Home Thingyan

Home Thingyan

မိမိအိမ်မှာနေရင်း ဘေးကင်းလုံခြုံစွာနေရင်း မြန်မာ့နှစ်သစ် ရိုးရာအတာ Home Thingyan ကို ဘယ်လိုမြိုင်ဆိုင်စွာကျင်းပကြမလဲဆိုတာ Shop App နဲ့အတူ ကြည့်ရှုလိုက်ရအောင်!

Home Thingyan Decor

အိမ်တွင်းသင်္ကြန်ကျင်းပဖို့ဆို ပထမဆုံးလုပ်ရမယ့်အချက် မိမိအိမ်တွင်းကို ပိတောက်ပန်း အစရှိတဲ့ သင်္ကြန်အငွေ့အသက်တွေနဲ့ပြည့်နှက်အောင် Decoration ပြုလုပ်သင့်ပါတယ်။


လေထိုးကန်နှင့် သင်္ကြန်ကစားစရာများ

တစ်နှစ်မှာ တစ်ခေါက်သာကျင်းပတဲ့ ရေကစားပွဲတော်ကို အသက်သွင်းဖို့ဆို ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းများနဲ့ လေထိုးရေကန်၊ သင်္ကြန်ရေပြွတ် စတဲ့သင်္ကြန်ကစားစရာများနဲ့အတူ ရေကစားမန်းတပ်လေးဖန်တီးပြီး နှစ်သစ်ကိုပျော်ရွှင်စွာ ဖြတ်သန်းသင့်ပါတယ်။


Thingyan Music

အကြို၊ အကျ၊ အကြတ်၊ အတက် (၄) ရက်မှာ သင်္ကြန် feelings တွေ ပိုမိုမြူးကြွမြိုင်ဆိုင်စေဖို့ သင်္ကြန်သီချင်းတွေ အိမ်မှာဖွင့်ထားရင်း သင်္ကြန် vibes တွေ အရယူဖို့လည်း မမေ့နဲ့နော်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးမိစေဖို့လည်း လိုပါတယ်။

Thingyan Food

သင်္ကြန်စာလို့ပြောလိုက်ရင် သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်ကြတ်တိုက်၊ မုန့်လုံးရေပေါ်တို့လို မြန်မာ့ရိုးရာဆန်မုန့်များလုပ်စားကြပြီး သင်္ကြန်အနှစ်အရသာကို အပြည့်အဝရယူလိုက်ပါ။ မြန်မာလူမျိုးများရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ဖြစ်တဲ့ “ဝေမျှခြင်း” ကိုလည်း မိမိအိမ်နီးချင်းများကို နှစ်သစ်မုန့်ချိုများလက်ဆောင်ပေးပြီး ဖော်ကျူးသင့်ပါတယ်။


Thingyan Film

အတာပိတ်ရက်လေးမှာ မိသားစုအတွက် Quality Time မှာ မုန့်လေးစား၊ သင်္ကြန်ရုပ်ရှင်များ ကြည့်ရှုရင်းနဲ့လည်း အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်။


Thingyan Donation

နှစ်သစ်အစမှာ မိမိတတ်နိုင်တဲ့ဘက်ကနေ တနိုင်တပိုင်အလှူတစ်ခု မျှဝေပြုလုပ်ရင်းဖြတ်သန်းပါက တစ်နှစ်တာပတ်လုံး ချမ်းသာဝပြောမှုများဖြစ်ပေါ်စေနိုင်တဲ့ဓလေ့ကို ပြုကျင့်နိုင်ရန် အားလပ်ရက်မှာ အဝတ်အစား၊ အစားအသောက်ကဲ့သို့သော မိမိမျှဝေလိုတဲ့ ပစ္စည်းများကို စီစစ်ဆောင်ရွက်သင့်ပါတယ်။ 


Thingyan Wish

“စာလေးတစ်‌စောင်” ဆိုပေမဲ့ လက်ခံရရှိတဲ့သူအပေါ် ပျော်ရွှင်ခြင်းပိတိများစွာ ဖြစ်ပေါ်စေတာကြောင့် သင်္ကြန်ပိတ်ရက်ကဲ့သို့ အခါကြီးရက်ကြီးများမှာ မိမိချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိသားစု၊ မိတ်ဆွေများကို ဆုတောင်းစကားများ စာဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ ပို့ဆောင်ပြီး Home Thingyan ဆင်နွှဲနိုင်ပါတယ်နော

Reading Time: 1 minute
Shop App Launches PREORDER

The KaungHtet

Leave a Reply

Your email address will not be published. Required fields are marked *