2023 Chinese New Year is the Year of the Rabbit!

2023 Chinese New Year is the Year of the Rabbit!

မကြာခင်မှာ တရုတ်နှစ်သစ်ကူး တစ်နည်းအားဖြင့် Lunar New Year ကျရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၃ ခုနှစ် တနင်္ဂနွေနေ့တွင် စတင်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် Lantern New Year (မီးပုံးပွဲတော်) ဖြင့် ပြီးဆုံးမည်ဖြစ်သည်။ Lantern New Year ကို Lunar Calendar ရဲ့ ပထမလ ၁၅ရက်မြောက်နေ့မှာကျင်းပပြီး ပွဲတော်အတွင်း အိမ်များကို မီးပုံးအနီရောင်များ ချိတ်ဆွဲပြီး အလှဆင်ကြပါတယ်။ ပွဲတော်တွင် ခြင်္သေ့နှင့် နဂါးအကများ၊ ချီတက်ပွဲများနှင့် မီးရှူးမီးပန်းများလည်း ပါဝင်ပါတယ်။ ပါးစပ်ရာဇဝင်အမျိုးမျိုးထဲကမှ အထင်ရှားဆုံးတစ်ခုကတော့ မီးပုံးပွဲတော်ကျင်းပတာက နှစ်ဟောင်းမှအရာတွေကို စွန့်ပယ်ခဲ့ပြီး နှစ်သစ်ကိုကံကောင်းခြင်းတွေနဲ့ ကြိုဆိုတဲ့ သင်္ကေတပဲဖြစ်ပါတယ်။

‌နွေဦးမှာစတဲ့အတွက်ကြောင့် တရုတ်နှစ်ကူးပွဲတော်ကို နွေဦးပွဲတော်လို့လည်းခေါ်ကြပါတယ်။ တရုတ်နှစ်ကူးမှာလည်း ရာသီခွင် ၁၂မျိုး ရှိပြီး မတူညီတဲ့ အပြုအမူတွေ၊ ကံတရားတွေရှိတဲ့ သတ္တဝါတစ်မျိုးစီဖြင့် ကိုယ်စားပြုပါတယ်။ ၎င်းတို့မှာ-

  • ကြွက်နှစ်ဖွား  (1948 , 1960 , 1972 , 1984 , 1996 , 2008 , 2020)
  • နွားနှစ်ဖွား      (1949 , 1961 , 1973 , 1985 , 1997 , 2009 , 2021)
  • ကျားနှစ်ဖွား    (1950 , 1962 , 1974 , 1986 , 1998 , 2010 , 2022)
  • ယုန်နှစ်ဖွား      (1951 , 1963 , 1975 , 1987 , 1999 , 2011 , 2023)
  • နဂါးနှစ်ဖွား      (1952 , 1964 , 1976 , 1988 , 2000 , 2012)
  • မြွေနှစ်ဖွား       (1953 , 1965 , 1977 , 1989 , 2001 , 2013)
  • မြင်းနှစ်ဖွား      (1954 , 1966 , 1978 , 1990 , 2002 , 2014)
  • ဆိတ်နှစ်ဖွား     (1955 , 1967 , 1979 , 1991 , 2003 , 2015) 
  • မျောက်နှစ်ဖွား  (1956 , 1968 , 1980 , 1992 , 2004 , 2016)
  • ကြက်နှစ်ဖွား    (1957 , 1969 , 1981 , 1993 , 2005 , 2017)
  • ခွေးနှစ်ဖွား       (1958 , 1970 , 1982 , 1994 , 2006 , 2018)
  • ဝက်နှစ်ဖွား       (1959 , 1971 , 1983 , 1995 , 2007 , 2019) စသဖြင့် တစ်နှစ်စီမှာ အလှည့်ကျအစဥ်လိုက်လာပြီးထူးခြားတဲ့ လက္ခဏာများလည်း  ကိုယ်စီရှိကြပါတယ်။ 

၂၀၂၃ မှာ အလှည့်ကျတဲ့ ရာသီဖွားကတော့ ယုန်နှစ်ဖွားပဲဖြစ်ပြီး တရုတ်ယဥ်ကျေးမှုအရ ရာသီခွင်တွေ အကုန်လုံးထဲမှာမှ ကံအကောင်းဆုံးရာသီခွင်လို့ လူသိများကြပါတယ်။ ချမ်းသာခြင်း၊ ကြွယ်ဝခြင်း၊ လိမ္မာပါးနပ်မှု၊ အလှကျက်သရေရှိမှု စတာတွေကို ကိုယ်စားပြုတဲ့ ရာသီခွင်ဆိုလည်း မမှားပါဘူး။ 

ယုန်နှစ်ဖွားတို့ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်

နူးညံ့တဲ့ယုန်ရဲ့ သဘောသဘာဝအရ အေးချမ်းပြီး တည်ငြိမ်တဲ့ လူများဖြစ်ကြပါတယ်။ အသက်ရှည်ခြင်းရဲ့ သင်္ကေတလည်းဖြစ်ပေတယ်။ ယုန်နှစ်ဖွားတွေဟာ တည်ငြိမ်အေးချမ်းသူများဖြစ်သည့်အလျောက် ပေါင်းသင်းသူများကိုလည်း ငြိမ်းချမ်းမှုကို ပေးဆောင်နိုင်ကြသည်။ ကိုယ်စားပြုသည့်သတ္တဝါမှာ ယုန်ဖြစ်သည့်အတွက် နူးညံ့ကြင်နာတတ်ပြီး တစ်ပါးသူရဲ့ စိတ်ခံစားချက်ကို ‌‌‌‌ဝေမျှယူတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မထုတ်ပြတတ်ကြဘဲ တစ်ယောက်တည်း နေရတာကို ကြိုက်နှစ်သက်တတ်ပါတယ်။ 

ပညာရှိယုန်လို့အများကသိကြတဲ့အတိုင်း အကြောင်းအရာတစ်ခုကို အကျိုးသင့်အကြောင်းသင့်ချက်ကျလက်ကျ ပြောနိုင်သူများလည်းဖြစ်ကြပါတယ်။ ယုန်တွေရဲ့စိတ်ကို အလွယ်တကူ မသိနိုင်သလိုပဲ ယုန်နှစ်ဖွားတွေဟာ တစ်ခြားလူများရဲ့ စိတ်ကို လွယ်လွယ်ဖတ်တတ်နိုင်ကြပေမဲ့ သိုဝှက်တတ်တဲ့ အမူအကျင့်ကြောင့် သူတို့ရဲ့ စိတ်ကိုသိဖို့က ခက်ခဲသောစိန်ခေါ်မှုပဲဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ယုန်နှစ်ဖွားတို့ရဲ့ ကံဇာတာ

၂၀၂၃ ခုနှစ်ရဲ့  Yin သဘာဝအရ  ယုန်နှစ်ဖွားတွေရဲ့ စွမ်းဆောင်ရည်တွေကို အရင်နှစ်ထပ် တိုးမြှင့်စေသည်။ အသက်မွေးဝမ်းကြောင်းနှင့် ငွေကြေးအောင်မြင်မှုများ ရှိလာနိုင်သည့်အတွက် ပိုမိုအောင်မြင်ချင်သူများ နှစ်ဆန်းပိုင်းတည်းက စတင်အကောင်အထည်ဖော်ရန်လိုအပ်သည်။ 

ချစ်စရာကောင်းသည့်ကိုယ်စားပြုသတ္တဝါဖြစ်တဲ့အတွက် ယခု ၂၀၂၃ ခုနှစ်မှာ အရင်ကထပ် လူမှုရေးရော အချစ်ရေးရော တိုးတက်ကောင်းမွန်လာနိုင်သည်။ Yin ရဲ့ အကျိုးသက်ရောက်မှုကြောင့် လူမှုရေးဆိုလျှင် သူငယ်ချင်းအသစ်တိုးပွားလာနိုင်ပြီး လူချစ်လူခင်လည်းများလာပါမည်။ အချစ်ရေးမှာဆိုလည်း တစ်ကိုယ်တည်းသမားများ လက်တွဲဖော်ရှာတွေ့ရန် အခွင့်အလမ်းပိုများလာပြီး လက်တွဲဖော်ရှိပြီးသူများကလည်း နှစ်ဦးနှစ်ဖက် ဆက်ဆံရေးပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ကျန်းမာရေးတွင် အညံ့ရှိနိုင်ပေမယ့် သာမန်ဖျားနာရုံပဲဖြစ်မှာမို့ စိုးရိမ်စရာ‌တော့မလိုပါဘူး။ 

ဒီနှစ်ထဲ ယုန်နှစ်ဖွားတွေအတွက် ကံအကောင်းဆုံးအရောင်တွေက လိမ္မော်နီရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်တို့ဖြစ်ပြီး နှစ်သစ်ကူးတွင် ၀တ်ဆင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ကံကြမ္မာကို ရယူနိုင်ပါသည်။ 

Shop App မှာလည်း တရုတ်နှစ်သစ်ကူးအတွက် ချစ်ခင်ရတဲ့လူတွေကို အန်ပေါင်းအပြင် အမှတ်တရဖြစ်ဖွယ် လက်ဆောင်ပေးစရာ ပစ္စည်းမျိုးစုံ ရွေးချယ်ဝယ်ယူလို့ရတာမို့ Shop App ကိုအလည်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 

charis donsiandim

Leave a Reply

Your email address will not be published. Required fields are marked *