၂၀၂၂ တရုတ်ရိုးရာ ၁၂ လရာသီခွင်ဟောစာတန်းနှင့် ဒဏ္ဍာရီဖြစ်ပေါ်လာပုံ – Lunar Zodiac Prediction & Myth 0 739

ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်ဖွား တရုတ်လူမျိုးများအားလုံး ယခုနှစ်ကူးမှာ ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပြီး  စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်း Shop App MM မှ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

GONG XI FA CAI

ဒီတစ်ခါမှာတော့ ၂၀၂၂ အတွက် တရုတ်ရိုးရာ ၁၂ လရာသီခွင်ဟောစာတန်းနှင့် ဒဏ္ဍာရီရာသီခွင်ကောင်းလေးများဖြစ်ပေါ်လာပုံကို ‌ဗေဒင်မြတ်နိုးတဲ့ Shop App MM ချစ်သူများအတွက် ဗဟုသုတရဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
(ဟောစာတန်းကို 仰光觀音堂 စာမျက်နှာမှ ကောက်နုတ်ဖော်ပြထားပါသည်။)

ကြွက်နှစ်ဖွားဒဏ္ဍာရီ
တနေ့သောအခါ မိုးနတ်မင်းကြီးက ၎င်း၏ပါတီအစည်းအဝေးသို့ ကောင်းကင်ဘုံအပြေးပြိုင်ပွဲပြုလုပ်၍ ပန်းဝင်လာပုံကိုမူတည်ပြီး တရုတ်ရာသီခွင်အစဉ်ကို အဆုံးဖြတ်ပေးမည်ဟုပြောကြားလေသည်။ ကြွက်နှစ်ဖွားမွေးဖွားသူများသည် တရုတ်ရာသီခွင်များထဲတွင် ပထမဆုံးသောရာသီခွင်ဖြစ်သည်။ ကြွက်သည် ကောင်းကင်ဘုံအပြေးပြိုင်ပွဲတွင် နွားကိုလှည့်စားပြီး ၄င်း၏လိမ္မာပါးနပ်မှုကြောင့် ပထမဆုဆုရ၍ ၁၂ လရာသီခွင်ရဲ့ ပထမဦးဆုံးသောရာသီခွင်ဖြစ်လာသည်။

(၁၉၂၄၊ ၁၉၃၆၊ ၁၉၄၈၊ ၁၉၆၀၊ ၁၉၇၂၊ ၁၉၈၄၊ ၁၉၉၆၊ ၂၀၀၈၊ ၂၀၂၀)

၂၀၂၂ မှာ ကြွက်နှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အစိမ်း၊ အပြာ၊ ရွှေ
နံပါတ်များ – ၁၊ ၃

ကံမကောင်းခြင်းများ
အရောင်များ – အဝါ၊ အညို
နံပါတ်များ – ၅၊ ၉

အချစ်ရေး
အမျိုးသားများသည် အမျိုးသမီးများထက် ကံကောင်းခြင်းများကိုတွေ့ရသော်လည်း အချစ်ရေးနှင့်ဆက်ဆံရေးတွင် ပျမ်းမျှသာဖြစ်သည်။ ဒေါသနှင့်ပဋိပက္ခများကိုထိန်းထားရန်လိုအပ်သည်။

အလုပ်အကိုင်
၂၀၂၂ သည် သင့်အတွက် အလုပ်အကိုင်များပြောင်းလဲရန် သို့မဟုတ် လုပ်ငန်းများတွင်ပင် အနာဂတ်တွင် ပိုမိုအလားအလာရှိပြီး ကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်လာမည်။

ကြွယ်ဝချမ်းသာမှု
၂၀၂၂ တွင် ကြွယ်ဝချမ်းသာမှုတွင် ကံကောင်းနိုင်ခြင်းရှိနိုင်ခြေရှိသည်။

ပညာရေး
ဤနယ်ပယ်တွင် သင့်ကံကြမ္မာသည် အခြားနယ်ပယ်များကဲ့သို့ မခိုင်မာသော်လည်း သင်ကြိုးစားနေသရွေ့ သင်ကြိုးစားအားထုတ်မှုအတွက် သင့်အား ကြီးမားသောဆုလာဘ်များ ရရှိမည်ဖြစ်သည်။

ကျန်းမာရေး
၂၀၂၂ တွင်ပိုမိုကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုခံစားနိုင်မည်ဖြစ်သည်။ သက်ကြီးပိုင်းများသည် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းများကို စစ်ဆေးရန်အကြံပြု ထားသည်။


နွားနှစ်ဖွားဒဏ္ဍာရီ
နွားသည် တရုတ်ရိုးရာရာသီခွင်ထဲတွင် ဒုတိယမြောက်ရာသီခွင်ဖြစ်လေသည်။ နွားနှစ်ဖွားများသည် အလုပ်များကိုကြိုးစားလုပ်ကိုင်ရပြီး ဉာဏ်ရည်ထက်မြက်သော်လည်း ဘယ်သောအခါမှ ချီးကျူးခြင်းကိုမခံရပေ။

(၁၉၂၅၊ ၁၉၃၇၊ ၁၉၄၉၊ ၁၉၆၁၊ ၁၉၇၃၊ ၁၉၈၅၊ ၁၉၉၇၊ ၂၀၀၉၊ ၂၀၂၁)

၂၀၂၂ မှာ နွားနှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အပြာ၊ အဝါ၊ အစိမ်း
နံပါတ်များ – ၁၊ ၄

ကံမကောင်းခြင်းများ
အရောင်များ – အနီ၊ အညို
နံပါတ်များ – ၃၊ ၆

အချစ်ရေး
Single သို့မဟုတ် ချစ်သူရှိပြီးသား နွားနှစ်ဖွားများ၏အချစ်ရေးသည် ယခင်ကထက်တိုးတက်လာပြီး ပိုမိုနွေးထွေးလာမည်ဖြစ်သည်။

အလုပ်အကိုင်

၂၀၂၂ တွင် ဤနယ်ပယ်သည် ကံအကောင်းဆုံးသောနှစ်ဖြစ်လာမည်။ သင့်ကံကြမ္မာနှင့် ကြိုးစားအားထုတ်မှုသည် သင့်ကုမ္ပဏီ (သို့မဟုတ်) အလုပ်နေရာအတွင်း ပြိုင်ဘက်များ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။

ကြွယ်ဝချမ်းသာမှု
သင့်ဝင်ငွေနှင့် အသုံးစရိတ်သည် ယခုနှစ်တွင်တည်ငြိမ်ဖွယ်ရှိနိုင်သည်။

ပညာရေး
ယခင်က မစဉ်းစားထားသောနေရာများတွင် အရေးကြီးသောအောင်မြင်မှုများကို တွေ့ကြုံရခြင်းဖြင့် ၂၀၂၂  ခုနှစ်တွင် ပိုကောင်းသောရလဒ်နှင့် ကံဇာတာတွေရရှိမည်ဖြစ်သည်။

ကျန်းမာရေး
၂၀၂၂ တွင် ပြင်းထန်သောရောဂါများမရှိနိုင်ပေမဲ့ နှလုံးသွေးကြောနှင့် ဦးနှောက်သွေးကြောဆိုင်ရာများတွင် ဂရုစိုက်သင့်သည်။ ဆေးလိပ်လျှော့သောက်၊ အရက်လျှော့သောက်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။


ကျားနှစ်ဖွားဒဏ္ဍာရီ
ကျားသည် တရုတ်ရာသီခွင်တွင် တတိယမြောက်သောနှစ်ဖွားများဖြစ်ကြသည်။ တောဘုရင်ကျားတစ်ကောင်၏အားမာန်ကို ဘယ်သူမှမယှဉ်ပြိုင်နိုင်ဟုထင်ကြသော်လည်း ကောင်းကင်ဘုံအပြေးပြိုင်ပွဲတွင် ကြွက်၏ပါးနပ်မှုနှင့် နွား၏ကြိုးစားအားထုတ်မှုတို့ကြောင့် ကျားသည် တတိယနေရာသို့ရောက်ရှိသွားခဲ့သည်။

(၁၉၅၀၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၆၊ ၁၉၉၈၊ ၂၀၁၀၊ ၂၀၂၂)

၂၀၂၂ မှာ ကျားနှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အပြာ၊ အစိမ်း
နံပါတ်များ – ၁၊ ၃၊ ၇

ကံမကောင်းခြင်းများ
အရောင်များ – အဖြူ
နံပါတ်များ – ၄၊ ၉

အချစ်ရေး
ဤနယ်ပယ်တွင် ကြီးကျယ်ခမ်းနားသော ကံကောင်းခြင်းများကို ရရှိလိမ့်မည်မဟုတ်။ Single နှင့် အချစ်ရေးရှိသူများသည် ၂၀၂၂ တွင် 100% ကျေနပ်မှုမရှိကြောင်းသိရသည်။

အလုပ်အကိုင်

၂၀၂၂ တွင် ကျားနှစ်ဖွားများအတွက် အလုပ်သည် စံပြဖြစ်မည်မဟုတ်ပါ။ ယခုနှစ်တွေထက် နှေးကွေးသည်ဟု ခံစားရနိုင်ပြီး ခါတိုင်းထက်ပို၍ အားစိုက်ထုတ်ရန် အကြံပြုထားသည်။

ကြွယ်ဝချမ်းသာမှု
အခြားကဏ္ဍများကဲ့သို့ ပြဿနာရှိမည်မဟုတ်ပါ။ ကျားနှစ်ဖွားများသည် ယခုနှစ်တွင် ရင်းနှီးမြုပ်နှံမှုများတွင် အမြတ်အစွန်းများရရှိနိုင်သော်လည်း ကြီးမားသောဆုံးရှုံးမှုများကိုကြုံတွေ့ရနိုင်သည်။

ပညာရေး
၂၀၁၀ (သို့မဟုတ်) ၁၉၉၈ တွင်မွေးဖွားသော ကျားနှစ်များသည် ယခုနှစ်တွင် ပြင်ပအနှောင့်အယှက်များကြောင့် စွမ်းဆောင်ရည်ပြည့်မီဖွယ်မရှိပါ။

ကျန်းမာရေး
၂၀၂၂ တွင် ကျန်းမာရေးကို အထူးဂရုပြုသင့်သည်။ ယခုနှစ်တွေထက် အနည်းငယ် အအေးမိဖျားနာခြင်းများပိုမိုခံစားနိုင်ပါသည်။ အနားယူပြီး အာဟာရဖြည့်တင်းပေးပါ။ အဆီများသောအစားအစာများကိုရှောင်ပြီး ခံတွင်းကို ဂရုစိုက်ပါ။


ယုန်နှစ်ဖွားဒဏ္ဍာရီ
ယုန်သည်တရုတ်ရာသီခွင်များထဲတွင် စတုတ္ထလဖြစ်သောနှစ်ဖွားများဖြစ်ကြသည်။ ဒဏ္ဍာရီအရ ယုန်သည် ၎င်း၏အရှိန်မြန်ဆန်မှုကြောင့် မာနကြီးပြီး  နွားနဲ့အိမ်နီးနားချင်းဖြစ်ခဲ့တဲ့ ယုန်သည် နွား၏နှေးကွေးပုံကို အမြဲလှောင်ပြောင်ခဲ့သည်။ ကောင်းကင်ဘုံအပြေးပြိုင်ပွဲတွင် ယုန်သည် ၄င်း၏ယုံကြည်မှုလွန်ကဲမှုကြောင့် ခရီးတစ်ဝက်တွင် တစ်ရေးအိပ်လိုက်လေသည်။ တရေးနိုးလို့ ထသွားချိန်မှာ မိုးနတ်မင်းအစည်းအဝေးသို့ ရှေ့ ၃ ဦးကရောက်ရှိနှင့်ပြီး ထိုသုံးဦးတွင် သူအထင်သေးနေသော နွားလည်းပါလေသည်။ ထိုကြောင့် ယုန်သည် လေးနှစ်မြောက်ဖွားဖြစ်လာသည်။

(၁၉၂၇၊ ၁၉၃၉၊၁၉၅၁၊ ၁၉၆၃၊ ၁၉၇၅၊ ၁၉၈၇၊ ၁၉၉၉၊ ၂၀၁၁၊ ၂၀၂၃)

၂၀၂၂ မှာ ယုန်နှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အနီ၊ ပန်း၊ ခရမ်း၊ အပြာ
နံပါတ်များ – ၃၊ ၄၊ ၉

ကံမကောင်းခြင်းများ
အရောင်များ – အညို၊ ခဲ၊ အဖြူ
နံပါတ်များ – ၅၊ ၁၁

အချစ်ရေး
၂၀၂၂ တွင် ယုန်နှစ်ဖွားများအတွက် ကောင်းမွန်လာမည်မဟုတ်ပါ။ ပြင်ပအခြေအနေများကြောင့် တချို့သူများအတွက် ယခုနှစ်အတွင်း ခွဲခွာနေထိုင်ရန်ဖြစ်ပေါ် စေနိုင်ပါသည်။

အလုပ်အကိုင်

နှစ်စတွင် ၎င်းတို့၏အရည်အချင်းကိုအားကောင်းစေရန် ပိုမိုသစ်လွင်ပြီး အတွေ့အကြုံရှိသော အမြင်များကို တောင်းဆိုရန်နှင့် ၎င်းတို့နှစ်သက်သော လူများ၏အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကို ဆန်းစစ်ရန် အကြံပြုထားသည်။

ကြွယ်ဝချမ်းသာမှု
ကြွယ်ဝချမ်းသာမှု၊ ပရော်ဖက်ရှင်နယ်များတွင် အောင်မြင်မှုများနှင့်အတူ ၎င်းတို့၏ စုဆောင်းငွေနှင့် ရင်းနှီးမြုပ်နှံမှုများတွင် လျင်မြန်စွာတိုးမြင့်လာမည့် နှစ်တစ်နှစ်ကိုခံစားဖွယ်ရှိသည်

ပညာရေး
၂၀၂၂ ၏ ပညာရေးနယ်ပယ်တွင် ကောင်းချီးများရရှိပြီး စာမေးပွဲများကို ကောင်းစွာဖြေဆိုနိုင်မည်ဖြစ်သည်။

ကျန်းမာရေး
စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် မတော်တဆမှုများပင်ဖြစ်နိုင်ချေရှိသည်။  အခြားနှစ်များထက်၊ ကျန်းမာပြီး ပုံမှန်အချိန်ဇယားကို လိုက်နာရန် ကြိုးစားပါ။ ရာသီဥတု၏အကျိုးသက်ရောက်မှုကို ပိုမိုအာရုံစိုက်ရန် လိုအပ်ပါသည်။


နဂါးနှစ်ဖွားဒဏ္ဍာရီ
နဂါးသည် ရာသီခွင်တိရစ္ဆာန်အားလုံး၏ ပဉ္စမမြောက်ဖြစ်သည်။ အားလုံးက အစွမ်းထက်သောနဂါးကြီးက စောစောရောက်လာမည်ဟုမျှော်လင့်ကြသော်လည်း မိူးကောင်းကင် အစည်းအဝေးပွဲလာရာလမ်းတွင် မိုးခေါင်နေတဲ့ ရွာတစ်ရွာကိုတွေ့၍ မိုးရွာစေရန်ကူညီပေးနေတာဖြစ်ပြီး ဤမွန်မြတ်သောအကျင့်ကို မိုးနတ်မင်းကြီးသည် ဝမ်းမြောက်ကာ ပဉ္စမရာထူးကိုပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

(၁၉၂၈၊ ၂၉၄၀၊ ၁၉၅၂၊ ၁၉၆၄၊ ၁၉၇၆၊ ၁၉၈၈၊ ၂၀၀၀၊ ၂၀၁၂၊ ၂၀၂၄)

၂၀၂၂ မှာ နဂါးနှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – ရွှေ၊ ငွေ၊ မီးခိုး
နံပါတ်များ – ၁၊ ၆၊ ၇

ကံမကောင်းခြင်းများ
အရောင်များ – အဖြူ
နံပါတ်များ – ၄၊ ၉

အချစ်ရေး
၂၀၂၂ ခုနှစ်တွင် လက်တွဲဖော်၏လျစ်လျူရှုမှုကြုံနိုင်ပြီး စိတ်ခံစားချက်ကိုမြှင့်တင်ရန် မိသားစုနှင့် သူငယ်ချင်းများကို ပိုမိုအားကိုးရန် အကြံပြုထားသည်၊၊ Single များအတွက် လက်တွဲဖော်နှင့်တွေ့ဆုံဖို့ ကောင်းမွန်တဲ့နှစ်မဟုတ်ပါ။

အလုပ်အကိုင်

စွန့်ဦးတီထွင်သူများသည် ယခုနှစ်တွင် ကံကောင်းမှုများရရှိပြီး ကူညီလိုသည့်လူများစွာကိုတွေ့ရှိမည်ဖြစ်သည်။

ကြွယ်ဝချမ်းသာမှု
ကြွယ်ဝချမ်းသာမှုသည် ၂၀၂၂ ခုနှစ်တွင် ပျမ်းမျှဖြစ်လိမ့်မည်။ ၎င်းတို့၏၀င်ငွေအတွက်  အလွန်ကြိုးစားရမည်။ ယခုနှစ်နှောင်းပိုင်းတွင် ဤအခြေနေသည် တိုးတက်လာမည်ဖြစ်သော်လည်း သတိထားရန်အကြံပြုထားသည်။

ပညာရေး
စွမ်းဆောင်ရည်လွန်စွာတိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်သောကြောင့် ယခုနှစ်တွင်၎င်းတို့၏ ပညာရေးအဆင့်အတန်းသည်အလွန်ဆိုးရွားမည်မဟုတ်ပေ။

ကျန်းမာရေး
စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများအထိဖြစ်နိုင်သည်။ မတော်တဆထိခိုက်မှုများအထိဖြစ်နိုင်သောကြောင့် လမ်းစည်းကမ်းကိုလိုက်နာရန်လိုအပ်သည်။


မြွေနှစ်ဖွားဒဏ္ဍာရီ
မြွေသည် ရာသီခွင်တိရစ္ဆာန်အားလုံး၏ ဆဋ္ဌမမြောက်ဖြစ်သည်။ မြွေနှင့် နဂါးသည် ရုပ်ရည်သွင်ပြင်တူသည့်အလျောက် သူငယ်ချင်းကောင်းများလည်းဖြစ်ပြီး အဆုံးအဖြတ်အစည်းအဝေးသို့ အတူတူရောက်လာလေသည်။ သို့သော် မိုးနတ်မင်းကြီးက ခန္ဓာကိုယ်အရွယ်အစားကြီးသော နဂါးကို အရင်မြင်သောကြောင့် နဂါးသည် ပဉ္စမမြောက်ဖြစ်လာပြီး မြွေသည်ကား ဆဌမမြောက်ဖြစ်လာလေသည်။

(၁၉၂၉၊ ၁၉၄၁၊ ၁၉၅၃၊ ၁၉၆၅၊ ၁၉၇၇၊ ၁၉၈၉၊ ၂၀၀၁၊ ၂၀၁၃)

၂၀၂၂ မှာ မြွေနှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အနီ၊ အဝါ၊ အနက်
နံပါတ်များ – ၂၊ ၆၊ ၈ 

ကံမကောင်းခြင်းများ
အရောင်များ – အဖြူ၊ ရွှေ၊ အညို 
နံပါတ်များ – ၁၊ ၇

အချစ်ရေး
လက်တွဲဖော်ကြားတွင် မကြာခဏပဋိပက္ခများ ရှိနေဆဲဖြစ်သည်။ Single များအတွက် သင့်အား ဖမ်းစားသူအသစ်တစ်ယောက်နဲ့ တွေ့ဆုံဖို့မဖြစ်နိုင်ပါ။

အလုပ်အကိုင်

၂၀၂၂ တွင် မမျှော်လင့်ထားသော ကံကောင်းခြင်းများကိုခံစားကြမည်။ အများအားဖြင့် တစ်ယောက်တည်း အလုပ်လုပ်ခြင်းကို နှစ်သက်သော်လည်း ယခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးကိုထိန်းသိမ်းရန် အကြံပြုထားသည်။

ကြွယ်ဝချမ်းသာမှု
ယခုနှစ်တွင် ငွေကြေးအခက်အခဲအနည်းငယ် သေချာပေါက်နီးပါး ဖြစ်လိမ့်မည်။ တည်ငြိမ်သော ၀င်ငွေအရင်းအမြစ်များကို အားကိုးသင့်ပြီး အရေးပေါ်ရန်ပုံငွေများကို မထိခိုက်အောင် ဂရုပြုသင့်သည်။

ပညာရေး
ငယ်ရွယ်သူများအတွက် ပျမ်းမျှကံကောင်းခြင်းရှိမည်ဖြစ်ပြီး ရုတ်တရက်အောင်မြင်မှုကို ခံစားနိုင်ဖွယ်မရှိပါ။
ပညာရေးနှင့်ပတ်သက်ပြီး ဖိအားများခံစားရနိုင်သော်လည်း သင့်မိသားစုဝင်များပေးမည့်အကြံဉာဏ်ကို စဉ်းစားကြည့်သင့်ပါတယ်။

ကျန်းမာရေး
၂၀၂၂ တွင် ပုံမှန်ထက်ပို၍ ကျန်းမာရေးချို့တဲ့နိုင်သည်။ တုပ်ကွေး၊ အူအတက်ရောင်ခြင်းအတွက် ဂရုစိုက်ပါ။


မြင်းနှစ်ဖွားဒဏ္ဍာရီ
မြင်းသည် တရုတ်ဒဏ္ဍာရီတိရိစ္ဆာန်များထဲတွင် သတ္တမမြောက်ရာသီခွင်ဖြစ်သည်။ မြင်းသည် မိုးနတ်မင်း၏ပါတီအစည်းအဝေးသို့သွားရာလမ်းခရီးတွင် သင်္ချိုင်းတစ်ခုကို ဖြတ်ကျော်ရသောကြောင့် အလွန်အမင်းကြောက်ရွံ့ကာ ဖြတ်ရန်တွန့်ဆုတ်နေလေသည်။ နောက်ဆုံးတွင်ဖြတ်ကျော်လာပြီး အရှိန်အဟုန်ဖြင့် တဟုန်ထိုးပြေးသွားခဲ့ပေမယ့်လည်း အရှေ့မှာ ၆ ဦးကရောက်ရှိနေပြီးဖြစ်သောကြောင့် မြင်းက သတ္တမမြောက်သောနှစ်ဖွားဖြစ်လာလေသည်။

(၁၉၃၀၊ ၁၉၄၂၊ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉၀၊ ၂၀၀၂၊ ၂၀၁၄)

၂၀၂၂ မှာ မြင်းနှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အစိမ်း၊ အနီ
နံပါတ်များ – ၃၊ ၄၊ ၉

ကံမကောင်းခြင်းများ
အရောင်များ – ရွှေ၊ အညို 
နံပါတ်များ – ၆၊ ၇၊ ၈

အချစ်ရေး
၂၀၂၂ တွင် အချစ်ရေးသည် အလယ်အလတ်သာဖြစ်သည်။

အလုပ်အကိုင်

၂၀၂၂ တွင် မိမိ၏ ကြိုးစားမှုအတွက် အသိအမှတ်ပြုခံရပြီး သင့်အားကျေနပ်ဖွယ်ကောင်းစေနိုင်မည်။

ကြွယ်ဝချမ်းသာမှု
ယခုနှစ်တွင် ရုတ်တရက်ဝင်ငွေများပြားလာကာ အသက်မွေးဝမ်းကြောင်းနယ်ပယ်များကို ချဲ့ထွင်နိုင်ကာ ငွေပိုရနိုင်မည်ဖြစ်သည်။ 

ပညာရေး
ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်လာခြင်းဖြင့် ကောင်းချီးခံစားရမည်ဖြစ်ပါသည်။

ကျန်းမာရေး
ယခုနှစ်တွင် အထီးကျန်သည်ဟု ခံစားရပေမည်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသည် နောင်နှစ်များတွင် မြင်းနှစ်ဖွားများ ရင်ဆိုင်ရမည့် ရေရှည်ပြဿနာတစ်ခု ဖြစ်လာနိုင်မည်။


ဆိတ်နှစ်ဖွားဒဏ္ဍာရီ
ဆိတ်နှစ်ဖွားများသည် တရုတ်ဒဏ္ဍာရီရာသီခွင်များထဲတွင် အဌမမြောက်သောနှစ်ဖွားများဖြစ်ကြသည်။ သူငယ်ချင်းဖြစ်ကြသော ဆိတ်နှင့် သမင်တို့ဟာ ပါတီအစည်းအဝေးကိုတက်ရန် အတူတူထွက်ခွာလာသည့်လမ်းတစ်ခုတွင် မြစ်ကိုဖြတ်ရန်လိုအပ်လာသည်။ ထိုအခါ သမင်သည် လက်လျှော့လိုက်၍ ဆိတ်သည် ကြိုးစားကာ မြစ်ကိုဖြတ်ပြီး အစည်းအဝေးကို နံပါတ် ၈ နေရာဖြင့် ရောက်ရှိခဲ့သည်။ ထိုကြောင့် ဆိတ်သည် အဌမမြောက်သောနှစ်ဖွားအဖြစ်ဖြစ်လာလေသည်။

(၁၉၃၁၊ ၁၉၄၃၊ ၁၉၅၅၊ ၁၉၆၇၊ ၁၉၇၉၊ ၁၉၉၁၊ ၂၀၀၃၊ ၂၀၁၅၊ ၂၀၂၇)

၂၀၂၂ မှာ ဆိတ်နှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အစိမ်း၊ အနီ၊ ခရမ်း
နံပါတ်များ – ၂၊ ၈၊ ၉

ကံမကောင်းခြင်းများ
အရောင်များ – ရွှေ၊ အညို၊ အနက်
နံပါတ်များ – ၆၊ ၇

အချစ်ရေး
၂၀၂၂ တွင် Single များနှင့် အိမ်ထောင်ရေးရှိနှင့်ပြီးသားသူများအတွက် အဆင့်မြင့်ရန် အလားအလာရှိသည်။ လူအချင်းချင်းပေါင်းသင်းဆက်ဆံရေး အလုံးစုံကောင်းချီးပေးမည်။

အလုပ်အကိုင်

ဤနှစ်သည် အလုပ်ပြောင်းရန် အကောင်းဆုံးနှစ်မဟုတ်ပါ။ လက်ရှိအလုပ်တွင်ကြိုးစားဖို့ အကြံပြုထားပါတယ်။

ကြွယ်ဝချမ်းသာမှု
၂၀၂၂ တွင် အနည်းငယ်ပြီးပြည့်စုံနိုင်ပါသည်။ ယခုနှစ်တွင် ငွေကြေးကို ဂရုတစိုက် စီမံခန့်ခွဲရမည်။ ဆိတ်များသည် များများစားစား မသုံးတတ်ဟု ခံစားမိသော်လည်း သေးငယ်သော အသုံးစရိတ်များစွာက သင့်ကို အံ့အားသင့်စေနိုင်သည်။

ပညာရေး
ဇွဲလုံ့လနှင့် သင်ယူလိုစိတ်ပြင်းပြလာမည်ဖြစ်ပြီး ရလဒ်ကောင်းများရရှိမည်ဖြစ်သည်။

ကျန်းမာရေး
၂၀၂၂ တွင် အထွေထွေကျန်းမာရေးကို ခံစားရမည်ဖြစ်ပါသည်။ အကောင်းမြင်စိတ်ရှိနေပါက ယခုနှစ်တွင် ကြီးကြီးမားမားအံ့အားသင့်စရာများ ရှိလာမည်မဟုတ်ပါ။ လေယာဉ်ဖြင့်ဖြစ်စေ ကားဖြင့်ဖြစ်စေ ခရီးဝေးသွားလာရန် အကောင်းဆုံးနှစ်မဟုတ်ပေ။


မျောက်နှစ်ဖွားဒဏ္ဍာရီ
မျောက်နှစ်ဖွားများသည် တရုတ်ဒဏ္ဍာရီရာသီခွင်များတွင် ၉ နှစ်မြောက်နှစ်ဖွားများဖြစ်ကြသည်။ မိုးနတ်မင်း၏ ပါတီသို့အစည်းအဝေးတက်ရောက်ရန်အချိန်တွင် မျောက်၊ ကြက် နှင့်‌ ခွေးတို့သည် တခြားနေရာတွင် မကောင်းဆိုးဝါးများသောင်းကျန်းနေသောကြောင့် မိုးနတ်မင်းအားကူညီပြီး သွားရောက်နှိမ်နင်းကာ အတူတူပန်းဝင်လာလေသည်။ ထို့ကြောင့် မျောက်သည် ၉ ခုမြောက်သောနှစ်ဖွားဖြစ်လာပြီး ကြက်နှင့် ခွေးတို့သည် အစဉ်လိုက် ၁၀ နှစ်မြောက် နှင့် ၁၁ နှစ်မြောက်သော နှစ်ဖွားများဖြစ်လာလေတော့သည်။

(၁၉၃၂၊ ၁၉၄၄၊ ၁၉၅၆၊ ၁၉၆၈၊ ၁၉၈၀၊ ၁၉၉၂၊ ၂၀၀၄၊ ၂၀၁၆)

၂၀၂၂ မှာ မျောက်နှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အဖြူ၊ ရွှေ၊ အပြာ
နံပါတ်များ – ၁၊ ၇၊ ၈

ကံမကောင်းခြင်းများ
အရောင်များ – မီးခိုး၊ အညိုရင့်၊ အနက် 
နံပါတ်များ – ၂၊ ၅၊ ၉

အချစ်ရေး
ရေရှည်ဆက်ဆံရေး (သို့မဟုတ်) အိမ်ထောင်ရှိပြီးသား မျောက်ဖွားများအတွက် ခွဲခွာခြင်းနှင့် ပြိုကွဲခြင်းကို ကြိုပြောထားသောကြောင့် ယခုနှစ်တွင် ရုတ်တရက်အကျပ်အတည်းများရင်ဆိုင်ရန် ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။ Single များအနေဖြင့် ကံကောင်းခြင်းတွေကို ခံစားနိုင်ဖွယ်မရှိပါ။

အလုပ်အကိုင်

အသက်မွေးဝမ်းကျောင်းအလုပ်သည် ယခုနှစ်တွင် အတက်အကျများစွာရှိနိုင်သည်။ သို့သော် အခွင့်သာနိုင်သော နေရာတစ်ခုမှာ နိုင်ငံရပ်ခြားဖြစ်သည်။

ကြွယ်ဝချမ်းသာမှု
ကြွယ်ဝမှုသည် တည်ငြိမ်သည်ထက်နည်းနေသော်လည်း နိုင်ငံခြားဝင်ငွေအချို့ကို မျှော်လင့်နိုင်သည်။ 

ပညာရေး
၂၀၂၂ တွင် ကံကောင်းစေမည့် နယ်ပယ်တစ်ခုဖြစ်သည်။

ကျန်းမာရေး
၂၀၂၂ တွင် ကျန်းမာရေးအထူးဂရုစိုက်သင့်သည်။ မတော်တဆမှုများ (သို့မဟုတ်) ဖျားနာမှုများ ကြုံတွေ့ရနိုင်ခြေ မြင့်မားသောကြောင့် တန်ခိုးကြီးနတ်မင်း၏ အစောင့်အရှောက်ကိုခံယူရမည်။


ကြက်နှစ်ဖွားဒဏ္ဍာရီ
ကြက်နှစ်ဖွားများသည် တရုတ်ဒဏ္ဍာရီရာသီခွင်များတွင် ဆယ်နှစ်မြောက်နှစ်ဖွားများဖြစ်ကြသည်။ မိုးနတ်မင်း၏ ပါတီသို့အစည်းအဝေးတက်ရောက်ရန်အချိန်တွင် မျောက်၊ ကြက်နှင့်‌ ခွေးတို့သည် တခြားနေရာတွင် မကောင်းဆိုးဝါးများသောင်းကျန်းနေသောကြောင့် မိုးနတ်မင်းအားကူညီပြီး သွားရောက်နှိမ်နင်းကာ အတူတူပန်းဝင်လာလေသည်။ ထို့ကြောင့် ကြက်သည် ၁၀ ခုမြောက်သောနှစ်ဖွားဖြစ်လာသည်။

(၁၉၃၃၊ ၁၉၄၅၊ ၁၉၅၇၊ ၁၉၆၉၊ ၁၉၈၁၊ ၁၉၉၃၊ ၂၀၀၅၊ ၂၀၁၇)

၂၀၂၂ မှာ ကြက်နှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – ရွှေ၊ အညို၊ အဝါ
နံပါတ်များ – ၅၊ ၇၊ ၈

ကံမကောင်းခြင်းများ
အရောင်များ – အနီ၊ လိမ္မော်၊ ခရမ်း  
နံပါတ်များ – ၂၊ ၆

အချစ်ရေး
ရေရှည်ဆက်ဆံမှုရှိသူ (သို့မဟုတ်) အိမ်ထောင်ရှိသူများအနေဖြင့် ၂၀၂၂ ခုနှစ်သည် အရမ်းပြောင်းလဲမှုများဖြင့် မကြုံတွေ့နိုင်ပါ။ Single များသည် အချစ်ရေးကံကောင်းလာမည်။

အလုပ်အကိုင်

သက်မွေးဝမ်းကျောင်းသည် ကြက်နှစ်ဖွားများအတွက် သာယာဝပြောသောနှစ်ဖြစ်လိမ့်မည်။

ကြွယ်ဝချမ်းသာမှု
အသက်မွေးဝမ်းကျောင်းတိုးတက်မှုသည် ၂၀၂၂ တွင် အထင်ကြီးလောက်သော ၀င်ငွေကို ယူဆောင်လာမည်ဖြစ်သော်လည်း အသုံးစရိတ်များမပိုပါက အချိုးကျတိုးလာဖွယ်ရှိသည်။ 

ပညာရေး
၂၀၂၂ တွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဓိကစာမေးပွဲများကို ကောင်းစွာဖြေဆိုနိုင်မည်ဖြစ်သည်။

ကျန်းမာရေး
ကြက်နှစ်ဖွားများ၏ ကျန်းမာရေးသည် ၂၀၂၂ ခုနှစ်တွင် အတော်လေးတည်ငြိမ်ပြီး ထူးမခြားနားအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။


ခွေးနှစ်ဖွားဒဏ္ဍာရီ
ခွေးနှစ်ဖွားများသည် တရုတ်ဒဏ္ဍာရီရာသီခွင်များတွင် ၁၁ နှစ်မြောက်နှစ်ဖွားများဖြစ်ကြသည်။ မိုးနတ်မင်း၏ ပါတီသို့အစည်းအဝေးတက်ရောက်ရန်အချိန်တွင် မျောက်၊ ကြက် နှင့်‌ ခွေးတို့သည် တခြားနေရာတွင် မကောင်းဆိုးဝါးများသောင်းကျန်းနေသောကြောင့် မိုးနတ်မင်းအားကူညီပြီး သွားရောက်နှိမ်နင်းကာ အတူတူပန်းဝင်လာလေသည်။ ထို့ကြောင့် ခွေးသည် ၁၁ ခုမြောက်သောနှစ်ဖွားဖြစ်လာသည်။

(၁၉၇၀၊ ၁၉၈၂၊ ၁၉၃၄၊ ၁၉၉၄၊ ၁၉၄၆၊ ၂၀၀၆၊ ၁၉၅၈၊ ၂၀၁၈)

၂၀၂၂ မှာ ခွေးနှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – အစိမ်း၊ အနီ၊ ခရမ်း
နံပါတ်များ – ၃၊ ၄၊ ၉

ကံမကောင်းခြင်းများ
အရောင်များ – အပြာ၊ အညို  
နံပါတ်များ – ၁၊ ၇၊ ၈

အချစ်ရေး
အချစ်ရေးတွင် ပျမ်းမျှကံကောင်းမှုများ ရရှိမည်ဖြစ်သည်။

အလုပ်အကိုင်

အလုပ်ခွင်ထဲတွင် ခွေးနှစ်ဖွားများသည် အမြဲစိတ်ရှုပ်စရာများတွေ့ကြုံပေလိမ့်မည်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ထားသူများသည် ယခုနှစ်တွင်ဖောက်သည်များကို ပိုမိုလွယ်ကူစွာရှာဖွေနိုင်မည်ဖြစ်သည်။

ကြွယ်ဝချမ်းသာမှု
အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုသည် ယခင်နှစ်များထက် စွမ်းဆောင်ရည်သိသိသာသာ တိုးမြင့်လာမည်ဖြစ်ပြီး ရာထူးတိုးခြင်းများဖြစ်လာနိုင်မည်။

ပညာရေး
အကြံဥာဏ်နှင့် အကူအညီအတွက် ခွေးနှစ်ဖွားများသည် သူငယ်ချင်းများစွာ လိုအပ်သည်။

ကျန်းမာရေး
နွေရာသီနှင့် ဆောင်းဦးရာသီများတွင် တုပ်ကွေးနှင့် ကူးစက်တတ်သောရောဂါများကိုသတိထားပါ။


ဝက်နှစ်ဖွားဒဏ္ဍာရီ
ဝက်နှစ်ဖွားများသည် တရုတ်ဒဏ္ဍာရီထဲတွင် နောက်ဆုံးနှစ်ဖွားဖြစ်သည်။ မိုးနတ်မင်းကြီးဖိတ်ခေါ်ထဲအစည်းအဝေးကို လာခါနီးတွင် ဝံပုလွေတစ်ကောင်က ဝက်အိမ်ကိုဖျက်ဆီးပစ်လိုက်လေသောကြောင့် ဝက်သည် အိမ်ကိုပြန်ဆောက်ပြီးမှ မိုးနတ်မင်းထံသွားရောက်လေသည်။ ထိုအချိန်တွင် အကုန်ရောက်ရှိနှင့်နေပြီးဖြစ်၍ ဝက်သည် ၁၂ ကောင်မြောက်သောနှစ်ဖွားဖြစ်လာသည်။

(၁၉၇၁၊ ၁၉၈၃၊ ၁၉၃၅၊ ၁၉၉၅၊ ၁၉၄၇၊ ၂၀၀၇၊ ၁၉၅၉၊ ၂၀၁၉)

၂၀၂၂ မှာ ဝက်နှစ်ဖွားများအတွက် ကံကောင်းခြင်းများ
အရောင်များ – ဝါ၊ ခဲ၊ အညို
နံပါတ်များ – ၂၊ ၅၊ ၈

ကံမကောင်းခြင်းများ
အရောင်များ – အပြာ၊ အစိမ်း  
နံပါတ်များ – ၁၊ ၇၊ ၉

အချစ်ရေး
အချစ်ရေးမှာကံမကောင်းမည့်နှစ်တော့မဟုတ်ပါ။ Single တွေက ဒီနှစ်မှာ ပိုကံကောင်းမည်မည်။ ဂြိုလ်များသည် ယခုနှစ်တွင် သင့်ထံမှ ရဲရင့်မှုအနည်းငယ်ကို ပံ့ပိုးပေးမည်ဖြစ်သောကြောင့် သင်နှင့် စိတ်ဝင်စားသူအသစ်စက်စက်ကြားတွင် အချစ်ပွင့်လန်းမှုများဖြစ်ပေါ်နိုင်သည်။

အလုပ်အကိုင်
၂၀၂၂ သည် ခိုင်မာသောအသက်မွေးဝမ်းကြောင်းနှစ်ဖြစ်ပြီး ဝက်နှစ်ဖွားများအတွက် လျင်မြန်သောတိုးချဲ့ကာလတစ်ခုဖြစ်လာမည်ဖြစ်သည်။

ကြွယ်ဝချမ်းသာမှု
ယခုနှစ်တွင် နတ်ဘုရားက ကောင်းချီးပေးမည်ဖြစ်ပြီး ၎င်းတို့၏လေးလပတ်တွင် ကောင်းသောကံဇာတာများပေါ်ထွန်းနိုင်ပါသည်။

ပညာရေး
အလုပ်နှင့်ပတ်သက်သည့် လေ့ကျင့်ရေးသင်တန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သောနှစ်ဖြစ်ပါသည်။

ကျန်းမာရေး
ယခုနှစ်တွင် သင့်ကျန်းမာရေးကို ပျက်စီးစေသော ဆေးလိပ်နှင့် အရက်ကို ရှောင်ကြင်ရန် အကြံပြုလိုပါသည်။


(ဟောစာတန်းကို 仰光觀音堂 စာမျက်နှာမှ ကောက်နုတ်ဖော်ပြထားပါသည်။)

“ယခုလိုနှစ်ကူးအခါသမယကာလတွင် Shop App MM တွင် (2022 Lunar New Year) ကျားနှစ် အထူး နှစ်ကူးလျှော့စျေးပွဲတော်ကြီးကို ဒီလင့်ခ်တွင် ၂၀၂၂ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်းကို ထပ်မံသတင်းကောင်းပါးလိုက်ရပါတယ်။”

Feb 1st, 2022
Shop MM
Written by The KaungHtet

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *