Stay Home ကာလမှာအိမ်ရှင်မတွေအတွက် အထောက်ကူဖြစ်စေမည့် သန့်ရှင်းရေးဆိုင်ရာအချက်အလက်များ 0 108

အိမ်တွင်းမှာ ရှိတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အထိအခိုက်မရှိ သန့်စင်နိုင်ဖို့အတွက် သန့်ရှင်းရေးဆိုင်ရာ အချက်အလက်အချို့ကိုသိထားဖို့လိုမယ်နော်.

လက်ပ်တော့များကို သန့်ရှင်းရေးပြုလုပ်ခြင်း

လက်ပ်တော့တွေကို များသောအားဖြင့် ဖုန်စုပ်စက်အသေးစားတွေ၊ သွားပွတ်တံတွေနဲ့ပဲသန့်ရှင်းရေးပြုလုပ်ကြပါတယ်။ တကယ်က လက်ပ်တော့တွေမှာ ကပ်နေတဲ့ဖုန်တွေနဲ့ ပိုးမွှားတွေကို သန့်ရှင်းဖို့အတွက် လိုအပ်တဲ့ပစ္စည်း ၂ မျိုးရှိပါတယ်။ အဲ့တာကတော့ သွားပွတ်တံ သို့မဟုတ် ဘရက်ရှ်အပျော့ နဲ့ ရှာလကာရည်တို့ပဲဖြစ်ပါတယ်။ လက်ပ်တော့ ကီးဘုတ်တွေမှာ ပိုးမွှားတွေအများကြီးကပ်နေတတ်ပါတယ်။ အဲ့ပိုးမွှားတွေကို သန့်ရှင်းဖို့အတွက် ရှာလကာအရည်ကို အသုံးပြုရပါတယ်။ ရေသို့မဟုတ် အခြားသန့်ရှင်းရေး အရည်တွေကို အသုံးပြုမယ်ဆိုရင် ပိုးမွှားများကို မရှင်းလင်းနိုင်ခြင်းနဲ့ ကီးဘုတ် ပရိုဂရမ်းမင်း အပိုင်းကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ရှလကာရည်နှင့် အိုးခွက်ပန်းကန်တွေရဲ့ အစွန်းအထင်းတွေကိုဖယ်ရှားခြင်း

များသော အားဖြင့် အိုးခွက်ပန်းကန်တွေကို ဆေးကြောတဲ့အခါ အစွန်းအထင်းတွေကျန်နေတတ်ပါတယ်။ ထို အစွန်းအထင်းတွေကို ဖယ်ရှားဖို့အတွက် အဓိက လိုအပ်တာကတော့ ရှာလကာရည်ပါဝင်တဲ့ ပန်းကန်ဆေး ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။ ရှာလကာရည်မှာပါဝင်တဲ့ ဓာတ်တွေဟာ အစွန်းအထင်းနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေပေမယ့် လူကိုတော့အနည်းမဖြစ်စေပါဖူး။ အကယ်၍ ရှာလကာရည်ပါဝင်တဲ့ ပန်းကန်ဆေးဆပ်ပြာတွေကို အသုံးမပြုနိုင်ဖူးဆိုပါက ရိုးရိုး ရှာလကာရည်ဖြင့်လည်းဆေးကြောနိုင်ပါတယ်။

ပန်းကန်ပြားမှ ခြစ်ရာတွေကို မုန့်ဖုတ်ဆိုဒါဖြင့် ဖယ်ရှားခြင်း

သင့်ရဲ့ မီးဖိုချောင်ထဲက ပန်းကန်တွေမှာ ခြစ်ရာရှရာတွေဖြစ်ပေါ်လာတဲ့ အခါ ဒီနည်းလမ်းလေးက အကောင်းဆုံးဖြစ်မှာပါ။ အိုးခွက်ပန်းကန်တွေမှာရှိတဲ့ ခြစ်ရာ ရှရာတွေကို ဖယ်ရှားဖို့အတွက် မုန့်ဖုတ်ဆိုဒါ ကို ရေဖြင့်ရောနယ်ပြီး ခြစ်ရာ ရှာရာဖြစ်နေသောနေရာလေးတွေကို သုတ်လိမ်းပြီး အခြောက်ခံကာ ရေဖြင့်ဆေးကြောခြင်း ဖြင့် အသစ်တိုင်းပြန်လည်ဖြစ်စေမှာပဲဖြစ်ပါတယ်။

Blender ကိုအလွယ်တကူသန့်ရှင်းအောင်ပြုလုပ်ခြင်း

Blender တွေကို သန့်ရှင်းရေး လုပ်တာ အန္တရာယ်များပါတယ်။ အဲ့တာကြောင့် အန္တရာယ်ကင်းကင်းနဲ့ Blender တွေကို သန့်ရှင်းရေးလုပ်နိုင်မည့်နည်းလမ်းလေးကိုပြောပြချင်ပါတယ်။ ပထမဦးဆုံး လိုအပ်တာကတော့ ရေနွေး၊ မုန့်ဖုတ်ဆိုဒါနဲ့ ဆပ်ပြာအနည်းငယ်ကို ရောစပ်ပြီး Blender ထဲသို့ထည့်ပါ။ ပြီးနောက် အချိန်အနည်းငယ် အထိ မွှေပြီး ရေဖြင့် ဆေးချပါ။ Blender လေးဟာ အသစ်တိုင်းတောက်ပြောင်လာပါလိမ့်မယ်။

Shop မှာ မီးဖိုချောင်သုံး သန့်ရှင်းရေးပစ္စည်းတွေဝယ်လို့ရနေပါပြီ…

ဝယ်ယူရန်

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

Download Shop MM app now and get deals and discounts.

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် -🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *