Travel Bagan in Monsoon Season

Travel Bagan in Monsoon Season

သင်ဟာ မိုးနဲ့ယဥ်ပါးတဲ့ ခရီးသွားတစ်ယောက်ဆိုရင် ဇွန်မှ စက်တင်ဘာလများဟာ Bagan သို့သွားရောက်လည်ပတ်ဖို့မအကောင်းဆုံးအခါသမယပါပဲ။
Are you ready to travel Bagan in Monsoon season?

မြန်မာနိုင်ငံရဲ့ “Big 4” လို့ ပြောစမှတ်ပြုရတဲ့ အထင်ကရ ရန်ကုန်၊ မန္တလေး၊ အင်းလေးကန်နဲ့ ပုဂံရှေးဟောင်းနယ်ပယ်အပါအဝင် တခြားသောဒေသများဟာ မိုးတွင်းဆိုရင် သွားလာသူနည်းပါးတာကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းကိုအားထားရသူများအတွက် စားဝတ်နေရေးကြပ်တည်းသော ကာလဆိုလည်း မမှားပါဘူး။

ဒီလိုကာလမျိုးမှာ ပတ်ဝန်းကျင်ရဲ့ အလှတရားစစ်စစ်ကိုခံစားရင်း ပြည်တွင်းအသေးစား လက်လုပ်လက်ကိုင်စီးပွားရေးများကို တစ်ဖက်တစ်လမ်းကကူညီနိုင်ဖို့ Shop App နဲ့အတူ ပုဂံရှေးဟောင်းနယ်မြေသို့အလည်သွားဖို့ ဖိတ်ခေါ်ပါရစေ။

မိုးတွင်းမှာ ပုဂံသွားရင် ဘယ်လို အကျိုးကျေးဇူး (၁၀) မျိုးရရှိနိုင်မလဲ? သိရှိဖို့၊ ဆက်လက်ဖတ်ရှုလိုက်စို့။

စိမ်းစိုနေသော ရသာမျိုးစုံ

လယ်ကွင်းမှအစ တောအုပ်ထိအဆုံး အုံ့မှိုင်း၊ စိမ်းစိုနေသော ရွှေညာမြေ ပုဂံ‌ဒေသရဲ့ လွမ်းဆွတ်ဖွယ် ရှုခင်းများကို တဝကြီးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ မြေခနေသော စိန်ပန်းများရဲ့ အလှတရားကလည်း ဝေဝေဆာဆာ။

Travel Bagan
Photo Courtesy: Internet

ရာသီဥတု

မိုးရာသီဖြစ်တဲ့အတွက် လွင်ပြင်ဒေသတွင် မပူလွန်း၊ တောင်ပေါ်ဒေသတွင် မအေးလွန်းဘဲ ညီမျှတဲ့ ဥတုရာသီကို မျှတစွာ ငြိမ်းချမ်းစွာခံစားရင်း တန်ခိုးကြီးဘုရားများကို ဖူးမျှော်နိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းစီးပွားရေးအခွင့်အလမ်းများဖြစ်ပေါ် – Support Local

Monsoon Season ဖြစ်လို့ Bagan သို့ ခရီးသွားလုပ်ငန်းများလည်းနည်းပါးပြီး ပြည်တွင်း Travel and Tourism လုပ်ငန်းလုပ်ကိုင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရာရောက်ပါတယ်။

Travel Bagan
Photo Courtesy: Internet

ဟော်တယ်ဘိုကင်

ခရီးသွားရာသီမဟုတ်တဲ့အတွက် မိမိနှစ်သက်ရာအခန်းများကို မိမိစိတ်ကြိုက် ဘိုကင်ပြုလုပ်နိုင်ခြင်းက မိုးတွင်းခရီးသွားခြင်းရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

Travel Bagan
Aureum Palace Hotel & Resort Bagan မြင်ကွင်း

Bagan တွင် စျေးလည်းသက်သာ၊ ဝန်ဆောင်မှုလည်းကောင်း၊ သန့်ရှင်းမှုနဲ့လည်းပြည့်နှက်တဲ့ ဟော်တယ်ကိုရှာနေတယ်ဆိုရင် “Aureum Palace Hotel & Resort Bagan” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထို Hotel က ပုဂံ-ညောင်ဦးလမ်းစုံမှာတည်ရှိတဲ့အတွက် အချက်အချာကျတာဖြစ်လို့ သွားလာရလည်းလွယ်ကူပါတယ်။

Travel Bagan
Aureum Palace Hotel & Resort Bagan မြင်ကွင်း

ထူထပ်သောခရီးသွားများမရှိခြင်း

ခရီးသွားရာသီ မဟုတ်တာကြောင့် ခရီးသွားများပြည့်နှက်ခြင်းမရှိဘဲ ဘုရားများကို လည်ပတ်၊ ဖူးမျှော်ရာတွင် စိတ်အနှောင့်အယှက်ကင်းစွာ အထူးသီးသန့် Exclusive Feelings ကို ရရှိစေမှာဖြစ်ပါတယ်။

ရှုခင်းနှင့် မျက်စိအစာ

Monsoon Season ဖြစ်သော်ငြားလည်းအညာမြေဖြစ်သောကြောင့် မိုးသည်းထန်စွာရွာသွန်းတဲ့အချိန်တွေရှားပါးပြီး မိုးအုံ့မှိုင်းမှိုင်းလေးဖြစ်ပေါ်တာကြောင့် နေရောင်ခြည်နှင့် နေ့တာကိုပိုရှည်စေပြီး လည်ပတ်ကြည့်ရှုရာတွင် ပိုမိုလှပငြိမ်သက်တဲ့ ရှုခင်းများကို မျက်စိအစာကျွေးနိုင်မှာဖြစ်ပါတယ်။ UNESCO World Heritage စာရင်းဝင် Bagan မြို့ဖြစ်လို့ မိုးတွင်းမှာတောင် Travel ချစ်သူများစိတ်ကြိုက် အထိန်းအကွပ်မဲ့စွာ လှချင်တိုင်း လှလို့နေ။

Travel Bagan
Photo Courtesy: Internet

လတ်ဆတ်သောရာသီစာ

လည်ပတ်ကြည့်ရှုရာတွင် မုတ်သုံရာသီဥတုဖြစ်လို့ စိမ်းစိုလတ်ဆတ်သော ကောက်ပဲသီးနှံများအပါအဝင် တခြားသော ပေါကြွယ်ဝသည့် ဒေသဆိုင်ရာ ရာသီစာများကိုလည်း မြိန်ရည်ရှက်ရည်သုံးဆောင်နိုင်ဦးမှာဖြစ်ပါတယ်။

ပရိုမိုးရှင်း

မိုးရာသီဖြစ်တဲ့အတွက် ဟော်တယ်၊ စားသောက်ဆိုင်ကဲ့သို့သော ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများတွင်လည်း မိုးရာသီအထူးခံစားခွင့်များကိုပါ တစ်ပါတည်းရရှိနိုင်မှာဖြစ်ပါတယ်။

Travel Bagan
Photo Courtesy: Internet

ဖုန်မှုန့်နည်းသောပတ်ဝန်းကျင်

အညာဒေသရဲ့ လူသိပ်မကြိုက်တဲ့အရာတစ်ခုကတော့ ဖုန်ထူထပ်တာပဲဖြစ်ပါတယ်။ မိုးတွင်းမှာဆို ဖုန်မှုန့်အန္တရာယ်လည်း ကင်းဝေးတဲ့အပြင် မြေသင်းရနံ့နဲ့အတူ မြင်နေကျရာသီမဟုတ်တဲ့ အတွေ့အကြုံအသစ်ကို လွမ်းဆွတ်ဖွယ်စွာပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဘုရားလည်းဖူး၊ လိပ်ဥလည်းတူး

ဆူညံသောကားဟွန်းတီးသံ၊ ညစ်ညမ်းသောလေထု၊ ထူထပ်သောမြို့ပြရဲ့ ဝေးရာသို့ ခဏလေးထွက်ပြီး နွမ်းလျနေသော မိမိရဲ့ စိတ်နှလုံးသားလေးကို e-bike လေးမောင်း၊ မြင်းလှည်းလေးစီးကာ၊ စိမ်းစိုသောပတ်ဝန်းကျင်၊ နွေးထွေးသောပျူငှာမှုများကို ခံစား၍ စိတ်စွမ်းအင်ဖြည့်တင်းပြီး ရှေ့ဆက်ရမယ့် ဘဝစိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ ပုဂံမြေသို့အလည်လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။

Travel Bagan
Photo Courtesy: Internet

Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *