![၁၂ လရာသီခွင်တွေကပြောမယ့် ၂၀၂၂ ရဲ့ သင့်အချစ်ရေး](https://blog.shop.com.mm/wp-content/uploads/2022/07/Cover-2-850x560.jpg)
၁၂ လရာသီခွင်တွေကပြောမယ့် ၂၀၂၂ ရဲ့ သင့်အချစ်ရေး
ဂရိဒဏ္ဍာရီထဲက ၁၂ လရာသီခွင်တွေပြောမယ့် ၂၀၂၂ ရဲ့ သင့်အချစ်ရေး အကြောင်းကို အခုပဲ နားဆင်ကြည့်လိုက်ပါ။
ARIES (MARCH 21 – APRIL 19)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/2-15-1024x584.jpg)
နှစ်သစ်မှာ အချစ်သစ်တွေ့ကိန်းကြုံမယ့် မိဿရာသီဖွားများရဲ့ အချစ်ရေးကတော့ ၂၀၂၂ မှာ အရင်ကထက် ပျော်ရွှင်စရာများနဲ့ ပြည့်နှက်နေပါလိမ့်မယ်။ လက်တွဲဖော်နဲ့ အဆင်ပြေချောမွေ့တဲ့ဆက်ဆံရေးကို ရရှိစေမယ့် နှစ်တစ်နှစ် ဆိုလည်းမမှားပါဘူး။ စုံတွဲတွေကြားမှာ ချစ်စစ်ဆင်ရေးခင်းမယ့် ကာမဂုဏ်တွေ တိုးပွားနိုင်ဖွယ်ရှိပြီး အပြန်အလှန်ထားရှိကြတဲ့ ယုံကြည်မှုအခြေအနေလည်း အထွတ်အထိပ်သို့ရောက်နေပါလိမ့်မည်။ Single များအနေဖြင့် မိမိရဲ့လက်တွဲဖော်နဲ့ လက်ထက်ထိမ်းမြားမှုများဖြစ်လာနိုင်ချေရှိသည်။ နှစ်ကုန်ပိုင်းတွင် Aries များအတွက် မထင်မှတ်ထားတဲ့ ပြောင်းလဲမှုနဲ့ ရွေးချယ်စရာအခိုက်အတံ့များကြုံတတ်ပါတယ်။
အချစ်ရေးကံကောင်းသောလ – ဖေဖော်ဝါရီ၊ အောက်တိုဘာ
TAURUS (APRIL 20 – MAY 20)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/11-1024x584.jpg)
ပြိဿရာသီဖွားတွေကတော့ ၂၀၂၂ မှာ လက်တွဲဖော်နဲ့ ဆက်ဆံရေးခိုင်မာစေရန် လက်တွဲဖော်အပေါ် ခဏခဏအပြစ်ပုံချခြင်း၊ ရန်ဖြစ်ခြင်းတို့ကို ရှောင်ရှားသင့်သည်။ စကားပြောဆိုရာတွင် စကားလုံးအသုံးအနှုန်းကို ပညာရှိစွာရွေးချယ်သင့်သည်။ မိမိလက်တွဲဖော်နဲ့ တင်းမာသောဆက်ဆံရေးများ ပြေလည်ပြီးနောက်ပိုင်းတွင် လက်တွဲဖော်၏ ပံ့ပိုးကူညီမှုများရရှိမည်ဖြစ်သည်။ Taurus များအနေဖြင့် အပေးအယူမမျှသောဆက်ဆံရေးသို့ ရောက်ရှိနေပါက ရှေ့ ဆက်ရန်မေးခွန်းထုတ်သင့်သည်။
အချစ်ရေးကံကောင်းသောလ – ဇန်နဝါရီ၊ ဇွန်၊ ဇူလိုင်
GEMINI (MAY 21 – JUNE 20)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/5-9-1024x584.jpg)
မေထုန်ရာသီဖွားများနဲ့ လက်တွဲဖော်များ၏ ဆက်ဆံရေးကတော့ ၂၀၂၂ မှာ ပျော်စရာနဲ့ စိတ်ရှုပ်ထွေးစရာများရောထွေးနေတတ်ပါတယ်။ Single များအနေဖြင့် မထင်မှတ်ထားတဲ့နေရာတွင် အချစ်အသစ်ကိုတွေ့နိုင်ပြီး ကိုယ့်အချစ်ဟောင်းလည်းပြန်လာတတ်ပါတယ်။ ယုံကြည်မှုပြသနာကြောင့် မိမိလက်တွဲဖော်နဲ့ မကြာခဏဆိုသလို ပဋိပက္ခများကြုံနိုင်ပါတယ်။ ချစ်သူရှိပြီးသားသူများအနေဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မယ့် အလားအလာရှိပြီး မကြာခဏဆိုသလို မေတ္တာလက်ဆောင်တွေပေး၍ နှစ်ဦးကြားသံယောဇဉ်ကိုတိုးပွားပေးပါ။
အချစ်ရေးကံကောင်းသောလ – ဧပြီ၊ မေ၊ အောက်တိုဘာ
CANCER (JUNE 21 – JULY 22)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/3-13-1024x584.jpg)
၂၀၂၂ ကတော့ ကရကဋ်ရာသီဖွားများအတွက် အချစ်ရေးတွင် ကံကောင်းတဲ့နှစ်တစ်နှစ်ဟုဆိုရမည်။ Single များ စန်းပွင့်မည်။ ပိုင်ရှင်ရှိပြီးသူများအနေဖြင့် သင့်ချစ်သူအပေါ် ရိုးသားမှု၊ စိတ်ရှည်ခြင်းနှင့် ကတိကဝတ်များ ပေးဆောင်ပြသရန်လိုအပ်သည်။ မိမိချစ်ရသူနဲ့အတူ ခံစားချက်များကို ဆွေးနွေးတိုင်ပင်ကာ အချိန်ပိုကုန်ဆုံးပေးခြင်းဖြင့် သူနဲ့ ပိုမိုလေးနက်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ နှစ်ဦးကြား ရန်ပဋိပက္ခများကို အတတ်နိုင်ဆုံးရှောင်ရှားပါ
အချစ်ရေးကံကောင်းသောလ – ဇန်နဝါရီမှ မတ်အထိ၊ ဇူလိုင်မှ စက်တင်ဘာအထိ
LEO (JULY 23 – AUGUST 22)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/6-8-1024x584.jpg)
စွန့်လွှတ်ခြင်းနဲ့ အသစ်စတင်ခြင်းများကို ၂၀၂၂ တွင် သိဟ်ရာသီဖွားများကြုံတွေ့တတ်ပါတယ်။ အဆိုးနဲ့အကောင်းဒွန်တွဲမည့် ကာလဖြစ်ပြီး အတိတ်ကခါးသီးတဲ့အမှတ်တရများကို လက်လွှတ်ချပြီး အသစ်တစ်ဖန်ပြန်လည်ပေါက်ဖွားဖို့ အချိန်တန်ပါပြီ။ လက်တွဲဖော်ရှိသူများအနေဖြင့် သင်အခက်တွေ့နေသောအချိန်များတွင် သင့်လက်တွဲဖော်ရဲ့ အကူအညီရလိမ့်မည်။ ရိုးသားမှု၊ ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှုတို့တည်ဆောက်ပြီးနောက်တွင် နှစ်ဦးကြားနွေးထွေးမှုသည် ပိုမိုတိုးမြင့်လာပါလိမ့်မည်။
အချစ်ရေးကံကောင်းသောလ – ဇန်နဝါရီမှ မတ်အထိ၊ ဇူလိုင်မှ နိုဝင်ဘာအထိ
VIRGO (AUGUST 23 – SEPTEMBER 22)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/12-1024x584.jpg)
ကန်ရာသီဖွားမျာရဲ့ အချစ်ရေးကတော့ ပျော်ရွှင်စရာအချိန်တွေနဲ့ပြည့်နှက်နေပါလိမ့်မည်။ Single များအနေဖြင့် ဘဝရဲ့ တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးမယ့် အချစ်အသစ်တွေ့ရှိပါလိမ့်မယ်။ သို့သော် လူမှန်မဟုတ်သောသူအပေါ် သင့်အချိန်နဲ့ ခံစားချက်တွေ မှားယွင်းစွာရင်းနှီးမြှုပ်နှံနေတတ်တယ်။ ထိုသူ၏နောက်ကြောင်းကို လေ့လာရန်လိုအပ်သည်။ လက်တွဲဖော်ရှိသူများအနေဖြင့် ဂရုစိုက်ကြင်နာခြင်းများပြသခြင်းဖြင့် သာယာပျော်ရွှင်ဖွယ်ကောင်းသောအချစ်ရေးတစ်ခုရရှိစေမှာဖြစ်ပါတယ်။
အချစ်ရေးကံကောင်းသောလ – မတ်၊ ဧပြီ၊ ဇွန်၊ စက်တင်ဘာ
LIBRA (SEPTEMBER 23 – OCTOBER 22)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/7-6-1024x584.jpg)
၂၀၂၂ မှာ အချစ်တွေဟာ Single တူရာသီဖွားများရဲ့လေထုထဲတွင် ပျံဝဲလျက်ရှိမှာဖြစ်ပါတယ်။ နက္ခတ်ကြယ်တာယာများက သင့်ကိုမျက်နှာသာပေးမှာဖြစ်ပြီး စန်းပွင့်မည့်နှစ်တစ်နှစ်ဖြစ်မည်။
လက်တွဲဖော်ရှိသူများအဖို့ ၂၀၂၂ တွင် အဆင့် နောက်တစ်ဆင့်တိုးတက်နိုင်ဖွယ်ရှိသည်။ အိမ်ထောင်သည်များအတွက် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်းတို့သည် မပျက်မစီးရှိနေမည်ဖြစ်သည်။ ကြမ်းတမ်းသော ငြင်းခုံခြင်းနှင့် အပြုအမူများကို ရှောင်ကြဉ်ပါ။
အချစ်ရေးကံကောင်းသောလ – မတ်၊ ဧပြီ၊ ဇွန်၊ စက်တင်ဘာ
SCORPIO (OCTOBER 23 – NOVEMBER 21)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/10-2-1024x584.jpg)
၂၀၂၂ မှာ ပိုကောင်းမွန်တဲ့အချစ်ရေးကို ဗြိစ္ဆာရာသီဖွားများအနေဖြင့်ပိုင်ဆိုင်ပါလိမ့်မည်။ နေရာတိုင်းမှာ အချစ်တွေနဲ့ပြည့်ဝပါနေလိမ့်မည်။ Single များအဖို့ ဆုံးဖြတ်ချက်တိုင်းကို စဉ်းစားဖို့လိုအပ်သည်။ မိမိကိုယ်ကို ပိုမိုတန်ဖိုးထားပြီး ထိုတန်ဖိုးက သင့်ရဲ့ Relationship မှာပါ ထင်ဟပ်နေပါလိမ့်မယ်။ လက်တွဲဖော်ရှိသူများအဖို့ အချိန်တိုင်းက နှစ်လိုဖွယ်ကောင်းနေပါလိမ့်မည်။ သို့သော် သင့်လက်တွဲဖော်ရဲ့ အခက်အခဲများကို ကူညီထောက်ပံ့ပေးပြီး မလိုလားအပ်သော အငြင်းပွားဖွယ်ရာများ ကိုရှောင်ရှားရန်လိုအပ်သည်။
အချစ်ရေးကံကောင်းသောလ – ဧပြီ၊ မေ၊ နိုဝင်ဘာ
SAGITTARIUS (NOVEMBER 22 – DECEMBER 21)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/9-2-1024x584.jpg)
ဓနုရာသီဖွား Single မျာရဲ့အချစ်ရေးမှာ အတိတ်ရဲ့ ဒဏ်ရာဟောင်းများကို ကုစားပေးသူပေါ်လာတတ်ပြီး ထိုသူက သင်နဲ့အကြောင်းအရာတော်တော်များများ ကွဲပြားသူဖြစ်တတ်သည်။ လက်တွဲဖော်ရှိသူများအဖို့ ယခုနှစ်မှာ နှစ်ဦးကြားဆက်ဆံရေး ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ သို့သော် ယုံကြည်မှုလျော့နည်းကြောင့် ထိုဆက်ဆံရေးကိုမဖျက်စီးမိစေရန်သတိပြုသင့်သည်။ မိမိလက်တွဲဖော်အပေါ် ယုံကြည်မှုပိုရှိပါ။ စိတ်ဖိစီးမှုများရှိလာပါက တစ်ဖက်သူအပေါ် အပစ်ပုံချတာမျိုးမလုပ်ဘဲ တရားထိုင်ခြင်းဖြင့် ကုစားပါ။
အချစ်ရေးကံကောင်းသောလ – ဧပြီမှ ဇွန်အထိ၊ နိုဝင်ဘာမှ ဒီဇင်ဘာအထိ
CAPRICORN (DECEMBER 22 – JANUARY 19)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/4-14-1024x584.jpg)
ရေမြေမတူတဲ့ ရပ်ဝေးအချစ်ရေး အကျိုးပေးတတ်သည်။ ၂၀၂၂ ရဲ့ အစမှာ မကရရာသီဖွားတွေရဲ့ အချစ်ရေးက မထင်မှတ်ထားတဲ့ပြဿနာတွေရှိနိုင်ပေမယ့် တဖြေးဖြေးအဆင်ပြေချောမွေ့သွားပါလိမ့်မည်။ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေ တိုးတက်လာပြီး အချစ်ရေးမှာ အေးဆေးတည်ငြိမ်လျက်ရှိပါလိမ့်မည်။ သင့်လက်တွဲဖော်နဲ့ စိတ်ကူးယဉ်ဆန်တဲ့ အချိန်တွေဖန်တီးပေးပါ။ ပြောဆိုဆက်ဆံရာတွင် စကားလုံးရွေးချယ်မှုကိုဂရုစိုက်ပါ။
အချစ်ရေးကံကောင်းသောလ – မတ်၊ ဧပြီ၊ စက်တင်ဘာ
AQUARIUS (JANUARY 20 – FEBRUARY 18)
![Greek Zodiacs Love Horoscope 2022](https://blog.shop.com.mm/wp-content/uploads/2022/07/1-15-1024x584.jpg)
ကုံရာသီဖွားများပျော်လို့ရပါပြီ။ ယခုနှစ်မှာ အချစ်ရောင်ခြည်တန်းများ သင့်အပေါ် ကျရောက်မှာဖြစ်ပြီး Single များအတွက် အချိန်မှန်၊ နေရာမှန်မှာ သင့်အတွက်လက်တွဲဖော်ကို စကြဝဠာမှ သင့်ထံပို့ဆောင်ပေးလိမ့်မည်။
လက်တွဲဖော်ရှိသူများအနေဖြင့် အချိန်ပိုမိုပေးခြင်းအား နှစ်ဦးကြားထားရှိတဲ့ ယုံကြည်မှုနဲ့ မေတ္တာရေးကြိုးကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။ ၂၀၂၂ ကတော့ အချစ်ရေးအတွက် သင့်နှစ်ပါပဲ။
အချစ်ရေးကံကောင်းသောလ – ဧပြီ၊ မေ၊ သြဂုတ်
PISCES (FEBRUARY 19 – MARCH 20)
![](https://blog.shop.com.mm/wp-content/uploads/2022/07/8-2-1024x584.jpg)
မိန်ရာသီဖွား Single တွေကတော့ ၂၀၂၂ မှာ သင့်ရဲ့ အချစ်တံခါးကို အနာဂတ်အတွက် တစ်စုံတစ်ဦး (သို့မဟုတ်) အတိတ်ရဲ့ အချစ်ဟောင်း ထပ်မံလာခေါက်ပါလိမ့်မည်။ ရည်းစားရှိသူများအဖို့ အထင်လွဲမှားမှုများကြုံတတ်တာကြောင့် ပြောဆိုဆက်ဆံရာတွင် အထူးဂရုပြုပါ။ ရိုးသားပါ။ အချုပ်ပြောရလျှင် ၂၀၂၂ ဟာ Pisces များအတွက် ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းများနဲ့ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ပါ။
အချစ်ရေးကံကောင်းသောလ – မတ်၊ မေ၊ စက်တင်ဘာ