အားလပ်ရက်ချိန်တွေမှာ ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် ခင်မင်ရင်းနှီးရသူတွေနဲ့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်တော်ဖြစ်ဖြစ် ခရီးသွားဖြစ်လာမယ်ဆိုရင် အရင်လို အစီအစဥ်မကျ ပစ္စည်းတွေကို ယူသွားနေတုန်းပဲလား? ဒီလိုသာဆို အရေးကြီးလိုအပ်တဲ့ပစ္စည်းတွေ မေ့ကျန်ခဲ့ပြီး လိုရာခရီးရောက်မှ ဈေးကြီးပေးပြီး ၀ယ်ရတာမျိုးတွေ၊ ခက်ခက်ခဲခဲ လိုက်ရှာရပြီး အချိန်ကုန် လူပင်ပန်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Shop App က Shop Life Blog မှတစ်ဆင့် အမျိုးသမီးတို့အတွက် ဗျာမများရပဲ ပျော်ရွှင်စရာ ခရီးစဥ်လေးဖြစ်သွားအောင် ခရီးသွားရင် ကိုယ်နဲ့တစ်ပါတည်းဆောင်ယူသွားသင့်တဲ့ ပစ္စည်းတွေကို အစီအစဥ်တကျ လမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအရာကတော့ မေ့ကျန်တတ်တဲ့အရာမဟုတ်ပေမဲ့ သင်ဟာ ဖြစ်သလို ပစ္စည်းတွေကို ထည့်သွားမယ်ဆိုရင် အရေးကြုံလာတဲ့အခါမှာ ပျောက်ရှတာမျိုး၊ ရှာဖွေရခက်ခဲတာမျိုး ဖြစ်တတ်ပြီး ခရီးလမ်း ကြန့်ကြာတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အ၀တ်အစား၊ပစ္စည်းအသုံးအဆောင်တွေနဲ့ လိုအပ်တဲ့အရာများကို စနစ်တကျ […]Read More