
ယခုလို ကိုဗစ်ကာလအခြေအနေများကြောင့် မိမိအိမ်မှာ ဘေးကင်းလုံခြုံစွာနေရင်း မြန်မာ့နှစ်သစ် အတာသင်္ကြန်အရသာမပျက်ဘဲ ဘယ်လိုပါဝင်ဆင်နွှဲနိုင်မလဲဆိုတာ Shop App နဲ့အတူ ကြည့်ရှုလိုက်ရအောင်!
သင်္ကြန်အတွက်လိုအပ်မယ့်ပစ္စည်းမျိုးစုံကို လျှော့စျေးတွေနဲ့ Shop App တွင်ဝယ်ယူရန် “ဒီနေရာကိုနှိပ်ပါ”
သင်္ကြန်အပြင်အဆင်
အိမ်တွင်းသင်္ကြန်ပြုလုပ်ရန် ပထမဆုံးလုပ်ရမယ့်အချက် မိမိအိမ်တွင်းကို ပိတောက်ပန်း အစရှိတဲ့ သင်္ကြန်အငွေ့အသက်တွေနဲ့ပြည့်နှက်အောင် Decoration ပြုလုပ်သင့်ပါတယ်။ နွေရာသီဖြစ်တဲ့အတွက် တောက်ပတဲ့အရောင်ပါဝင်တဲ့ အပြင်အဆင်များကို ရွေးချယ်ပြီး နှစ်သစ်ရဲ့ လန်းဆန်းမှုကိုရယူလိုက်ပါ။
လေထိုးကန်နှင့် သင်္ကြန်ကစားစရာများ
တစ်နှစ်မှာ တစ်ခေါက်သာကျင်းပရတဲ့ ရေကစားပွဲတော်ကို အသက်သွင်းဖို့ဆို ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းများနဲ့အတူ သင်္ကြန်ရိုးရာရေကစားခြင်းဓလေ့ကို အိမ်မှာနေရင်း ဆင်နွှဲနိုင်ပါတယ်။ လေထိုးရေကန်၊ သင်္ကြန်ရေပြွတ် စတဲ့သင်္ကြန်ကစားစရာများနဲ့အတူ ကိုယ်ပိုင်ရေကစားမဏ္ဍပ်ငယ်လေးဖန်တီးပြီး နှစ်သစ်ကိုပျော်ရွှင်စွာ ဖြတ်သန်းသင့်ပါတယ်။
သင်္ကြန်သီချင်း
အကြို၊ အကျ၊ အကြတ်၊ အတက် (၄) ရက်မှာ သင်္ကြန် feelings တွေ ပိုမိုမြူးကြွမြိုင်ဆိုင်စေဖို့ သင်္ကြန်သီချင်းတွေ အိမ်မှာဖွင့်ထားရင်း သင်္ကြန် vibes တွေ အရယူဖို့လည်း မမေ့နဲ့နော်။ သို့ပေမဲ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးမိစေဖို့အရေးကြီးပါတယ်။
သင်္ကြန်အတွက်လိုအပ်မယ့်ပစ္စည်းမျိုးစုံကို လျှော့စျေးတွေနဲ့ Shop App တွင်ဝယ်ယူရန် “ဒီနေရာကိုနှိပ်ပါ”
သင်္ကြန်စာ
သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်ကြတ်တိုက်၊ မုန့်လုံးရေပေါ်တို့လို မြန်မာ့ရိုးရာဆန်မုန့်များလုပ်စားပြီး သင်္ကြန်အနှစ်အရသာကို အပြည့်အဝရယူလိုက်ပါ။ လူငယ်များအနေနဲ့လည်း မိမိနှစ်သက်တဲ့ Snacks, Drinks များကို ပိတ်ရက်မတိုင်မီ ကြိုတင်စုဆောင်းထားဖို့ မမေ့နဲ့နော်။
မြန်မာလူမျိုးများရဲ့ ချစ်စရာကောင်းတဲ့ “ဝေမျှခြင်း” ဓလေ့ကိုလည်း မိမိအိမ်နီးချင်းများကို နှစ်သစ်မုန့်ချိုများလက်ဆောင်ပေးကာ ဖော်ကျူးသင့်ပါတယ်။
သင်္ကြန်အလှူ
နှစ်သစ်အစမှာ မိမိတတ်နိုင်တဲ့ဘက်မှ တနိုင်တပိုင်အလှူ/မျှဝေခြင်း တစ်ခုပြုလုပ်ရင်းဖြတ်သန်းပါက တစ်နှစ်တာပတ်လုံး ချမ်းသာဝပြောမှုများဖြစ်ပေါ်စေနိုင်တဲ့ဓလေ့ရှိပါတယ်။ ထိုရိုးရာကိုပြုလုပ်နိုင်ရန် အဝတ်အစား၊ အစားအသောက်ကဲ့သို့သော မိမိမျှဝေလိုတဲ့ ပစ္စည်းများကို အားလပ်ရက်မှာ စီစစ်ဆောင်ရွက်သင့်ပါတယ်။
သင်္ကြန်ဆုတောင်း
“စာလေးတစ်စောင်၊ စကားလေးတစ်ခွန်း” ဆိုပေမဲ့ လက်ခံရရှိတဲ့သူအပေါ် ပျော်ရွှင်ခြင်းပီတိများစွာ ဖြစ်ပေါ်စေတာကြောင့် သင်္ကြန်နှစ်ကူးကဲ့သို့သော အခါကြီးရက်ကြီးများမှာ မိမိချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိသားစု၊ မိတ်ဆွေများကို စာဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ ဆုတောင်းစကားများ ပို့ဆောင်ဖို့လည်းအရေးကြီးပါတယ်။
သင်္ကြန်အတွက်လိုအပ်မယ့်ပစ္စည်းမျိုးစုံကို လျှော့စျေးတွေနဲ့ Shop App တွင်ဝယ်ယူရန် “ဒီနေရာကိုနှိပ်ပါ”
Apr 7th, 2022
Shop MM
Composed by The KaungHtet