Perfect Valentine’s Gifts To Show Your Love!
ဖေဖော်ဝါရီ ၁၄ ရက်နေ့ Valentine နေ့ဟာ ချစ်သူစုံတွဲများအတွက် အမှတ်တရကောင်းများစွာကို ဖန်တီးကြတဲ့ အထူးနေ့ရက်လေးတစ်ရက်ပဲ ဖြစ်ပါတယ်။
ချစ်သူတွေအချင်းချင်း ချစ်သက်လက်ဆောင်ဖလှယ်ကြရင်း အချစ်တွေတိုးပွားတဲ့နေ့လို့ ထင်ရှားပြီး တစ်ချို့ ကလည်း မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၀င်တွေကို လက်ဆောင်များနဲ့အတူ အမှတ်တရများစွာကို ဖန်တီးကြပါတယ်။
Valentine’s Day ဟာ ကမ္ဘာတစ်၀န်းမှာ တွင်ကျယ်လာပြီး နှစ်တွေကြာလာတာနဲ့အမျှ အမှတ်တရတွေက များပြားပြီး စုံလင်ဆန်းပြားလာပါတယ်နော်။ ချစ်ရသူများကို တခါတည်း အမှတ်ရသွားစေမယ့် လက်ဆောင်မျိုးနဲ့ အဓိပ္ပာယ်အပြည့်လက်ဆောင်တွေကို ရွေးချယ်ပေးနိုင်ဖို့ ဆက်လက်ဖတ်ကြည့်လိုက်ဦးနော်။
သင့်ရဲ့ ချစ်သူကောင်လေးက Game ဆော့ရတာ ခုံမင်တဲ့ Game ဝါသနာအိုးဖြစ်ဖြစ် Room Tour Project ဆိုပြီး Gaming ပစ္စည်းများနဲ့ အခန်းအလှဆင်ချင်တဲ့ လူဖြစ်ဖြစ် High Resolution နဲ့ Game ဆော့နိုင်မယ့် Monitor ၊ Sound System ကောင်းပြီး ပြတ်ပြတ်သားသားကြားတဲ့ Wireless Gaming Headset နဲ့ Gaming Keyboard တို့ကို Shop App မှာ ၀ယ်ယူ လက်ဆောင်ပေးပြီး Supportive Girlfriend လုပ်လိုက်တော့နော်။ ဒါ့အပြင် နှစ်ယောက် အားလပ်ချိန်မှာလည်း game အတူဆော့လို့ရလို့ ချစ်ခြင်းမေတ္တာ ဆက်ဆံရေးတွေ တိုးပွားနိုင်ပြီနော်။
ဘယ်တော့မှ မပြောင်းလဲဘဲ အမြဲတည်ရှိသွားမယ့် ချစ်ခြင်းမေတ္တာတွေကို သက်သေပြချင်တယ် ဆိုရင်တော့ Wine ကိုလက်ဆောင်ပေးခြင်းက အကောင်းဆုံးပါပဲ။ Shop App မှာ အရည်အသွေးနဲ့ အရသာကောင်းမွန်တဲ့ Wine ကိုရွေးချယ်၀ယ်ယူရင်း ချစ်ရသူကို လက်ဆောင်ပေးလို့ရပြီနော်။
ချောကလက်လက်ဆောင်ပေးခြင်းက Valentine Day ရဲ့ သင်္ကေတ တစ်ခုလိုတောင် ဖြစ်နေပါပြီ။ အလှဆုံး ပန်းစည်းကို ချောကလက်နဲ့ တွဲပြီး လက်ဆောင်ပေးခြင်းက ပြီးပြည့်စုံတဲ့ Gift Combo ပဲနော်။
သင့်ကို တစ်နေ့တစ်မျိုး မရိုးရတဲ့ ပုံစံနဲ့ ရင်သက်ရှုမောဖွယ် လှပနေတဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားပြီလား? ဒါဆိုရင် အလှကြိုက်တဲ့ ကောင်မလေးကို သူ့ရဲ့ မိတ်ကပ်မလိမ်းတဲ့အချိန်မှာတောင် သဘာ၀ဆန်ဆန်လေး လှပနေဖို့ Skin ကို Healthy ဖြစ်စေတဲ့ Skin Care Set ကို လက်ဆောင်ပေးသင့်ပါတယ်။
ချစ်သူလေးနဲ့ အမှတ်တရ ဆင်တူပစ္စည်းလည်း ၀ယ်ချင်တယ်၊ Pricy မဖြစ်ဘဲ ပေါ့ပေါ့ပေါးပါးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ Phone Case ဆင်တူလေး ဝယ်လိုက်တော့နော်။ Phone ကို ပြင်ပ ထိခိုက်မှုမှ ကာကွယ်နိုင်အောင် Phone Case ဆင်ပေးရသလို ချစ်သူလေးကို အမြဲတမ်းကာကွယ်ပေးနေတယ်ဆိုတဲ့ Romantic ဆန်ဆန် အဓိပ္ပါယ်လေးနဲ့ လက်ဆောင်ပေးလို့ရပါသေးတယ်။
အရုပ်လေးတွေက မိန်းကလေးအများစုရဲ့ ငယ်စဥ်တည်းက အကောင်းဆုံးသူငယ်ချင်းတွေလို့ သတ်မှတ်လို့ရပါတယ်။ ငယ်ငယ်တုန်းက အရုပ်တွေနဲ့ဆော့ကစားခဲ့ပြီး ကြီးလာတဲ့အခါမှာတော့ အဲ့ဒီအရုပ်လေးတွေက ရင်ဖွင့်ဖော်ဖြစ်လာပါတယ်။ ဒီတော့ ကိုယ်က အနားမှာ မရှိချိန် သွယ်ဝိုက်နည်းဖြင့် နှစ်သိမ့်ပေးနိုင်အောင် ကိုယ့်ရဲ့ကောင်မလေးကို ကိုယ်ပွားရုပ်လေးအဖြစ် လက်ဆောင်ပေးပြီး အချစ်တွေကို တိုးပွားလိုက်တော့နော်။
အခုဆိုရင် ဘယ်လိုလက်ဆောင်မျိုးကို ပေးသင့်တယ်ဆိုတာ သိကြပြီထင်ပါတယ်။
Shop App ရဲ့ Valentine’s Sale မှာလည်း လက်ဆောင်ပစ္စည်းအစုံရှိပြီး လျှော့စျေးတွေလည်း ရှိတာမို့ Valentine’s Day အမှီ ချစ်ရသူကို လက်ဆောင်ပေးနိုင်ဖို့အတွက် အခုပဲ အော်ဒါတင်မှာယူလိုက်တော့နော်။