လွယ်ကူမြန်ဆန် အာဟာရရှိတဲ့ Matcha Pancake လုပ်စားကြမယ်! 0 65

မေလ ၂၁ ရက်နေ့ဟာ International Tea Day ဖြစ်ပါတယ်။ နိုင်ငံတကာ လက်ဖက်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လက်ဖက်အမျိုးအစားတွေထဲက တစ်မျိုးဖြစ်တဲ့ Matcha (လက်ဖက်စိမ်း) နဲ့ ပန်ကိတ်ပြုလုပ်နည်းကို Shop App မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများကို Shop App တွင် ပါဝင်ပစ္စည်းများကို Shop App တွင် လျှော့စျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။
ဝယ်ယူရန် “ဒီနေရာကိုနှိပ်ပါ”

ပါဝင်ပစ္စည်းများ
မုန့်ဖုတ်ဂျုံ – ဆန်ချိန်ခွက် (၁) ခွက်
နွားနို့ – ဆန်ချိန်ခွက် (၁) ခွက်
Matcha လက်ဖက်စိမ်းမှုန့် – စားပွဲတင်ဇွန်း (၁) ဇွန်း
ကြက်ဥ – (၁) လုံး
မှုန့်ဖုန်ပေါင်ဒါ – လက်ဖက်စားဇွန်း (၂) ဇွန်း
ဆား – လက်ဖက်စားဇွန်း ၄ပုံ ၁ပုံ
ထောပတ် – စားပွဲတင်ဇွန်း (၂) ဇွန်း
Vanilla Extract – လက်ဖက်စားဇွန်း (၂) ဇွန်း

Step 1
မုန့်ဖုတ်ဂျုံ၊ Matcha လက်ဖက်စိမ်းမှုန့်၊ မှုန့်ဖုန်ပေါင်ဒါ၊ ဆား တို့ကို ရောသမမွှေပါ။ ထို့နောက် နွားနို့၊ ကြက်ဥ၊ ထောပတ်၊ vanilla extract တို့ကိုထည့်ပြီး ရော‌မွှေပါ။ ဂျုံသားပျောက်ပြီး မုန့်အနှစ်အနေအထားရပြီဆိုရင် မုန့်စတင်ပြုလုပ်လို့ရပါပြီ။

Step 2
မကပ်ဒယ်အိုး (Non-stick Pan) ကို ထောပတ်အနည်းငယ်သုတ်ပြီး မီး‌အေးအေးဖြင့် ‌မုန့်နှစ် ရေခွက်တစ်ဝက်ခန့်ထည့်ကာ မုန့်စတင်ပြုလုပ်လို့ရပါပြီ။ မုန့်နှစ်ပေါ် ပူပေါင်းလေးတွေပေါ်လာပြီဆိုရင် မုန့်တစ်ဖက်ကျက်ပြီဆိုတဲ့ သင်္ကေတဖြစ်လို့ မုန့်ကို နောက်တစ်ဖက်လှန်လို့ရပါပြီ။ မုန့်သား ရွှေရောင်သန်းလာပြီဆိုရင် စားချင်စဖွယ် Matcha Pancake လေးကိုနှစ်သက်ရာ Toppings တွေနဲ့ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

ပါဝင်ပစ္စည်းများကို Shop App တွင် ပါဝင်ပစ္စည်းများကို Shop App တွင် လျှော့စျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။
ဝယ်ယူရန် “ဒီနေရာကိုနှိပ်ပါ”

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *