(7) Most Brilliant Cats

(7) Most Brilliant Cats

မြောင်ချစ်သူတို့ ဘယ်နှယောက်ရှိလဲ? ရှိပါလျှင် လက်ညှိုးထောင်!

ဒီတစ်ပတ် Shop Life Blog ကဏ္ဍမှာ ကမ္ဘာပေါ်ရှိဉာဏ်အကောင်းဆုံး ကြောင် (၇) မျိုးကို မြောင်ချစ်သူများအတွက် ဗဟုသုတရဖွယ် တင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုလိုက်ရအောင်!

မစခင်မှာ.. ကြောင်နှင့် အိမ်မွေး Pet နှင့်ဆက်စပ်ပစ္စည်းမျိုးစုံကို Shop App ရဲ့ Shop Mart မှတစ်ဆင့် လွယ်ကူ၊ မြန်ဆန်စွာ၊ စျေးနှုန်းချိုသာစွာဖြင့် မှာယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

1.BURMESE

Burmese Cat

စာရေးသူက ဗမာဆိုတော့ ဗမာမျိုးရင်းကြောင်နဲ့ပဲ စလိုက်ကြရအောင်!
ကျွန်ုပ်တို့ရဲ့ ဗမာမျိုးရင်းကြောင်များရဲ့ ဉာဏ်ရည်ဉာဏ်သွေးတောက်ပမှုကို ခွေးများရဲ့ ပါးနက်မှုနဲ့တောင် ခိုင်းနှိုင်းခြင်းခံရပြီး ၁၂ ပေါင် အထိကြီးထွားနိုင်တဲ့ ကြောင်လေးတွေပဲဖြစ်ပါတယ်။ ဗမာကြောင်တွေဟာ လူမှုရေး Social အလွန်ကောင်းမွန်ကြပြီး ခွေးတွေ၊ ကလေးတွေနဲ့ပါ ပနံသင့်တဲ့သူလေးတွေဖြစ်ပါတယ်။ ဒါ့အပြင် လူတွေရဲ့ စိတ်ဝင်စားမှုကိုအမြဲလိုအပ်နေသူလေးတွေဖြစ်လို့ သူတို့လေးတွေကို ပစ်မထားကြဖို့ အကြံပြုလိုက်ပါတယ်နော်။

2.ABYSSINIAN

Abyssinian Cat

ဒုတိယအနေနဲ့ Abyssinian (အက်ဘီစ်စီးနီးယန်း) လို့ခေါ်တဲ့ အီသီယိုးပီးယားမျိုးရင်းလေးတွေပဲဖြစ်ပါတယ်။ ၁၀ ပေါင် နဲ့ အမြင့် ၁၆ လက်မထိကြီးထွားနိုင်တဲ့ Abys လေးတွေဟာ Confident Level So High ကြပြီး သူတို့ သခင်တွေနဲ့ စိတ်ရော၊ ကိုယ်ပါ ပျော်ရွှင်စွာ ဆက်သွယ်နိုင်သူလေးတွေဖြစ်လို့ သူတို့ကို ဉာဏ်ကောင်းတဲ့ကြောင်လေးတွေအဖြစ်သတ်မှတ်ထားကြပါတယ်။

3.SIAMESE

Siamese Cat

အလျား ၁၄ လက်မ နဲ့ ၁၀ ပေါင်ကျော်ဝန်းကျင်အထိ ကြီးထွားနိုင်တဲ့ ထိုင်းမျိုးစိတ် Siamese ပူစီတွေရဲ့ ဉာဏ်ရည်ကိုတော့ အထင်မသေးစေလို။ Siamese လေးတွေဟာ အမြဲပြေးလွှားဆော့ကစားနေတတ်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်စပ်စုတတ်တဲ့ ချစ်စရာ မွေးရာပါအကျင့်လေးလည်းရှိလို့ ဉာဏ်အကောင်းဆုံးကြောင်လေးတွေလို့တောင် တင်စားကြပါတယ်။ Training လေ့ကျင့်ပေးရာတွင်လည်း တခြားမျိုးစိတ်တွေထက် တုံ့ပြန်မှုအားကောင်းပြီး သူတို့ရဲ့ သခင်တချို့က သူတို့ကို ပရိယာယ်များတဲ့ကောင်လေးတွေလို့တောင်ပြောကြပါသေးတယ်။

4.BENGAL

Bengal Cat

Egyptian Mau နဲ့ Asian Leopard Cat တို့သားဆက်ထားတဲ့ အိမ်မွေးမျိုးစိတ် Bengal ကြောင်လေးတွေဟာလည်း ဉာဏ်ကောင်းမွန်တဲ့ကြောင်အဖြစ် စာရင်းသွင်းခံထားရပါတယ်။ သူတို့လေးတွေဟာ လူတွေနဲ့ဆက်ဆံတဲ့နေရာတွင် Personality အလွန်ကောင်းမွန်ပြီး တခါတရံ မြူးကြွသောမြောင်မြည်ဟီးသံများဖြင့် သခင်တွေကို စကားပြော‌လေ့ရှိပါတယ်တဲ့။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်း၊ ပြေးလွှားဆော့ကစားခြင်းနဲ့ သစ်ပင်တက်ခြင်းတို့က သူတို့ရဲ့ ဝါသနာတွေဖြစ်ပြီး တချို့သခင်တွေက Bengal လေးဟာ ထူးထူးဆန်းဆန်း ရေကိုကြိုက်နှစ်သက်ပါသေးသတဲ့။

5.CORNISH REX

Cornish Rex Cat

Cornish Rex လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံမျိုးစိတ် ကြောင်လေးတွေဟာ နေအိမ်တစ်ခုရဲ့ ရှိရှိသမျှနေရာတွေကို လေ့လာခြင်းက သူတို့ရဲ့ အလွန်စပ်စပ်စုစုနိုင်ပြီး ပါးနက်တဲ့ ဗီဇကိုထင်ရှားစွာဖော်ပြနေပါတယ်။ အလေးချိန် ၁၀ ပေါင်နဲ့ အမြင့် ၁၂ လက်မအထိကြီးထွားနိုင်ပြီး လူတွေနဲ့ နှီးနှောစွာဆော့ကစားတတ်တဲ့ စရိုက်ရှိတာကြောင့် အငြိမ်မနေရတာကြိုက်တဲ့ သခင်တွေအတွက်အသင့်တော်ဆုံးပါပဲ။ Cornish Rex လေးတွေဟာများသောအားဖြင့် အမွှေးမရှိကြတာများပြီး တချို့သာလျှင် ၁ စင်တီမီတာအထိအမွှေးရှည်လျားနိုင်ပါသတဲ့။

6.SAVANNAH

Savannah Cat

Savannah ကြောင်လေးတွေဟာ အိမ်‌မွေးကြောင်စာရင်းထဲမှာ အကြီးဆုံးမျိုးစိတ်ဖြစ်ပြီး အိမ်မွေးကြောင်တစ်မျိုးနဲ့ အာဖရိကတောကြောင်ရိုင်းမျိုးစိတ်များစွာနဲ့ သားစပ်ထားတဲ့ကောင်းလေးတွေဖြစ်လို့ ၁၇ လက်မအမြင့်နဲ့ ၂၅ ပေါင်အထိကြီးထွားနိုင်ပြီး ကျားသစ်ကွက်အမွှေးလေးတွေပိုင်ဆိုင်ထားကြပါတယ်။ Savannah လေးတွေဟာ အလွန်တက်ကြွဉာဏ်ကောင်းကြပြီး သူတို့အတွက် သင့်လျော်တဲ့ ကစားစရာများ၊ လမ်းလျှောက်ခြင်းများကိုစီစဥ်ပေးသင့်ပါတယ်။ သူတို့ရဲ့ ဗီဇကြောင့် တော်တော်များများကို အရိုင်းကြောင်လေးတွေအဖြစ်ပဲ ထိန်းသိမ်းထားကြပါတယ်။

7.SCOTTISH FOLD

Scottish Fold Cat

Teaser, Puzzle အစရှိတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို စစ်ဆေးတဲ့ ကစားစရာအရုပ်လေးတွေနဲ့ ဆော့ကစားရတာကိုအလွန်နှစ်သက်တဲ့ Scottish Fold လေးတွေဟာ သခင်တွေရဲ့ Attention ကိုအမြဲလိုလားပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကိုနှစ်သက်တဲ့ ရွှေဉာဏ်တော်ပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်။ သူတို့လေးတွေဟာလည်း Cornish Rex တို့လို ဗြိတိန်မျိုးစိတ်ဖြစ်ပြီး အရွယ်ရောက်ပြီးသားကြောင်ထီးတစ်ကောင်ဆို အလေးချိန် ၁၃ ပေါင်အထိကြီးထွားနိုင်ကြပါတယ်။ အမြဲဆော့ကစားခြင်းကိုရှာဖွေနေကြတဲ့ကလေးတွေဖြစ်လို့ သင်ရဲ့ ငြီးငွေ့တဲ့အချိန်တွေကို သူတို့လေးတွေနဲ့ ပြေလျော့စေနိုင်မှာဖြစ်ပါတယ်။

ကြောင်နှင့် အိမ်မွေး Pet နှင့်ဆက်စပ်ပစ္စည်းမျိုးစုံကို Shop App ရဲ့ Shop Mart မှတစ်ဆင့် လွယ်ကူ၊ မြန်ဆန်စွာ၊ စျေးနှုန်းချိုသာစွာဖြင့် မှာယူနိုင်ပါပြီနော်။

Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *