Shop App မှာ Return & Refund ဘယ်လိုလုပ်ကြမလဲ?
Shop App တွင် Return and Refund ပြုလုပ်ခြင်းဆိုတာက မိမိမှာယူထားသည့် ပစ္စည်းအော်ဒါနှင့်ပတ်သက်၍ ပစ္စည်းလက်ဝယ်ရောက်ရှိလာသည့်အခါ အမှားအယွင်း တစ်စုံတစ်ရာပါရှိလာသည့်အခြေအနေမျိုးတွင် ပြုလုပ်နိုင်သည့် နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။
ပစ္စည်းလက်ဝယ်ရောက်ရှိလာသည့်အခါ မိမိမှာယူထားသည့်ပစ္စည်းအော်ဒါနှင့် တစ်စုံတစ်ရာကွဲလွဲနေခြင်း၊ ပစ္စည်းအမျိုးအမည် ကွဲလွဲနေခြင်း၊ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာပါရှိနေခြင်း စသည့် အခြေအနေမျိုးတွင် Return and Refund နည်းလမ်းလေးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Return and Refund ပြုလုပ်ပုံအဆင့်ဆင့်
Shop App တွင် Return and Refund ပြုလုပ်သည့်အခါ အောက်ဖော်ပြပါ နည်းလမ်းလေးတွေအတိုင်း အလွယ်တကူပြုလုပ်နိုင်ပါတယ်နော်။
- Shop App သို့ဝင်ပါ
ပထမဦးဆုံး Return and Refund ပြုလုပ်နိုင်ဖို့ရာအတွက် မိမိ၏ Shop App အကောင့်သို့ Shop App Application (သို့မဟုတ်) Browser မှတစ်ဆင့် Log in ဝင်ရောက်ပေးရမှာဖြစ်ပါတယ်။
- View All Orders သို့ဝင်ပါ
မိမိ၏ Shop App အကောင့်သို့ဝင်ရောက်ပြီးရင်တော့ My Account သို့ဝင်ပါ။ ထို့နောက်မှာတော့ View All Orders သို့ ဝင်ရောက်လိုက်ပါ။
- Return ပစ္စည်းအား ရွေးချယ်ပြီး အကြောင်းအရာဖော်ပြပါ
အထက်ပါအတိုင်း View All Orders သို့ဝင်ရောက်ပြီးရင်တော့ မိမိမှာယူထားသည့် ပစ္စည်းအော်ဒါများကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ၎င်းတို့ထဲမှ မိမိ Return ပြုလုပ်လိုသည့် ပစ္စည်းအားရွေးချယ်ပြီး Return Button အားနှိပ်ပါ။ Return reason တွင် မိမိပြုလုပ်ရသည့်အကြောင်းအရာတစ်ခုခုကို ရွေးချယ်၍ ပစ္စည်း၏ဓာတ်ပုံနှင့်အတူ ထည့်သွင်းပါ။
- Return Shipment ရွေးချယ်ခြင်း
မိမိ၏ပစ္စည်းအား ပြန်လည်လာရောက်ယူဆောင်ပေးရန်အတွက် Courier Pick Up အားရွေးချယ်ပြီး Confirm နှိပ်ပေးရမှာဖြစ်ပါတယ်။
- Return Method ရွေးချယ်ခြင်း
Refund Method ရွေးချယ်သည့်အခါ လျှော့ဈေးဘောက်ချာကုတ်ရွေးချယ်သူများအတွက် မိမိမှာယူထားသည့် ပစ္စည်းတန်ဖိုးနှင့် တူညီသည့် လျှော့ဈေးဘောက်ချာများ ပြန်လည်ရရှိမှာဖြစ်ပြီး ဘဏ်ငွေလွှဲစနစ်အား ရွေးချယ်သူများအတွက် Return ပြုလုပ်မည့်ပစ္စည်းအား လက်ခံရရှိကြောင်း အတည်ပြုပြီးပါက မိမိ၏ ဘဏ်အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖော်ပြပေးရပါမည်။
- Banking ဖြင့် Return Method ပြုလုပ်ခြင်း
Banking ဖြင့် Return method အား ရွေးချယ်သည့်အခါ KBZ, AYA, CB ဘဏ်အကောင့်များ (Special Account များမပါဝင်ပါ) ဖြင့် ငွေလွှဲလက်ခံနိုင်မှာဖြစ်ပြီး အချက်အလက်မှားယွင်းမှု တစ်စုံတစ်ရာဖြစ်ခဲ့ပါက ပုံမှန် Refund ပေးအပ်သည့် အချိန်ထက်ကြာမြင့်နိုင်တာကြေင့် မိမိ၏ ဘဏ်အချက်အလက်များအား သေချာပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပေးရန် လိုအပ်ပါသည်။
ဒီလိုအချက်လေးတွေကို အထက်ပါအတိုင်း အဆင်ဆင့်လုပ်ဆောင်ပြီးရင်တော့ Return and Refund အောင်မြင်စွာလုပ်ဆောင်ပြီးပါပြီ။
ရှော့ပင်းချစ်သူတိုင်းရွေးချယ်ဖြစ်တဲ့ မြန်မာ့နံပါတ် (၁) Shop App ကြီးမှာ ပစ္စည်းအမျိုးအစားအစုံအလင်ကို နေ့စဉ်အတန်ဆုံးလျှော့ဈေးတွေနဲ့ လာရောက်ဈေးဝယ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။