(10) Fully Auto Washing Machines

(10) Fully Auto Washing Machines

ရွေးချယ်စရာများပြားနေတဲ့ စျေးကွက်ထဲမှာ အဝတ်အလျှော်စက်ဝယ်ဖို့ခေါင်းစားနေပြီဆိုရင်မပူပါနဲ့။ မိုးရာသီရဲ့ ကရိကထအများဆုံး အိမ်မှုတာဝန်တစ်ခုဖြစ်တဲ့ အဝတ်လျှော်ပြဿနာကို လူအား၊ ငွေအား အသက်သာဆုံးဖြေရှင်နိုင်ဖို့ Shop App ရှိငွေကျပ် ၃ မှ ၇ သိန်းအထိ သင့်တင့်လျောက်ပတ်တဲ့ စျေးနှုန်းအတွင်းမှ မတူညီတဲ့ နာမည်ကြီး (10) Fully Auto Washing Machines အဝတ်လျှော်စက် (၁၀) မျိုးကို Shop Life Blog မှ တင်ဆက်ပေးလိုက်ပါတယ်။

သိရှိဖို့ အခုပဲဖတ်ရှုလိုက်စို့!

ဖော်ပြပါ Washing Machine brands များသည် Shop App ရှိ ShopMall – Official Stores များမှ တင်ဆက်ထားတာဖြစ်လို့ အရည်အသွေး စစ်မှန်မှု 100% ရာနှုန်းပြည့်ဖြစ်၍ ၁၄ ရက်အတွင်း လွယ်ကူ၊ လျင်မြန်စွာ လဲလှယ်နိုင်မှာဖြစ်ပါတယ်။


TOSHIBA

Washing Machine Toshiba Fully Auto
TOSHIBA – AWJ-800AMM

ဂျပန်နိုင်ငံထုတ် အရည်သွေးမြင့် Toshiba အမှတ်တံဆိပ်ရဲ့ (မော်ဒယ် – AWJ-800AMM) အဝတ်လျှော်စက်နဲ့ဆိုရင် အချိန် (၁၅) မိနစ်ပေးရုံနဲ့ အဝတ်များကို Quick Wash လျှော်ဖွတ်နိုင်မှာဖြစ်သလို
စောင်၊ ဂျင်းထည် အစရှိတဲ့ Heavy Wash များပါ အလျှော်ဖွတ်နိုင်တာဖြစ်လို့ မိုးတွင်းမှာ အင်အားသုံးပြီး အဝတ်ရေညှစ်ရတဲ့ ဒဏ်မှကင်းဝေးစေမှာဖြစ်ပါတယ်။
၁ နှစ်အာမခံရှိပြီး အဖွင့်အပိတ်လွယ်ကူတဲ့ အဖုံးဒီဇိုင်းဖြစ်ပြီး အတွင်းသားကိုယ်ထည် (Drum Type) ကိုလည်း စတီးလ်နဲ့ပြုထားတာဖြစ်လို့ Toshiba ရဲ့ ဂျပန်ကွာလတီကို အထူးပြောစရာမလိုတော့ပါဘူးနော်။
အများဆုံးလျှော်နိုင်အား – 7. KG
စျေးနှုန်း – ၃၇၉,၀၀၀ ကျပ် 


SAMSUNG

Washing Machine Samsung
SAMSUNG – WA75H4000SG/ST

ဆန်းသစ်သော Wobble နည်းပညာနဲ့ Samsung ရဲ့ (မော်ဒယ်-WA75H4000SG/ST) ဟာ နူးညံ့သော ချည်စများကို ရှုပ်ထွေးမှုမှကာကွယ်ပေးပြီး ကောင်းမွန်တဲ့အဝတ်လျှော်စွမ်းရည်ကိုပေးစွမ်းပါတယ်။
Wobble Pulsators များရဲ့ ထူးခြားတဲ့ တည်ဆောက်ပုံက အားကောင်းတဲ့ နေရာစုံလှည့် အဝတ်လျှော်မှုကိုဖြစ်စေကာ အစွန်းချွတ်စွမ်းရည်ဖြင့် အဝတ်များကိုသန့်ရှင်းစေပြီး ရှုပ်ထွေးမှုလည်း မဖြစ်စေပါဘူး။
Air Turbo အခြောက်ခံစနစ်က (700 RPM) ဖြင့် အချိန်တိုတွင်းမှာ အမြန်လည်စေပြီး လေများကိုစုပ်ယူကာ ရေများကိုညှစ်ထုတ်ပေးနိုင်တာကြောင့် မိုးတွင်းမှာတောင် အဝတ်တွေအခြောက်ခံဖို့ အချိန်ကုန်စရာ မလိုတော့ဘူးပေါ့။
အများဆုံးလျှော်နိုင်အား – 7.5 KG
စျေးနှုန်း – ၄၂၄,၀၀၀ ကျပ်


MIDEA

Washing Machine Midea
MIDEA – MA100W-95


နာမည်ကြီး Mideaရဲ့ Magic Cube – အဝတ်လျှော်စက် (မော်ဒယ် – MA100W-95) က
– စွမ်းအင်သုံးချမှု Power Consumption – 2100W
– ရေဖိအား Water Pressure – 0.03-0.8 MPA
– ဗို့အား 220-24 နှင့်အတူ
– တခြားသော Functions များဖြစ်တဲ့ Water Cube, Water Magic, IED White, Blue Lunar Dial, DDM Inventer တို့ပါဝင်ပါတယ်။
ပစ္စည်း ၁ နှစ် + ဝန်ဆောင်မှု ၂ နှစ် = စုစုပေါင်း ၃ နှစ် အာမခံလည်းရှိပါသေးတယ်။ အလေးချိန်အားဖြင့် 33 Kg ရှိပြီး Dimension အားဖြင့် အလျား x အနံ x အမြင့် (618 x 628 x 990) mm ရှိပါတယ်။
အများဆုံးလျှော်နိုင်အား – 9.5 KG
စျေးနှုန်း – ၄၆၇,၀၀၀ ကျပ်


SHARP

Washing Machine Sharp
SHARP – ES-W809H

ဂျပန်ကွာလတီ SHARP (မော်ဒယ် – ES-W809H) ဟာဆိုရင် –
– ရေနှင့် ဆပ်ပြာ အလေအလွင့်ဖြစ်မှုကို လျှော့ချပေးခြင်း
– မှိုနှင့် ဘက်တီးယားပေါက်ဖွားမှုကို လျှော့ချပေးခြင်း
– အနုစိတ်ဆန်တဲ့ Sensors စနစ်များနှင့်အတူ အချိန်ကုန်သက်သာစေပြီး
– အဝတ်ကို ထိခိုက်မှု (လုံးဝ) မရှိခြင်း
– အတွင်းသားကိုယ်ထည် (Drum Type) ကိုလည်း စတီးလ်နဲ့ပြုထားခြင်း
– အဝတ်အမျိုးအစားမရွေးလျှော်ဖွတ်နိုင်ခြင်း။
အစရှိတဲ့ အရေအသွေးများနှင့်အတူ Full Service ၂ နှစ်အာမခံရှိပါတယ်။
အများဆုံးလျှော်နိုင်အား – 8 KG
စျေးနှုန်း – ၄၈၉,၀၀၀ ကျပ်


ELECTROLUX

Washing Machine Electrolux
ELECTROLUX – EWT8588H1WB

ဆွီဒင်အမှတ်တံဆိပ်ဖြစ်တဲ့ Electrolux ရဲ့ (မော်ဒယ် – EWT8588H1WB) အဝတ်လျှော်စက်ဖြင့် သိုးမွှေး၊ ထူထည်‌သော်စောင်၊ ဂွမ်းသား၊ အဝတ်အမျိုးမျိုး အစရှိတဲ့ Heavy Duty များသာမက Quick Wash စနစ်ဖြင့် အမြန်လျှော်နိုင်ပါတယ်။ အချက်ပေးစနစ်နဲ့ LED အချက်ပြစနစ်တို့လည်းပါဝင်ပါတယ်။ 900 RPM ရှိတာမို့ အခြောက်ခံဲစနစ်ကောင်းပြီး အဝတ်များကို လျင်မြန်စွာ ခြောက်သွေ့စေနိုင်ပါတယ်။ Dimension အနေနဲ့ အမြင့် x အနံ x ကိုယ်တွင်းအနက် (990 x 550 x 628) mm လို့ဖော်ပြထားပါတယ်။
ပစ္စည်း ၁ နှစ် + ဝန်ဆောင်မှု ၂ နှစ် = စုစုပေါင်း ၃ နှစ် အာမခံလည်း ပါဝင်ပါသေးတယ်နော်။
အများဆုံးလျှော်နိုင်အား – 8.5 KG
စျေးနှုန်း – ၅၂၉,၀၀၀ ကျပ်


HISENSE

Washing Machine Hisense Fully Auto
HISENSE – WTJA801T

အမိုက်စား Hisense ရဲ့ (မော်ဒယ် – WTJA801T) အဝတ်လျှော်စက်တွင်
– ပိုမိုကောင်းမွန်စွာသန့်စင်ပေးနိုင်တဲ့ စနစ်များပါဝင်ခြင်း
– Water Level 8 အထိရွေးချယ်နိုင်ခြင်း
– Tub Self-Clean စနစ်
– Smatter Fuzzy Logic နည်းပညာ
– အချိန်ဆန့်နိုင်တဲ့ Time Delay စနစ်
– ပစ္စည်း ၁ နှစ် + ဝန်ဆောင်မှု ၂ နှစ် = စုစုပေါင်း ၃ နှစ် အာမခံ
– ကိုယ်ထည်အရွယ်အစား အမြင့် x အနံ x ကိုယ်တွင်းအနက် (987 x 595 x 383)
– အလေးချိန် 31/35kg
အစရှိတဲ့ နည်းစနစ်၊ ဝန်ဆောင်မှုများပါဝင်တာဖြစ်လို့ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
အများဆုံးလျှော်နိုင်အား – 8 KG
စျေးနှုန်း – ၅၁၄,၀၀၀ ကျပ်


ALPHA

Washing Machine Alpha Fully Auto
ALPHA – WTJA801T

ယခုဖော်ပြပါ Fully Auto Washing Machines 10 ခုထဲက တစ်ခုတည်းသော စျေးသင့်တင့်တဲ့ (Front Load) ရှေ့ဘက်တွင်တံခါးပေါက်ပါရှိသော ALPHA ရဲ့ (မော်ဒယ် – WTJA801T) အဝတ်လျှော်စက်ဖြစ်ပါတယ်။  အတွင်းသားကိုယ်ထည် (Drum Type) ကိုလည်း Diamond အမျိုးအစားကိုတောင်သုံးထားတာဖြစ်ပြီး
အမြန်လျှော်၊ ညလျှော်၊ ချည်သား၊ သိုးမွှေး၊ ပိုးသားနှင့် အဝတ်အမျိုးမျိုး၊ ကလေးဝတ်နှင့် Underwear သီးသန့်၊ အတွင်းသားကိုယ်ထည်သန့်စင်ခြင်း အစရှိတဲ့ အနုစိတ်နည်းပညာစနစ်များအထိပါ အသုံးပြုနိုင်ဦးမှာပါ။
– ဗို့အား – 220V
– ကြိမ်နှုန်း – 50Hz
– စွမ်းအင် – 1900W
– Waterproof Rate IPX4r နဲ့အတူ ဝန်ဆောင်မှုအနေဖြင့် အာမခံ ၃ နှစ် တိတိ ပေးထားပါတယ်။
အများဆုံးလျှော်နိုင်အား – 8 KG
စျေးနှုန်း – ၅၉၁,၀၀၀ ကျပ်


PANASONIC

Washing Machine Panasonic Fully Auto
PANASONIC – NA-F80VB7HRG)

Panasonicရဲ့ သာလွန်တဲ့ Superior Wash Performance လို့‌တောင် ခေါ်ဝေါ်ကြတဲ့  (မော်ဒယ် – NA-F80VB7HRG) အဝတ်လျှော်စက်တွင် –
– သဘာဝပတ်ဝန်းကျင်အတွက် Eco-Friendly ဖြစ်ပြီး ရေနှင့် လျှပ်စစ်စွမ်းအင်ကိုခြွေတာပေးမယ့် “AQUA SPIN RINSE”,
– ရွေ့လျားမှု ပုံစံ ၃ မျိုးဖြင့် အထိရောက်ဆုံး လျှော်ဖွတ်ပေးမယ့် “ECO AQUABEAT”.
– Pulsator Rotation စနစ်ဖြင့် ရေနည်းနည်းနဲ့ အညစ်အကြေးတွေကို အကောင်းဆုံး သန့်စင်ပေးမယ့်  အသုံးပြုပေးမယ့် “WATER DANCING FLOW”
– အမြှုပ်ထွက်အားကောင်းတဲ့ Active-Foam System နဲ့အတူ Stain Master,
– Drain / Feeding Hose, Rat-Protection Plate အစရှိတဲ့ နည်းစနစ်များကြောင့် ကြွက်အန္တရာယ်မှ ကင်းဝေစေပါတယ်။ အနူးညံ့ဆုံးကလေးဝတ်တွေမှအစ ထူထဲသောစောင်များကဲ့သို့ Heavy Wash များအတွက်ပါ အသုံးပြုနိုင်ပါတယ်။
Dimension အနေနဲ့ အနံ x ကိုယ်တွင်းအနက် x အမြင့် (562 x 571 x 929) mm နဲ့ အလေးချိန် 28 KG ရှိပါတယ်။ ၁ နှစ် အာမခံလည်း ရှိဦးမှာဆိုတော့ တန်တာထက်ပိုတန်နေပါပြီ။
အများဆုံးလျှော်နိုင်အား – 8 KG
စျေးနှုန်း – ၆၃၄,၀၀၀ ကျပ်


T-HOME

Washing Machine THome Fully Auto
T-HOME – TH-WT13K1799A

THome ရဲ့   (မော်ဒယ် – TH-WT13K1799A) Washing Machines ကို ကိုယ်ထည်ကို Metal, ကိုယ်တွင်းထည် (Drum Type) ကို Diamond, အဖုံးကို Tempered Glass ဖြင့်ပြုလုပ်ထားပြီး Dimension အနေနဲ့ အနံ x ကိုယ်တွင်းအနက် x အမြင့် (580 x 600 x 1070) mm နဲ့ အလေးချိန် 41/46 KG ရှိတာကြောင့် ခိုင်ခံ့မှုကတော့ သူမတူလှပါဘူး။
Delay Wash, Child Lock, Air Dry နည်းစနစ်များနဲ့အတူ ရေညှစ်အား 410/330W, Water Level 8 အထိရှိပါတယ်။
အာမခံ ၁ နှစ်ထိထိပေးထားပါတယ်။
အများဆုံးလျှော်နိုင်အား – 13 KG
စျေးနှုန်း – ၆၆၉,၀၀၀ ကျပ်


HITACHI

Washing Machine Hitachi
HITACHI – AWJ-800AMM

ဂျပန်ကွာလတီ Hitachi ရဲ့ (မော်ဒယ် – AWJ-800AMM) အဝတ်လျှော်စက်မှာ –
– BEAT WAVE WASH, Active Beat Lifter / Beat Shower အစရှိတဲ့ နည်းစနစ်များကြောင့် အဝတ်ကို ကောင်းမွန်စွာ လည်ပတ်လျှော်ဖွတ်ပေးပါတယ်။
– 4-STEP WAHS စနစ်ကြောင့် ဆပ်ပြာမှုန့်များကို အဝတ်အတွင်းသားထဲထိစိမ့်ဝင်စေပြီး အညစ်အကြေးများကို ထိရောက်စွာပျောက်ကင်းစေနိုင်ပါတယ်။
– TANGLE-FREE FINISH နည်းပညာက အဝတ်များကို တစ်ခုနဲ့တစ်ခု လိမ်ရှုပ်ထွေးခြင်းများမှ ကာကွယ်ပေးပါတယ်။
Dimension အနေဖြင့် အနံ x ကိုယ်တွင်းအနက် x အမြင့် (590 x 600 x 1059) mm နဲ့ အလေးချိန် 39 KG ရှိပါတယ်။
အများဆုံးလျှော်နိုင်အား – 8.5 KG
စျေးနှုန်း – ၇၃၉,၀၀၀ ကျပ်


ဖော်ပြပါ Washing Machine brands များသည် Shop App ရှိ ShopMall – Official Stores များမှ တင်ဆက်ထားတာဖြစ်လို့ အရည်အသွေး စစ်မှန်မှု 100% ရာနှုန်းပြည့်ဖြစ်၍ ၁၄ ရက်အတွင်း လွယ်ကူ၊ လျင်မြန်စွာ လဲလှယ်နိုင်မှာဖြစ်ပါတယ်။

Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *