Journey To The Upper Myanmar

Journey To The Upper Myanmar

မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်အညာဒေသတွေမှာ ကြည်ညိုဖွယ်စေတီပုထိုးများနဲ့ ရင်သက်ရှုမောဖွယ် ခရီးသွားနေရာများစွာရှိပါတယ်။ ထိုဒေသများသို့ ခရီးနှင်တော့မယ်ဆိုရင် မိမိနဲ့တစ်ပါတည်း အိမ်ကနေသယ်ဆောင်သွားသင့်တယ် အရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Power Bank

ယခုလို လျှပ်စစ်မီးခဏခဏပြတ်တဲ့အချိန်မှာ ခရီးသွားရင်တောင် မိမိရဲ့ Electronic Device များကိုအားသွင်းဖို့ Power Bank ကောင်းကောင်းတစ်ခုဆောင်ယူသွားသင့်ပါတယ်။


Extension

ဟော်တယ်နဲ့ တည်းခိုခန်းရာနေရာတွေမှာ လုံလောက်တဲ့ လျှပ်စစ်မီးပလက်ပေါက်တွေမရှိတာကြောင့် မိမိအသုံးပြုနေကျ Extension (သို့မဟုတ်) အသစ်တစ်ခုဝယ်ယူပြီး တစ်ပါတည်းဆောင်ယူသင့်ပါတယ်။


Earphone

မိမိချစ်တဲ့ သီချင်းတွေနဲ့အတူ လမ်းခရီးတစ်လျှောက်မှာ အပန်းပြေပြေခရီးနှင်နိုင်ဖို့ဆို Earphone နားကြပ်ကောင်းကောင်းတစ်လုံးလိုအပ်ပါတယ်။


Sunscreen နဲ့ Skincare

ရာသီဥတုပြင်းတဲ့ဒေသတွေကိုသွားတော့မယ်ဆိုရင် နေလောင်ကာခရင် (Sunscreen) နဲ့ မိမိအသုံးပြုနေကျ Skincare များပါ လုံလောက်စွာတစ်ပါတည်းသယ်ဆောင်သွားဖို့ မမေ့နဲ့နော်။


Hair & Body Care Products

တည်းခိုရာနေရာတဲ့ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာတွေက မိမိနဲ့ဓာတ်မတဲ့အခါမျိုးတွေရှိတတ်တာမို့ မိမိအသုံးပြုနေကျ တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည်း လိုသလောက်ခွဲပြီး သယ်ဆောင်သွားဖို့ အကြံပြုပါရစေ။


Vitamin Pills

ယခုလို ကိုဗစ်ကာလမှာ ကျန်းမာစွာ ခရီးနှင်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းမွန်နေဖို့လည်းအရေးကြီးပါတယ်။ ဒါ့ကြောင့်နေ့စဥ်သောက်သုံးလို့ရမယ့် ဖြည့်စွက်အားဆေးများကိုလည်း မေ့ထားလို့မရပါတယ်။


Hand Sanitizer

အားဆေးများနဲ့ နည်းတူ ကျန်းမာရေးအတွက် နောက်ထပ်ယူသွားသင့်တဲ့အရာကတော့ New Normal မှာ မရှိမဖြစ် Hand Sanitizer လက်ဆေးဂျယ်ပဲဖြစ်ပါတယ်။


Folding Umbrella / Hat

အထက်အညာဒေသတွေမှာ ရာသီဥတုပူပြင်းတဲ့အတွက် ခရီးနှင်ပေသည့်တိုင်အောင် သယ်ဆောင်ရလွယ်ကူတဲ့ ခေါက်ထီးတစ်လက် ဒါမှမဟုတ် ရှိုးထုတ်လို့ကောင်းမယ့် ကမ်းခြေဦးထုပ်လိုမျိုးတွေဆောင်ထားဖို့ အရေးကြီးပါတယ်။


Shirts

နေလောင်ဒဏ်က အသားအရေမညီညာခြင်းများကို ဆိုးရွားစွာဖြစ်ပေစေနိုင်တာကြောင့် ခရီးမှာ Outdoor Activities တွေဆောင်ရွက်တော့မယ်ဆိုရင် အင်္ကျီလက်ရှည်အပါးတစ်ထည်ဝတ်ဆင်ပြီးမှသာ အပြင်ထွက်သင့်ပါတယ်။


Sneaker

သက်သောင့်သက်သာဖြစ်စေတဲ့ Sneaker တစ်ရံက ဖိနပ်ပေါက်ခြင်းကင်းဝေးပြီး နေလောင်ဒဏ်ကာကွယ်သာမက ခရီးပိုတွင်စေတာကြောင့် မိမိအကြိုက်ဆုံး Walking Shoe Sneaker ကိုပါယူဆောင်သွားသင့်ပါတယ်။


ယခု Article က သင့်အတွက်အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေပေးပါဦးနော်။

Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *