၂၀၂၀ 12.12 နှစ်ကုန်အထူးစျေးရောင်းပွဲတော်ကြီး Shop မှ ယူဆောင်လာခဲ့ပြန်ပါပြီ။ 0 141

မြန်မာနိုင်ငံရဲ့ အွန်လိုင်းစျေးဝယ်ခြင်းကိုဦးဆောင်နေတဲ့ Shop.com.mm ဟာ မယုံနိုင်လောက်တဲ့လျှော့စျေးတွေသီးသန့်ကုန်ပစ္စည်းတွေနဲ့ 11.11 ကမ္ဘာအကြီးဆုံးစျေးရောင်းပွဲတော်ကြီး ကိုကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ Shop Anniversary 2020 ပွဲတော်ကြီးနဲ့ 11.11 the world biggest sale 2020 ပွဲတော်ကြီး ပြီးသွားတဲ့နောက်မှာတော့ နောက်ထပ် စိတ်လှုပ်ရှားစရာအစီအစဉ်တစ်ခုဟာမကြာမှီရောက်ရှိလို့လာတော့မှာပဲဖြစ်ပါတယ်။ အဲ့တာကတော့ နှစ်ကုန်စျေးရောင်းပွဲတော်ကြီးဖြစ်တဲ့ 12.12 စျေးရောင်းပွဲတော်ကြီးပဲဖြစ်ပါတယ်။

၂၀၂၀ နို၀င်ဘာလတွင် Shopဟာ တစ်ကမ္ဘာလုံးမှာ အကြီးမားဆုံးနှင့်မယုံနိုင်လောက်အောင်ရောင်းအားအကောင်းဆုံးဖြစ်သည့် 11.11 The World’s Biggest Sale ကို ကျင်းပပြုလုပ်ပြီးတဲ့နောက်မှာတော့ 12.12 နှစ်ကုန်စျေးရောင်းပွဲတော် 2020 ကိုတော့ ဒီဇင်ဘာလ ၆ မှ ၁၁ ရက်အတွင်းကို အကြိုအနေနဲ့ ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ မှ ၁၈ ရက်နေ့တွေမှာတော့ shop.com.mm မှာကျင်းပသွားမှာဖြစ်ပါတယ် ။

12.12 နှစ်ကုန်အထူးစျေးရောင်းပွဲတော် ကို နှစ်စဉ်နှစ်တိုင်းကျင်းပနေကျဖြစ်ပြီး ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့မတူပဲ လျှော့စျေးအစီအစဉ်ပေါင်းများစွာပါဝင်လာမှာပဲဖြစ်ပါတယ်။ ဒီ 12.12 နှစ်ကုန်အထူးစျေးရောင်းပွဲတော် မှာဆိုရင်တော့ ကုန်စ္စည်းအမှတ်တံဆိပ်ပေါင်း ၅၀၀၀ကျော်မှ ကုန်ပစ္စည်းပေါင်း ၁၀၀၀၀၀ကျော်ကို အထူးလျှော့စျေးတွေနဲ့ရောင်းချပေးမှာပဲဖြစ်တဲ့အတွက် လိုချင်တဲ့ပစ္စည်းတွေကို တစ်နေရာထဲမှာရနိုင်မှာပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ လိုချင်တဲ့ပစ္စည်းတွေရှိတာပဲဖြစ်ဖြစ်၊ သင့်ရဲ့ အိမ်ကို ပြန်လည်ပြင်ဆင်ချင်တာပဲဖြစ်ဖြစ်၊ စားသောက်ကုန်တွေဝယ်စုထားချင်တာပဲဖြစ်ဖြစ် 12.12 နှစ်ကုန်အထူးစျေးရောင်းပွဲတော် ဟာ သင့်အတွက် ဝယ်ယူဖို့ အသင့်တော်ဆုံးပွဲတော်ကြီးပဲဖြစ်ပါတယ်။ ပြီးတော့ ဒီ 12.12 Sale 2020 နှစ်ကုန်အထူးစျေးရောင်းပွဲတော်ကြီး ဟာ တစ်နှစ်မှာတစ်ခါသာ ကျင်းပတာဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ပွဲတော်ကြီးပါပဲ။

Shop.com.mmရဲ့ 2020 12.12 နှစ်ကုန်အထူးစျေးရောင်းပွဲတော်ကြီး ကိုတော့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာစတင်ကျင်းပပြုလုပ်မှာဖြစ်တဲ့ အတွက် ဝယ်ယူသူအားလုံးကိုပါဝင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်…

Shop MM အကြောင်း

Shop MM ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး e-commerceပလက်ဖောင်းဖြစ်ပြီး ဝယ်ယူသူများကို သန်းပေါင်းများစွာသောပစ္စည်းတွေကိုပစ္စည်းအမျိုးအစားအလိုက်ခွဲပြီး ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်များအပြင် ပရိဘောဂ၊ ဖက်ရှင်၊ အလှအပ၊ မိုဘိုင်းဆက်စပ်ပစ္စည်းများ၊ ဂိမ်းစက်များအပြင် အခြားကုန်ပစ္စည်းပေါင်းများစွာကိုလဲစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Shop.com.mm ကို ၂၀၁၈ ခုနှစ်မှာ Alibaba မှ အပြီးတိုင်ဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံရှိ ၀ယ်သူများနှင့်ရောင်းချသူများအား Virtual Marketplace သို့အလွယ်တကူ ၀င်ရောက်နိုင်ရန်အတွက်စတင်ပြုလုပ်ခဲ့ပါတယ်။ Shop MM သည် ဝယ်ယူသူအားလုံးအတွက်မယုံနိုင်လောက်သောစျေးနှုန်းများနှင့် အထူးလျှော့စျေးများကိုလစဉ်လတိုင်းရရှိစေရန် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို အစဉ်အမြဲပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။

လုံခြုံသောငွေပေးချေမှုစနစ်၊ အချိန်မီပို့ဆောင်ပေးခြင်းနှင့် လွယ်ကူသော ပစ္စည်းပြန်လည်လဲလှယ်မှုများကိုလည်းရရှိနိုင်ပါတယ်။ Shop MM သည်အွန်လိုင်းစျေး၀ယ်ခြင်းကို လွယ်ကူစေပြီး ပိုမိုကောင်းမွန်တဲ့ စျေးဝယ်မှုမျိုးကိုခံစားရစေမှာအမှန်ပါပဲ။

ဒီအစီအစဉ်မှာပါဝင်ဖို့အတွက် Shop Appကို Download ပြုလုပ်၍ Register လုပ်ထားဖို့တော့လိုအပ်ပါ လိမ့်မယ်။

Download Shop MM app now and get deals and discounts.

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *