Pros & Cons of Online Shopping

Pros & Cons of Online Shopping

အချိန်နဲ့အမျှ နည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ အဖက်ဖက်မှ အွန်လိုင်းစနစ်သို့ကူးပြောင်းလာတဲ့ကာလမှာ အရောင်း၊ အဝယ်လုပ်တဲ့ စျေးကွက်ကြီးတစ်ခုလည်း အွန်လိုင်းပေါ် သို့ တဖြည်းဖြည်းရွေ့လျားလာခဲ့ပါတယ်။

ထိုသို့ အွန်လိုင်းရှော့ပင်အသွင်ပြောင်းလဲလာတာနဲ့အမျှ ကောင်းကျိုးများစွာလည်းဖြစ်ပေါ်သလို ဆိုးကျိုး (Side Effects) များလည်းရှိနေတတ်ဟာ ဓမ္မတာတစ်ခုပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ အွန်လိုင်းစျေးဝယ်ခြင်းဆိုင်ရာ ကောင်းကျိုး၊ ဆိုးကျိုး “Pros & Cons” များကို Shop Life Blog မှ တင်ဆက်ပေးလိုက်ရပါတယ်။

မုန်တိုင်းပြီးလျှင် လေပြေလေညှင်းလေးတွေ လာစမြဲမို့ အွန်လိုင်းရှော့ပင်ရဲ့ ဆိုးကျိုးများနဲ့ စတင်လိုက်ကြရအောင်!

ဆိုးကျိုး (Cons)

  • အွန်လိုင်းရှော့ပင်တွေဟာ အွန်လိုင်းပေါ်မှဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများဖြစ်လို့ လျင်မြန်တိကျမှုရှိသော်ငြားလည်း စျေးဝယ်သူများအနေဖြင့် မိမိဝယ်ယူလိုတဲ့ပစ္စည်းရရှိဖို့ သတ်မှတ်ထားတဲ့အချိန်တစ်ခု စောင့်ဆိုင်းရပါတယ်။
  • ရောင်းသူ၊ ဝယ်သူ နှစ်ဦးအကြား ပိုမိုရှင်းလင်းပြတ်သားမှုရှိသော ဆက်သွယ်မှုများပြုလုပ်ရာတွင် အခက်အခဲများရှိနိုင်ပါတယ်။
    (ထိုပြဿနာများကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ Shop App ရှိ ကုန်ပစ္စည်းတစ်ခု၏အောက်တွင် အမေး၊ အဖြကဏ္ဍ “Q &A Section” ပါရှိပြီး ဝယ်ယူသူများအနေဖြင့် ရောင်းချသူများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။)
  • အွန်လိုင်းစနစ်ဖြစ်လို့ ကောင်းမွန်သော အင်တာနက်ဝိုင်ဖိုင်ရှိရသောနေရာ (သို့မဟုတ်) ဖုန်းဘေလ် ရှိမှသာလျှင် စျေးဝယ်မှုပြုလုပ်နိုင်မှဖြစ်ပါတယ်။
  • အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူခြင်းမဟုတ်တဲ့အတွက် စစ်မှန်မှုမရှိတဲ့ ရောင်းချသူများနဲ့ တွေ့ကြုံရပါများလာလျှင် စစ်မှန်မှုရှိသော ရောင်းချသူများအပေါ်ပါ ယုံကြည်မှုအားလျှော့နည်းလာနိုင်ပါတယ်။
    (ထိုကဲ့သို့ စစ်မှန်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် Shop App မှ စစ်မှန်မှု ရာနှုန်းပြည့်ရှိသော ရောင်းချသူများနှင့် ပူးပေါင်းပြီး Official Store များဖွင့်လှစ်ထားပြီဖြစ်ပါတယ်။)
  • ပစ္စည်းပြန် လဲလှယ်၊ ငွေပြန်အမ်း အစရှိတဲ့ (Return/ Refund) စနစ်များတွင်လည်း ပုံမှန်ထက်အချိန်တစ်ခုဆောင့်ဆိုင်းရခြင်းကလည်း အွန်လိုင်းရှော့ပင်များကြုံတွေ့နေရတဲ့ ဓမ္မတာကိစ္စတစ်ခုဖြစ်ပါတယ်။
    (Shop App ရဲ့ Official Store – Return/Refund စနစ်ကို ၁၄ ရက်သတ်မှတ်ထားပါသည်။)

ဆိုးကျိုးတွေကို သိပြီးပြီဆိုတော့ အွန်လိုင်းရှော့ပင်ရဲ့ ကောင်းကျိုးများကို လေ့လာလိုက်ရအောင်!

ကောင်းကျိုး (Pros)

  • အပြင်တကူးတကထွက်ပြီးစျေးဝယ်ရမှာ အချိန်လုံးဝမပေးနိုင်သူများအတွက် အွန်လိုင်းရှော့ပင်ပြုလုပ်ခြင်းက အကောင်းမွန်ဆုံး အားသာချက်ကောင်းကျိုးတစ်ခုပါပဲ။ အချိန်ကုန်သက်သာစေရုံသာမက လူ့စွမ်းအင်ကိုပါ ခြွေတာရာရောက်ပါတယ်။
  • အွန်လိုင်းစျေးဝယ်ခြင်းစနစ်က လူအများနဲ့ထိတွေ့မှုနည်းပါးတာကြောင့် ယခုလိုကိုဗစ်အခြေအနေနဲ့ အပြင်ထွက်ရမှာ မသင့်တော်သောကာလမျိုးမှာ မျှော်မှန်းမထားတဲ့ အန္တရာယ်များကိုရှောင်ရှားနိုင်ရန် အွန်လိုင်းစျေးဝယ်ထွက်ခြင်းက အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုပဲဖြစ်ပါတယ်။
  • စျေး၊ ဆိုင်ဖွင့်တဲ့အချိန်ကို စောင့်ဆိုင်းစရာမလိုဘဲ မိမိဝယ်ယူလိုတဲ့ပစ္စည်းများကို ၂၄ နာရီ နေ့၊ ည မရွေး အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာရှာဖွေဝယ်ယူနိုင်မှာဖြစ်ပါတယ်။
  • အွန်လိုင်းရှော့ပင်သည် Cashless၊ ဘဏ်၊ အွန်လိုင်း အစရှိတဲ့စနစ်များဖြင့် ငွေပေးချေနိုင်ခြင်းကြောင့် တိကျသောငွေပေးချေမှုစနစ်နဲ့ ပြန်အမ်းငွေအကြွေပြဿနာကို လျှော့ချပေးမှာဖြစ်ပါတယ်။ ငွေသားမကိုင်ချင်သူများအတွက်လည်း အွန်လိုင်းရှော့ပင်သည် အကောင်းဆုံးစနစ်ဖြစ်ပါတယ်။
  • ပြင်ပလောကတွင် လွယ်ကူရှာမရရှိနိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ Honest Review များပေးနိုင်၊ ကြည့်ရှုနိုင်ခြင်းကလည်း အွန်လိုင်းရှော့ပင်ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး မိမိဝယ်ယူမယ့် ပစ္စည်းအရည်အသွေးနဲ့ ဝယ်သင့်၊ မသင့်ကို ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။
  • အခမဲ့ပို့ဆောင်မှု၊ Exclusive Coupon လျှော့စျေး၊ အွန်လိုင်းစျေးရောင်းပွဲတော်လည်း ၁၂ လ ပတ်လုံး သတ်မှတ်ချိန်အတွင်း ကျင်းပလျက်ရှိတာဖြစ်လို့ ပုံမှန်အပြင်ထက်ပိုမိုစျေးသက်သာစွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
  • မိမိဝယ်ယူလိုတဲ့ပစ္စည်းကို တိုက်ရိုက်ရှာဖွေဝယ်ယူနိုင်တာကြောင့် မလိုအပ်တာတွေအတွက် ပိုက်ဆံအပိုမကုန်ဘဲ ပိုမိုခြွေတာရာရောက်ပါတယ်။
  • အွန်လိုင်းရှော့ပင်သည် အွန်လိုင်းဝန်ဆောင်မှုဖြစ်တာကြောင့် ဒီဂျစ်တယ်ခေတ်မှာ နည်းပညာအမြဲထိတွေ့မှုရှိစေမှာဖြစ်ပါတယ်။
  • လူကြိုက်တဲ့ ပစ္စည်းပြတ်တတ်တဲ့ ထုတ်ကုန်များကို အော်ဒါကြိုတင် (Pre-Order) ပြုလုပ်ပြီး လက်ဦးမှုရခြင်းကလည်း အွန်လိုင်းရှော့ပင်တွေရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *