
ကျောင်းသုံး လက်ပ်တော့ တစ်လုံးဝယ်မယ်ဆိုရင် တော့ အနည်းဆုံး CPU – Coe 2 Duo ပါတဲ့ လက်ပ်တော့လေးတွေဝယ်သင့်ပါတယ်။ ပြီးတော့ကျောင်းစာတွေကို သေချာမှတ်ထားနိုင်ဖို့အတွက် RAM အနည်းဆုံး 2GB ပါတာလေးတွေသုံးသင့်ပါတယ်။
HDD ကတော့ အနည်းဆုံး 160GB ကနေစသုံးနိုင်ပါတယ်။ ရုပ်ထွက်ပိုင်းကောင်းတာတွေအတွက် Display အမြင့်ကြီးပါစရာမလိုပဲ သာမန်ရုပ်ရှင်တွေကြည့်လို့ရမည့် Diplay လောက်ဆို အဆင်ပြေပါပြီ။
Screen အကျယ်အဝန်းကတော့ ပုံမှန်အားဖြင့် 15.6 inch လောက်HD Display လောက်ဆိုရင် ကျောင်းစာလုပ်မယ့်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ အရမ်းနည်းသွားရင်လဲ မျက်လုံးအားပိုစိုက်ရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
laptop အများစုမှာတော့ Wifi ပါတတ်တဲ့ အတွက် Wifi Adapter တော့မလိုပါဖူး။ ဒါပေမယ့် အချို့လက်ပ်တော့ အမျိုးအစားတွေမှာတော့ Wifi မပါတဲ့အတွက် သေချာမေးမြန်းပြီး တော့ဝယ်ရလိမ့်မယ်နော်…ပြီးတော့ Shop မှာ လည်း ရုံးသုံး ကျောင်းသုံး ပစ္စည်းတွေကိုဝယ်လို့ရနေပြီနော်…