတီထွင်အမျိုးသမီးက တစ်မနက်ခင်းတွင် ကော်ဖီ‌သောက်ရင်း ကော်ဖီအနည်ကထွက်တဲ့ အခါးဓာတ်ကိုမနှစ်သက်တာကြောင့် ဖယ်ရှားဖို့ နည်းလမ်းစတင်ရှာဖွေခဲ့ပါတယ်။ ရှေးဦးစွာ ဆီစုပ်စက္ကူဖြင့် အနည်ဖယ်နည်းလမ်းကို စတင်စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုအောင်မြင်ခဲ့ပြီးနောက်၊ ၁၉၀၈ ခုနှစ်တွင် စက္ကူဖြင့်အနည်စစ်တဲ့ ကော်ဖီဖျော်စက်ကို စတင်တီထွင်ခဲ့ကာ ‌နာမည်ကျော်လူကြိုက်များလာပြီးနောက် ကမ္ဘာတစ်ဝန်းအောင်မြင်လာခဲ့သည်။ ထိုမှတစ်ဆင့် ယနေ့အသုံးပြုလျက်ရှိတဲ့ ခေတ်မီ Machine အသွင်သို့ တဖြေးဖြေးပြောင်းလဲခဲ့လာပါတယ်။

ယနေ့ စျေးကွက်ထဲရှိ များစွာသော ကော်ဖီဖျော်စက် Brands များထဲမှ (၉) မျိုးကို Coffee Lovers များအတွက် Shop App မှ တင်ဆက်ပေးလိုက်ပါတယ်။

Midea

Midea (MAD-202R)
Midea (MAD-202R)

နာမည်ကြီး မိုင်ဒီယာရဲ့ အရည်အသွေးမြင့် လူကြိုက်များတဲ့ Coffee Maker လေးက ချစ်စရာကောင်းသလို Fast Heating System, Shower Head, One Press Control, Boil Dry Protection အစရှိတဲ့ အမိုက်စား Functions များလည်းပါဝင်ပါတယ်၊။ အချိန် ၅ မိနစ်ပေးရှိနဲ့ အနံ့အရသာပြည့်စုံတဲ့ ကော်ဖီတစ်ခွက်ရရှိဖို့ဆို Midea ရဲ့ MAD-202R Coffee-Maker လေးတစ်ခုဆောင်ထားသင့်တယ်နော်။
စျေးနှုန်း – ၃၀,၀၀၀ ကျပ်ဝန်းကျင်


Philips

Philips (HD7447/00)

၁၈၉၀ ခုနှစ်ကစတင်ခဲ့ပြီး နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ နယ်သာလန်နိုင်ငံထုတ် Philips အမှတ်တံဆိပ်ရဲ့ HD7447/00 Coffee-Maker လေးနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝါ 1000 W စွမ်းအား၊ ရေ ၁.၂လီတာနဲ့ ကော်ဖီ ၁၀ ခွက်ကျော်အထိ ဖျော်စပ်ပေးမယ့် Philips အဖျော်စရာလေးကတော့  ၈ လက်မပတ်လည် ၁၁ လက်မအမြင့်သာရှိတာဖြစ်လို့ နေရာယူသက်သာပြီး ထားသိုရအဆင်ပြေလွယ်ကူတဲ့ ဒီဇိုင်းလေးပါ။
စျေးနှုန်း – ၁၀၀,၀၀၀ ကျပ်ဝန်းကျင်


Beko

Beko (CEP5152B)

ဥရောပနံပါတ် (၁) အိမ်သုံးကုန်အမှတ်တံဆိပ်ဖြစ်တဲ့ တူရကီနိုင်ငံထုတ် Beko ရဲ့ Espresso Maker CEP5152B က Shop App ရှိ Coffee Makers များထဲမှ လူကြိုက်များတဲ့ Top Rated စာရင်းဝင်ပစ္စည်းတစ်မျိုးဖြစ်လို့ အထူးပြောစရာမလိုတော့ပါဘူး‌နော်။ အာမခံ ၁ နှစ်ရှိပါပြီး Espresso Coffee Lovers များအတွက်အကြိုက်တွေ့စေမှာပါ။ 
စျေးနှုန်း – ၄၀၀,၀၀၀ ကျပ်ဝန်းကျင်


NESCAFE Dolce Gusto by KRUPS

NESCAFE Dolce Gusto by KRUPS
NESCAFE Dolce Gusto by KRUPS

ဂျာမဏီ brand ဖြစ်တဲ့ KRUPS မှ NESCAFE နဲ့အတူထုတ်လုပ်ထားတဲ့ Pod Coffee Machine လေးက ဒီဇိုင်းဆန်းပြီး Espresso, Cappuccino ပုံစံ (၆) မျိုးအထိ ဖျော်စပ်ပေးနိုင်ပါတယ်။ သုံးစွဲရ အဆင်ပြေလွယ်စေတဲ့ Easy Touch Function နဲ့ဖြစ်လို့ တကယ်အကြိုက်တွေ့စေမယ့် Coffee-Maker လေးဖြစ်ပါတယ်။
စျေးနှုန်း – ၂၀၀,၀၀၀ ကျပ်ဝန်းကျင်


Panasonic

Panasonic Coffee Maker
Panasonic (NC GF1)

အားလုံးကြိုက်နှစ်သက်ပြီးသားဖြစ်တဲ့ ဂျပန်နိုင်ငံထုတ် Panasonic ရဲ့ NC GF1 Coffer-Maker လေးဟာဆိုရင် စွမ်းအင် 800W နဲ့အတူ တစ်ခါဖျော်လျှင် ကော်ဖီ ၁၀ ခွက်စာအထိ ဖျော်စပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Swing Basket with Mesh Filter, Drip Stopper စတဲ့ Function တွေလည်းပါဝင်ပါသေးတယ်။
စျေးနှုန်း – ၆၀,၀၀၀ ကျပ်ဝန်းကျင်


DēLonghi

DēLonghi Coffee Maker
DēLonghi (ECP 31.21)

DēLonghi ရဲ့ အရည်အသွေးမြင့် ECP 31.21 Pump Espresso Coffee Machine ကို အီတလီနိုင်ငံမှထုတ်လုပ်ထားပြီး Auto မီးပိတ်ပေးသည့်စနစ်၊ ရေနွေးသီးသန့်ထုတ်နိုင်သည့်စနစ်၊
Coffee Tamper နှင့် ကော်ဖီမှုန့်စစ်ဇကာပါရှိခြင်း အစရှိတဲ့ Function များစွာပါရှိပြီး Espresso နှင့် Cappuccino ကောင်း၁ခွက်ကို ကိုယ်တိုင်ဖျော်စပ်နိုင်တာဖြစ်လို့ Barista များအကြိုက်တွေ့စေမှာပါ။
စျေးနှုန်း – ၁,၀၀၀,၀၀၀ ကျပ်ဝန်းကျင်


Electrolux

Electrolux Coffee Maker
Electrolux (E2CM1-200W)

ဆွီဒင်နိုင်ငံမှ တင်သွင်းဖြန့်ချီထားတဲ့ Electrolux – Drip Coffee-Maker E2CM1-200W ဖြစ်လို့ ကွာလတီပိုင်းက ပေးတဲ့စျေးထက်ကို ပိုတန်နေပါပြီ။ ရေ ၁.၂၅ လီတာ၊ စွမ်းအင် 1000W, ၁.၇ ကီလိုအလေးချိန်နဲ့ အမြင့် ၁၂ လက်မနဲ့ ၁၀ လက်မဝန်းကျင်ပတ်လည်ရှိတာကြောင့် တစ်မိသားစုလုံးအတွက် အေးဆေးဖျော်စပ်ပေးနိုင်တဲ့ ကော်ဖီဖျော်ဆရာတစ်ဦးပါ။ အာမခံ ၂ နှစ်လည်းပေးထားပါသေးတယ်တဲ့နော်။
စျေးနှုန်း – ၉၀,၀၀၀ ကျပ်ဝန်းကျင်


PowerPac

PowerPac Coffee Maker
PowerPac (PPCM301 0.65L)

ကော်ဖီလား? လက်ဖက်ရည်လား? ခလုပ်တစ်ချက်နှိပ်ရုံနဲ့ အနံ့အရသာနဲ့ပြည့်စုံညက်ညောတဲ့ နှစ်သက်ရာသောက်စရာများကို PowerPac ရဲ့ PPCM301 0.65L Coffee-Maker ကဖျော်စပ်ပေးနိုင်ပါတယ်။ စင်ကာပူနိုင်ငံမှ ထုတ်လုပ်ထားတာဖြစ်ပြီး အပူချိန် ၅၀ ဒီဂရီအထိထိန်းညှိပေးတဲ့ Thermostatic Panel, Washable Filter စတဲ့ Function များနှင့်အတူ ကော်ဖီ ၄ ခွက်စာ အေးဆေးဖျော်စပ်နိုင်တာမို့ တနိုင်တပိုင် ကော်ဖီဖျော်သောက်ချင်သူများအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။
စျေးနှုန်း – ၆၀,၀၀၀ ကျပ်ဝန်းကျင်


Pensonic

Pensonic Coffee Maker
Pensonic (PCM-1903)

ပါတိတ်ဒီဇိုင်းဆန်းဆန်းလေးနဲ့ ဖျော်စက်လေးက Pensonic – Batik Series Coffee Machines ထဲက PCM-1903 ဖြစ်ပြီး မလေးရှားနိုင်ငံကထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကော်ဖီ ၁၀ ခွက်အထိ ဖျော်စပ်နိုင်ပြီး 900W, Removable Funnel with Nylon Filter, Anti-Slip Feet, Measuring Spoon အစရှိတဲ့လုပ်ဆောင်ချက်များပါဝင်ပါတယ်။
စျေးနှုန်း – ၆၀,၀၀၀ ကျပ်ဝန်းကျင်


30 Minutes Easy Spaghetti Meatballs Recipe
Reading Time: 2 Minutes

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *