Let’s Travel To Putao!

Let’s Travel To Putao!

မြူနှင်းများဖုံးလွှမ်းနေတဲ့ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံး ဟာခါဘိုရာဇီတောင်ထိပ်ကို လှမ်းမြင်ရပြီး ဟိမဝန္တာတောင်စွယ်၊ တောင်တန်းများအောက်ခြေရှိ ပူတာအိုမြို့လေးကို Shop App နဲ့အတူ သွားလည်ကြမယ်။ Let’s Travel To Putao!

ရဝမ်၊ လီဆူး၊ ဂျိန်းဖောနှင့် တခြားသောကချင်လူမျိုးစုများရဲ့ မွေးရပ်ဖြစ်တဲ့ ဒီမြို့လေးကို လေကြောင်းလိုင်းဖြင့်သာ ခရီးနှင်နိုင်ပြီး သွားရောက်ခဲ့ဖူးသူတိုင်းကို ဒုတိယအကြိမ် ထပ်မံလာရောက်ဖို့ ဆွဲဆောင်နေတဲ့အချက်တွေက ဘာတွေဖြစ်မလဲ?
သိရှိဖို့၊ ဆက်လက်ဖတ်ရှုလိုက်ကြစို့။

HOTEL BOOKING

မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ရေခဲတောင်တည်ရှိရာ ပူတာအိုမြို့လေးမှာ ကြည်နူးဖွယ်အခိုက်အတံ့တွေဖန်တီးနိုင်ဖို့ဆို ဟော်တယ်ကောင်းကောင်းရွေးချယ်ဖို့လိုအပ်ပါတယ်။
ရေခဲတောင်တန်းတွေ နောက်ခံထားပြီး မြစ်ကမ်းနံဘေးမှာတည်ရှိတဲ့ နာမည်ကြီး Malikha Lodge Hotel နဲ့ခရီးစဥ်စတင်ဖို့ မိတ်ဆက်လိုက်ပါတယ်။

Malikha Lodge Hotel Putao
Malikha Lodge Hotel မြင်ကွင်း

Malikha Lodge Hotel ကို Shop App မှတစ်ဆင့် ချိုသာသောစျေးနှုန်းများဖြင့် ဘိုကင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ဟော်တယ်ဘိုကင်ပြုလုပ်နည်းကြည့်ရှုရန်

ASEAN HERITAGE PARK

Photo Courtesy: Internet

၂၀၀၃ ခုနှစ်တွင် အာဆီယံရှေးဟောင်းအမွေအနှစ်ဥယျာဥ်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ ပူတာအိုခရိုင်တွင်းရှိ ဟာခါဘိုရာဇီအမျိုးသားဥယျာဥ် “Hakhaborazi National Park” နှင့် ဖုန်ကန်ရာဇီသဘာဝဘေးမဲ့ဥယျာဥ် “Phon-Kan-Razi Wildlife Sanctuary တို့တွင် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးတဲ့ ခရီးသွားများ ရဲ့ရင်ကို လှုပ်ခတ်စေမယ့် ရေခဲဆိတ်၊ သိုးပြာ၊ ပန်ဒါနီ၊ ဟိမဝန္တောဝက်ဝံ၊ ဟိမဝန္တောဇီးကွက်၊ ရှားပါးဒေါင်းနှင့် အောက်ပြည်များမှာမတွေ့နိုင်တဲ့ ၃၅၀ ကျော်သော ရှားပါးကျေးငှက်၊ လိပ်ပြာမျိုးစိတ်များ ကျက်စားလျက်ရှိနေခြင်း အပျိုစင်သဘာဝအလှကို ဖော်ဆောင်ပေးနေတာမို့ သွားလည်သင့်ပါတယ်။


YEARLY FOREST

Photo Courtesy: Internet

အမှတ်မထင်ရင် မထင်သလို နှင်းမိုးလေးတွေ ရွာတတ်တဲ့ ရာသီဥကြောင့်မို့ မိုးပြာရောင်ထင်ရှူးတော၊ ရေခဲတောင်မြက်သစ်တော၊ ဝါးတော၊ အပူပိုင်းအမြဲစိမ်းတော အစရှိတဲ့ မတူညီတဲ့ သစ်တော ၅ မျိုးကို ဒေသတစ်ခုတည်းမှာတင် တွေ့မြင်ခံစားရဦးမှာပါ။ “Rich in Flora and Fauna” လို့ပြောစမှတ်ပြုရတဲ့ ရှားပါးသစ်ခွနဲ့ ပန်းမန်များကလည်း ဝေဝေဆာကာ ခရီးသွားများကို ဆွဲဆောင်လျက်ရှိနေ။


MYO-MA ZAY

နှင်းမိုးတွေကြွေနေတဲ့ ဒီဇင်ဘာလမနက်ခင်းမှာဆို ပူတာအိုရဲ့ မြို့မစျေးအနီးရှိ “ဂျိမ်းဖော်သူ” ရှမ်းခေါက်ဆွဲဆိုင်ရဲ့ ပူပူနွေးနွေးတို့ဟူးနွေးလေးကလည်း အောက်ပြည်မှာ စားခဲ့ရတဲ့အရသာနဲ့မတူ တမူထူးခြားကာ အရသာရှိနေလွန်းပါတယ်။ စျေးနှုန်းကလည်း နှစ်ခါပြန်မေးယူရလောက်တဲ့အထိ တန်လွန်းပါတယ်။ စျေးထဲမှာလည်း လီဆူး၊ ရဝမ်၊ ကချင်၊ ရှမ်းနှင့် တခြားသောလူမျိုးနွယ်စုများရဲ့ ရိုးရာအစားအစာများ၊ ဝတ်စုံများ၊ Hand-Made ပစ္စည်းများကလည်း ရင်မောဖွယ်လှပလွန်းချက်ပါပဲ။


NAMKHAM WATERFALL

Photo Courtesy: Internet

ပူတာအိုမြို့မှ နာရီဝက်ခန့်မောင်းသွားရင် နမ့်ခမ်းရွာရှိ အပျိုစင်တောအုပ်ရှိ ကုန်းထိပ် ၇ ဆင့် ခရစ္စတယ်ရောင် ရေတံခွန်ရဲ့ သဘာဝစစ်စစ်အလှတရားများပါ ခံစားနိုင်ဦးမှာပါ။


ADVENTURES

TREKKING, CLIMBING, SKIING

Photo Courtesy: Internet

ခြေလျင်တောင်တက်ခရီးကြမ်း၊ နှင်းတောင်တက်ခြင်း၊ နှင်းဆီးလျှော အစရှိတဲ့ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းကျမယ့် ရင်ခုန်ဖွယ်စွန့်စားခန်းများကလည်း Putao ရှိ ခရီးသွား Travel Tourist များကိုစွဲဆောင်နိုင်တဲ့ အထင်ကရ Activities တွေထဲကတစ်ခုဖြစ်ပါတယ်။

WHITE WATER RAFTING, KAYAKING

Photo Courtesy: Internet

တောင်စဥ်၊ တောင်တန်းများက စီးဆင်းလာတဲ့ ပူတာအိုမြို့အနီးရှိ မလိခမြစ်ရဲ့ ရေစီးသန်တဲ့ရေတံခွန်တွင်လည်း အပျော်စီးဖောင်များငှားရမ်းပြီး ရင်ခုန်ဖွယ်အပျော်ခရီးများကို Malikha Lodge Hotel စတင်ကာ Shop App နဲ့အတူ ဖန်တီးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။


Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *