စျေးသက်သာပြီး အရည်အသွေးကောင်းသော Skincare များဖြင့် အခြေခံကျကျ နေ့စဉ်ထိန်းသိမ်းနိုင်မည့် နည်းလမ်းကောင်းများ 0 401

စျေးသက်သာပြီး အရည်အသွေးကောင်းသော Skincare များဖြင့် အခြေခံကျကျ နေ့စဉ်ထိန်းသိမ်းနိုင်မည့် နည်းလမ်းကောင်းများ

လူတိုင်းရဲ့ သွင်ပြင်လက္ခဏာ (Personal Image) ကို A,B,C ဆိုပြီး ၃ ပိုင်း ခွဲခြားထားပါတယ်။
A – Appearance သည် လူတစ်ယောက်ရဲ့ First Impression ကို အရင်ဆုံးအကဲဖြတ်ရာတွင် အရေးပါဆုံးနဲ့ ရာခိုင်နှုန်းတော်တော်များများနေရာယူထားပါတယ်။

Appearance ထဲတွင် ဝတ်စားဆင်ယင်မှု၊ ခန္ဓာကိုယ်အချိုးအစား၊ ဆံသားထုံးဖွဲ့မှုအပြင်၊ ခရာကျတဲ့ မျက်နှာအသားအရေကလည်း အဓိကနေရာကနေပါဝင်နေပါတယ်။

၂၁ ရာစုရဲ့ အသုံးစရိတ်များလာတဲ့ ‌ယခုလိုချွေတာရေးကာလမှာ သင်ဟာ မိမိရဲ့ မျက်နှာအသားအရည်ကို အကောင်းဆုံးလည်းထိန်းသိမ်းချင်၊ အသုံးစရိတ်လည်း ချွေတာချင်သူတစ်ယောက်ဆိုရင် ယခု Blog ဟာသင့်အတွက်ဖြစ်ပြီး … Shop MM မှ ကုန်ကျမှုလည်းနည်း၊ ကွာလတီလည်းကောင်းတဲ့ Skincare များနှင့် အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံး Skincare steps များကို အားလုံးနဲ့အတူ မျှဝေပေးသွားမှာလို့ အခုပဲ လေ့လာကြည့်လိုက်ရအောင် …

A – Appearance (အသွင်အပြင်)
B – Behavior (ကိုယ်နေဟန်ထား)
C – Communication (ပြောဆိုဆက်ဆံမှု)

Facial Cleanser
လူ့ခန္ဓာကိုယ်အရေပြားရဲ့ ဆဲလ်တွေက နေ့စဉ်အသစ်လဲနေတာဖြစ်ပြီး လှုပ်ရှားသွားနေရသူများအတွက် ဖုန်မှုန့်၊ ချွေးနဲ့ အညစ်အကြေးတွေနဲ့အတူ ထိတွေ့နေရပြီး အခြေခံအကျဆုံး မျက်နှာသစ်ဆေးဖြင့် သန့်စင်ဆေးကြောခြင်းမပြုလုပ်ပါက မလိုလားအပ်တဲ့ ‌နောက်ဆက်တွဲ ဝက်ခြံပြသနာများစွာဖြစ်လာနိုင်တာဖြစ်လို့ အရွယ်ရောက်ပြီးသားသူများအနေဖြင့် မိမိအသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
ဒီနေရာမှာသတိထားရမယ့်အချက်က မျက်နှာအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းများမဟုတ်ပဲ တခြားသော ကိုယ်တိုက်ဆပ်ပြာများဖြင့် မသန့်စင်ဖို့ အထူးသတိပေးပါရစေ။

Shop App MM တွင် စျေးနှုန်းသင့်တော်ပြီး သင့်မျက်နှာကျန်းမာရေးအတွက် အကောင်းဆုံးသင့်စင်ပေးမယ့် ပစ္စည်းများကို ဒီနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
RECOMMENDATION: COSRX, Hada Labo, POND’S, L’Oreal Paris, THEFACESHOP, Uriage, Dr SOMCHAI, Cetaphil

Facial Cleanser (မျက်နှာသစ်ဆေး)

Toner
Cleanser အသုံးပြုပြီးသော်လည်း မျက်နှာမှာကျန်ရှိနေတဲ့ အညစ်အကြေးများနဲ့ ဆပ်ပြာအကြွင်းအကျန်များကို Toner က ထပ်မံသန့်စင်ပေးမှာဖြစ်တဲ့အပြင် အသားအရေရဲ့ ရေဓာတ်၊ အစိုဓာတ်နဲ့ အဆီဓာတ်ထုတ်လုပ်မှုကို မျှတစေမှာဖြစ်ပြီး နောက်ထပ် လိမ်းမယ့် Skincare ရဲ့အာနိသင်ကိုလည်း ပိုမိုထိရောက်စေပါတယ်။
Toner အသုံးပြုတဲ့အခါ Cotton Pad နဲ့အတူတွဲပြီး အသုံးပြုပေးသင့်ပါတယ်‌နော်။

Shop App MM တွင် စျေးနှုန်းသင့်တော်တဲ့ Toner များကို ဒီနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
RECOMMENDATION: Bioderma, COSRX, Round Lab, Hearty Heart, Doaru

Essence/ Serum/ Emulsion
Essence/ Serum/ Emulsion တို့လို အရေကျဲကျဲ Skincare များကို အသုံးပြုခြင်းအားဖြင့် ‌အသားအရေအတွက်လိုအပ်မယ့် အာနိသင်ကိုပေးစွမ်းနိုင်ရုံသာမက နောက်ထပ်လိမ်းမယ့် Moisturizer ကဲ့သို့သော Skincare များရဲ့ အာနိသင်ကို ပိုမိုထိုရောက်အောင် ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာလည်း အရည်အကျဲမှ အပျစ်သို့ နည်းစနစ်မှန်မှန်အသုံးပြုဖို့ လိုအပ်ပါတယ်။

Shop App MM တွင် စျေးနှုန်းသင့်တော်ပြီး မိမိအသားအရေတွက်လိုက်ဖက်မယ့် Essence/ Serum/ Emulsion များကို ဒီနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
RECOMMENDATION: Garnier, L’Oreal Paris, Namu Life Snail White, COSRX, Hada Labo, Karmart, AmpleN

Essence/ Serum/ Emulsion

Moisturizer
Moisturizer ကတော့ Skincare step တွေရဲ့ ဘုရင်ပါပဲ။ Dry, Oily, Normal အသားအရေများတွက်သင့်တော်မယ့် Moisturizer ကို အသုံးပြုသင့်ပါတယ်။ HA (Hyaluronic Acid) ကဲ့သို့သော Water-based Moisturizer ကိုရွေးချယ်သင့်ပါတယ်။

Shop App MM တွင် စျေးနှုန်းသင့်တော်ပြီး မိမိအသားအရေတွက်သင့်တော်မယ့် Moisturizer များကို ဒီနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
RECOMMENDATION: Hada Labo, L’Oreal Paris, Cathy Doll, POND’S, Ample N, Bioderma

Moisturizer (ရေဓာတ်ဖြည့်အလှဆီ)

Sunscreen
မနက်ပိုင်းရဲ့ Skincare steps များတွင် မဖြစ်မနေသုံးရပြီး အားလုံးသတိမေ့နေကြတဲ့ အချက်ကတော့ Sunscreen အပိုင်းပဲဖြစ်ပါတယ်။ Sunscreen ကို အပြင်ထွက်တဲ့အခါမှ သုံးရမှာမဟုတ်ပဲ အိမ်မှာနေရင်းလည်းသုံးခြင်းအားဖြင့် မီး‌ချောင်းများမှ ထုတ်လွှင့်တဲ့ UV light ကို ကာကွယ်ပေးနိုင်ရုံသာမက အိုမင်းရင့်ရော်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးရာရောက်ပါတယ်။

Shop App MM တွင် စျေးနှုန်းသင့်တော်ပြီး အရေအသွေးကောင်းတဲ့ Sunscreen များကို ဒီနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
Sunscreen မှာလည်း Oil-based ထက် Water-based Sunscreen များကိုရွေးချယ်သင့်ပါတယ်။
RECOMMENDATION: Sunplay, Bioderma, AmpleN

Sunscreen (နေလောင်ကာ)

>> BONUS <<
မိမိရဲ့ မျက်နှာကို ထိန်းသိမ်းရာတွင် နှုတ်ခမ်းသားလေးတွေကိုလည်း မမေ့လျော့ကြပါနဲ့နော်။ ယခုလို ဆောင်းရာသီမျိုးသာမက Skincare ပြုလုပ်တိုင်း မိမိရဲ့ နှုတ်ခမ်းသားလေးတွေကို ကောင်းမွန်တဲ့ Lips Balm များဖြင့် ဂရုစိုက်ပေးဖို့လည်းသတိပေးပါစေ..

Shop App MM တွင် စျေးနှုန်းသင့်တော်ပြီး အရေအသွေးကောင်းတဲ့ Lips Balm များကိုလည်း ဒီနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
RECOMMENDATION: Vaseline, Lipice, Uriage, Maybelline New York

Shop App MM ရှိ အလှအပဆိုင်ရာပစ္စည်းများနှင့်အတူ အားလုံးပဲကျန်းမာလှပသောအသားအရေတစ်စုံ ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် 🥰

Jan 18th, 2022
Shop MM
Written by The KaungHtet

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *