(10) Acne Face Washes

(10) Acne Face Washes

မြန်မာ့ရာသီဥတုနဲ့ကိုက်ညီပြီး မြန်မာလူမျိုးများအတွက်သင့်တော်တဲ့ Acne Face Wash “ဝက်ခြံမျက်နှာသစ်” ကိုရှာဖွေနေပြီလား။
Shop App မှ မြန်မာပြည်စျေးကွက်ထဲရှိ အကောင်းဆုံးတွေထဲက Acne Face Washes (10) မျိုးကို ကျပန်းစနစ်ဖြင့် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

သိရှိဖို့ .. ဆက်လက်ဖတ်ရှုလိုက်စို့!!


1. Mentholatum Acnes

Trio-Activ Foaming Wash

Mentholatum Acnes Trio-Activ Foaming Wash
Mentholatum Acnes Trio-Activ Foaming Wash

Prevent, Clear, Care ဆိုတဲ့ TRIO-ACTIV ဖော်မြူလာဖြင့်ထုတ်လုပ်ထားပြီး စျေးနှုန်းသက်သာတဲ့အပြင်
ပါဝင်တဲ့ Salicylic Acid, Niacinamide နဲ့ Zinc Gluconate တို့က ချွေးပေါက်အတွင်းရှိ အဆီပိုများ၊ ဆဲလ်သေများနှင့် အညစ်အကြေးများကို နက်ရှိုင်းစွာသန့်စင်ပေးပြီး အရေပြားဆဲလ်အသစ်များကို ဖြစ်ပေါ်စေပါသည်။ အမဲစက်၊ အမာရွတ်များ မဖြစ်အောင် ကာကွယ်ပေးပြီး အသားအရေချောမွေ့စေပါသည်။
အဆီပြန်ခြင်းကို ထိန်းပြီး ဘက်တီးရီးယားပိုးများကို သေစေသည်။ ဝက်ခြံများထပ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။


2. NIVEA

Anti-Acne Oil Control Mud Foam

NIVEA Anti-Acne Oil Control Mud Foam
NIVEA Anti-Acne Oil Control Mud Foam

လက်ဖက်ဖြူ၊ တတိုင်းမွှေးအဆီအနှစ် နှင့် ကာနီတင် တို့ပါ၀င်တဲ့အတွက် ၀က်ခြံဖြစ်ခြင်းကိုထိရောက်စွာဖယ်ရှားပေးပြီး ၀က်ခြံထပ်မပေါက်အောင်ကာကွယ်ပေးပါသည်။ နီရဲရောင်ရဲခြင်းများလျော့ပါးလာခြင်း၊ အသားယားယံခြင်းများကို ငြိမ်းအေးစေခြင်း၊ ဘက်တီးရီးယားများကိုဖယ်ရှားပေးခြင်း၊ အဆီပြန်ခြင်းကင်းစေခြင်းစသည့် အသားအရေကောင်းခြင်းများကိုပေးစွမ်းနိုင်ပါတယ်။


ဘာကြောင့်ဝက်ခြံဖြစ်ရတာလဲ?

ဝက်ခြံဖြစ်ရခြင်းရဲ့ အကြောင်းပြချက်တွေထဲပြချက်တွေထဲက တစ်ခုဖြစ်တဲ့ မျက်နှာပေါ်ရှိ ချွေးပေါက်များတွင် ဖုန်မှုန့်၊ အဆီနှင့်၊ အညစ်အကြေးများပိတ်ဆို့ကာ ဆဲလ်အသေတွေမှ ဘက်တီရီးယားပေါက်ဖွားကာ ဝက််ခြံဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

3. L’Oreal Men

Expert White Activ Anti Acne Volcano Mud Foam

L’Oreal Men Expert White Activ Anti Acne Volcano Mud Foam
L’Oreal Men Expert White Activ Anti Acne Volcano Mud Foam

အမျိုးသားများအတွက် သီးသန့်ထုတ်လုပ်ထားပြီး မီးတောင်မှရသည့် သတ္တုဓာတ်များစွာနှင့် Antioxidants ဓာတ်တိုးဆန့်ကျင်မှုများပါဝင်သောကြောင့် ဝက်ခြံနှင့် အဆီဖုများကို ဖယ်ရှားသန့်စင်ပေးပြီး Active Defense System ပါဝင်သည့်အတွက် အရေပြားကို သဘာဝအတိုင်းထိန်းသိမ်းကာကွယ်ပေးပါတယ်။


4. CICA x HYALON

Mild Foam Cleanser

CICA x HYALON Mild Foam Cleanser (10) Acne Face Washes
CICA x HYALON Mild Foam Cleanser

Foam texture အသွင်ပေးဆောင်တဲ့ ယခု ကိုရီးယားထုတ်မျက်နှာသစ်မှာ CICALIAO နဲ့ CICA HYALON ဓာတ်များအဓိကပါဝင်တာကြောင့် မျက်နှာကို ခြောက်သွေ့သွားခြင်းမရှိပဲ အစိုဓာတ်ထိန်းသိမ်းကာ အညစ်အကြေား၊ အဆီနှင့်၊ အရေပြားဆဲလ်သေများကို ထိရောက်စွာဖယ်ရှားပေးပါတယ်။ နေ့စဥ်အသုံးပြုနိုင်ပြီး Skin type အားလုံးအတွက် သင့်တော်တဲ့ အံ့မခန်း Acne Face Wash တစ်မျိုးပါ။


ဘယ်လိုဒုက္ခပေးနိုင်လဲ?

တိုက်ထုတ်ဖို့ခက်ခဲပြီး Confidence Level ကိုလျှော့ကျစေတဲ့ ဝက်ခြံတွေက နေ့စဥ်လူနေမှုဘဝကိုထိခိုက်နိုင်တဲ့ အရေပြားကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

5. Ma’suri

Acne Clear Deep Cleansing Gel Foam

Ma’suri Acne Clear Deep Cleansing Gel Foam (10) Acne Face Washes
Ma’suri Acne Clear Deep Cleansing Gel Foam

ကိုရီးယားနိုင်ငံတွင်ထုတ်လုပ်ပြီး ဝက်ခြံနှင့် အမာရွတ်ကို သက်သာစေနိုင်တဲ့ Tea Tree Oil နဲ့ Salicylic Acid 0.2% ပါဝင်ခြင်းတို့ကြောင့် အဆီပြန်ခြင်းကို သက်သာစေခြင်း၊ ချွေးပေါက်များအား သန့်စင်ပေးခြင်းနှင့် အသားအရည်ကို ကြည်လင်ဝင်းပစေခြင်းများဖြစ်ပေါ်စေပါတယ်။ Oily နဲ့ Combination Skin များအတွက် အထူးသင့်လျော်ပါတယ်။


6. Dr.SOMCHAI

Acne Foaming Cleanser

Dr.SOMCHAI Acne Foaming Cleanser (10) Acne Face Washes
Dr.SOMCHAI Acne Foaming Cleanser

မြန်မာပြည်ရာသီဥတုနဲ့ အနီးစပ်ဆုံးတူတဲ့ ထိုင်းနိုင်ငံမှထုတ်လုပ်ထားကာ အရေပြားဆရာဝန်များရဲ့ ထောက်ခံမှုရရှိထားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ လက်ဖက်ဖြူနဲ့ BHA အဓိကပါဝင်တာကြောင့် ချွေးပေါက်အတွင်းရှိ အညစ်အကြေးများကို နူးညံ့စွာသန့်စင်ပေးကာ အဆီပြန်ခြင်းကို ထိန်းသိမ်းပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ ပြဿနာများကို အကောင်းဆုံး ကာကွယ်ကုသပေးနိုင်ပါတယ်။


ဘယ်လိုကုသကာကွယ်နိုင်မလဲ?

ကောင်းမွန်မှန်ကန်ပြီး Salicylic Acid နဲ့ Benzoyl Peroxide ပါဝင်တဲ့ ဝက်ခြံမျက်နှာသစ်များကို ရွေးချယ်ပြီး ခေါင်းမာတဲ့ဝက်ခြံတွေကို ရည်ရွယ်ချက်ရှိစွာ ကာကွယ်ကုသနိုင်ပါတယ်။

7. COSRX

Salicylic Acid Daily Gentle Cleanser

COSRX Salicylic Acid Daily Gentle Cleanser (10) Acne Face Washes
COSRX Salicylic Acid Daily Gentle Cleanser

ဒီနာမည်ကြီး ဝက်ခြံမျက်နှာသစ်ဟာ Alcohol Free ဖြစ်လို့ All Skin Type သုံးလို့ရတဲ့အပြင် Dermatogist Tested ဖြစ်လို့ အသားရေပါးတဲ့ သူတွေအစသုံးလို့ရပါတယ်။ Exfoliate အာနိသင်ပါဝင်လို့အဆီဖုနဲ့ ဆားဝက်ခြံတွေလဲ သက်သာစေတဲ့အပြင် ချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးနိုင်ပါတယ်။ အမြှုပ်ထွက်အားအရမ်းကောင်းပီး နူးညံ့တဲ့အထိအတွေ့လေးကြောင့် အသားအရေကို ကြည်လင်ချောမွေ့စေပါတယ်။


8. CeraVe

Acne Foaming Cream Cleanser

CeraVe Acne Foaming Cream Cleanser
CeraVe Acne Foaming Cream Cleanser

Benzoyl Peroxide ပါဝင်လို့ အညစ်အကြေး၊ အဆီနဲ့ မိတ်ကပ်အကြွင်းအကျန်များကို အတွင်းထဲထိ သန့်စင်ပေးနိုင်ပါတယ်။ Hyaluronic Acid က အသားအရည်ကို အစိုဓာတ်ကိုထိန်းသိမ်းပေးပြီး Niacinamide က အသားငြိမ်းအေးစေပါတယ်။ အဆီပြန်အသားအရေအတွက်အထူးထုတ်လုပ်ထားတာကြောင့် ဝက်ခြံသမားတွေအတွက် အထူးသင့်လျော်တဲ့ မျက်နှာသစ်တစ်မျိုးပဲဖြစ်ပါတယ်။


ပြဿနာအရင်းအမြစ်ကိုရှာဖွေပါ

ဆိုးရွားစွာဝက်ခြံဖြစ်စေတဲ့ တခြားအကြောင်းအရင်းတွေများစွာရှိတာကြောင့် ကျွမ်းကျင်သောအရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ပြဿနာအရင်းအမြစ်ကို ရှာဖွေဖို့ အကြံပြုပါရစေ။

9. Innisfree

Bija Trouble Facial Foam

Innisfree Bija Trouble Facial Foam (10) Acne Face Washes
Innisfree Bija Trouble Facial Foam

ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းမှရရှိတဲ့ ဘီဂျာစေ့အဆီနဲ့ Salicylic Acid ပါဝင်တာကြောင့် ချွေးပေါက်အတွင်းပိုင်းရှိ အညစ်အကြေး၊ ဖုန်မှုန့်နဲ့ ဆဲလ်အသေများကို ထိရောက်စွာဖယ်‌ရှားပေးနိုင်တာဖြစ်လို့ ကောင်းမွန်လွန်းတဲ့ အသားအရေတစ်စုံကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အိစက်တဲ့ Bubble texture လေးက နူးညံ့စွာသန့်စင်ပေးပြီး Refreshment ကို အပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။


10. Cetaphil

Gentle Skin Cleanser

Cetaphil Gentle Skin Cleanser (10) Acne Face Washes
Cetaphil Gentle Skin Cleanser

(10) Acne Face Washes အနေနဲ့ နောက်ဆုံးပိတ် မိတ်ဆက်ပေးချင်တာကတော့ ဘယ်လိုအသားအရေမျိုးနဲ့မဆိုသင့်တော်ပြီး Award-Winning, and Best-Seller ဆုများရရှိထားတဲ့ Cetaphil ပဲဖြစ်ပါတယ်။ အနံ့၊ အရောင်မပါဝင်ပဲ အမြုပ်ထခြင်းမရှိတာကြောင့် Sensitive ဝက်ခြံသမားများအတွက်အထူးသင့်လျော်ပြီး အရေပြားဆရာဝန်များရဲ့ ထောက်ခံမှုရရှိထားတဲ့ နာမည်ကြီးမျက်နှာသစ်ဖြစ်လို့ စိတ်ချယုံကြည်စွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။


Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *