30 minutes Easy Spaghetti Meatballs
ဝန်ခံလိုက်ပါ။ လူတော်တော်များများက မီးဖိုချောင်ထဲမှာ နေ့စဥ် အချိန်ကြာကြာမကုန်ဆုံးချင်ကြဘူးဆိုတာ။ ဒါကြောင့် ဒီတစ်ပတ်မှာ ပုံမှန်စားသောက်နေကြ အစားအစာတွေနဲ့လည်း ကွဲထွက်ပြီး ကလေးရော၊ လူကြီးပါကြိုက်ကြတဲ့ ညစာဟင်းပွဲတစ်ခုကို အချိန် (၃၀) မိနစ်တည်းနဲ့ ချက်ပြုတ်လို့ရတဲ့ အီတလီ စပါကတ်တီအသားလုံးခေါက်ဆွဲပြုလုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ Let’s Make 30 minutes East Spaghetti Meatballs!
လိုအပ်သည့် ပါဝင်ပစ္စည်းကုန်ခြောက်များကို Shop App ရဲ့ Shop Mart တွင် လျှော့စျေးများဖြင့် လွယ်ကူစွာဝင်ရောက်ဝယ်ယူနိုင်ပါပြီ။
ချက်ပြုတ်ကြာချိန် – ၃၀ မိနစ်မိနစ်
ပါဝင်ပစ္စည်းများ
အနှစ်ပြုလုပ်ရန် –
- ကြက်သွန် ၂ လုံး (ပါးပါးလှီးထားရန်)
- ကြက်သွန့်ဖြူအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ခရမ်းချဥ်သီး ၆ လုံး (ပြုတ်၊ အခွံခွာ၊ အစေ့ထုတ်၊ လှီးထားရန်)
- ခရမ်းချဥ်အနှစ် ၁ ခွက်
- ငရုတ်ကောင်းမှုန့်အဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အမဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပင်စိမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ
- ရှလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြိတ်ထားသောငရုတ်သီးအနီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းစာ
- ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
- စပါကတ်တီခေါက်ဆွဲတစ်ထုပ်
- နှစ်သက်ရာ အသားလုံး ၁၀-၁၂ လုံး (ကြက်သား သို့မဟုတ် အမဲသား)
- ခြစ်ထားသော ချိစ့်အမှုန့် (အပေါ်မှဖြူးရန်)
ပြုလုပ်နည်း –
- အထုပ်ပါ ညွှန်းကြားချက်အတိုင်း စပါကတ်တီခေါက်ဆွဲအားပြုပါ
- နှစ်သက်ရာ အသားလုံးအား မီးအေးအေး ဆီနည်းနည်းဖြင့် အသားလုံးနီရဲလာရုံလောက် ကြော်ချက်ပါ
- ထို့နောက် ပါးပါးလှီးထားသောကြက်သွန်ဖြူသား နွမ်းလာသည်အထိဆီထဲတွက်ကြော်ပါ
- ကြက်သွန်ဖြူအနှစ်ရောပြီး အစိမ်းအနံ့တွေပျော်သွားသည်အထိချက်ပါ
- ထို့နောက် ခရမ်းချဥ်သီးထည့်ပြီး နူးအိကာ ရေခမ်းသည်အထိ ချက်ပါ
- ခရမ်းချဥ်သီးအနှစ်နဲ့အတူ ကျန်ရှိတဲ့ ရသာ အမှုန့်၊ အရည်များပါရောထည့်ကာ မီးအေးအေးဖြင့်အနှစ်ဖြစ်လာသည်အထိ မွှေ၍ချက်ပြုတ်ပေးပါ
- ခရင်ပုံစံအနှစ်ရရှိပါက ဟင်းပွဲပြင်ဆင်လို့ရပါပြီ
- ပြုတ်ပြီးသား စပါကတ်တီခေါက်ဆွဲပေါ်တွင် အသားလုံးများတင်ပြီး အနှည်ရည်ဆမ်းကာ ချိစ့်ဖြူးပြီး မြိန်ရည်ရှက်ရည်သုံးဆောင်လို့ရပါပြီ။
Let’s face it, no one wants to spend hours and hours in the kitchen preparing every meal. If you’re on the hunt for a meal that will please the kids and adults alike without demanding too much time or effort – this is just the thing.
You can use chicken or beef meatballs of your choice and the sauce comes together in a mere 30 minutes! It can’t get simpler than this!
Cooking Time: 30 Minutes (Spaghetti Meatballs)
You can easily order the groceries ingredients from Shop Mart of the Shop App with Discounts and Free Shipping “Here!”
Ingredients
Sauce
- 2 onions chopped
- 2 tbsp garlic paste
- 6 tomatoes boiled, peeled, deseeded, chopped
- 1 cup tomato paste
- 1 tsp white pepper
- 2 tsp salt
- 2 tsp black pepper
- 2 tsp oregano
- 1 tsp sugar
- 2 tbsp vinegar
- 2 tbsp worcestershire sauce
- 2 tbsp chilli garlic sauce
- 1-2 tsp crushed red chillies
- 4 tbsp oil
Other
- 1 packet spaghetti boiled as per instructions
- 10-12 meatballs of your choice
- cheddar cheese shredded, for topping
Instructions
- Boil your noodles according to package instructions.
- Shallow fry your meatballs, keep aside.
- In a pan, add your oil and cook your onions until they’re translucent and soft.
- Add garlic paste and mix until the raw smell goes away.
- Add tomatoes and cook until the water evaporates and tomatoes go soft and mushy.
- Add your tomato paste and spices/sauces. Mix and simmer on low to medium flame until sauce begins to thicken and the flavors come together.
- You can either leave your sauce chunky as it is. Or use a hand blender to smooth it out into a creamier consistency.
- To plate: add some noodles at the bottom, layer on your meatballs and spoon some generous sauce over it. Voila! You’re done!