Apple MacBook မဝယ်ခင် သိထားသင့်တဲ့အချက်များ 0 1069

Apple ရဲ့ MacBook ၁ လုံးဝယ်တော့မယ်ဆို ဘယ်အချက်တွေ သိထားဖို့လိုလည်း?

MacBook တွေဟာ ပုံမှန်လက်ပ်တော့တွေထက် Function ပေါင်းများစွာပါရှိပြီးတော့ Android တွေနဲ့လဲစျေးနှုန်းကွာဟပါတယ်။ ပြီးတော့ MacBook တွေဟာ သူ့ Series အလိုက် MacBook Air နဲ့ MacBook Pro ဆိုပြီးနှစ်ခုရှိပါတယ်။ သင်ဟာ MacBook တစ်လုံးဝယ်တော့မယ်ဆိုရင် ဘာအတွက် သုံးဖို့လဲဆိုတာသေချာသိရှိနားလည်ထားဖို့ကအရေးကြီးပါတယ်။ အကြောင်းကတော့ MacBook Air မှာဆိုရင် လုပ်ငန်းသုံးအတွက် အလွန်အဆင်ပြေပြီးဂိမ်းတွေဆော့ဖို့အတွက်တော့ အဆင်မပြေပါဖူး။ ကိုယ်က အစုံလုပ်ဖို့အတွက် သုံးချင်တယ်ဆိုရင်တော့ MacBook Pro ကပိုအဆင်ပြေပါတယ်။ ပြီးတော့ စျေးနှုန်းမှာလည်း MacBook Pro က MacBook Air ထက်ပိုစျေးကြီးပါတယ်။ ကဲအဲ့တာဆိုရင် MacBook တစ်လုံး ဝယ်ရင် ဘယ်အချက်တွေကြည့်ပြီး ဝယ်ရမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။

အခုခေတ်က Mobile ခေတ်ဖြစ်လို့ Portable အဖြစ်ဆုံးဖြစ်တဲ့ MacBook Air တွေက အရောင်းရဆုံးပါပဲ။ ဒါပေမဲ့ MacBook Pro ကို Retina Display ထုတ်ပြီးနောက်ပိုင်းမှာတော့ portable ဖြစ်ပေမဲ့ retina နဲ့ မဟုတ်တဲ့ MacBook Air များက သုံးစွဲသူလျော့နည်းလာပါတယ်။ MacBook Air ကို retina နဲ့ဆက်မထုတ်ဘဲ New MacBook နဲ့ New MacBook Pro ကို Retina နဲ့ ထုတ်လုပ်ပါတယ်။ လက်ရှိ Model တွေထဲမှာတော့ MacBook air မှာပဲ ချိတ်ဆက်ဖို့ port တွေအများဆုံး ပါတယ်လို့ ပြောနိုင်ပါတယ။ ခရီးသွားများသူတွေ၊ ရုံးသုံးအတွက် သုံးချင်သူများ၊ Budget အများကြီးမသုံးလို့သူများတွက် MacBook Air တွေ ရွေးချယ်စရာပါပဲ။ MacBook Air များရဲအားသာချက်က Batteryပဲဖြစ်ပါတယ်။ Mac တွေအားလုံးထဲမှာ Battery အကြာဆုံးသုံးဆွဲနိုင်သော Model ဖြစ်ပြီး မနားတမ်း သုံးရင် ၁၂နာရီလောက်အသုံးပြုနိုင်ပြီး မပိတ်ဘဲ Stand by mode နဲ့ထားလိုက်ရင် တစ်လထိကို ဒီအတိုင်းထားနိုင်တာပါ။

New MacBook 12 ကတော့ MacBook အားလုံးမှာ အပါးဆုံးဖြစ်ပြီး နောက်ထက် ထုတ်လုပ်မဲ့ MacBook တွေရဲ့ ရှေ့ပြေး Model တစ်ခုဆိုလဲမှန်ပါတယ်။ Keyboard, Magic Trackpad, Battery နည်းပညာကစလို့ နောက်ဆုံးနည်းပညာအားလုံးကို New MacBook မှာ စသုံးလာတာတွေ့ရပါတယ်။ လက်ရှိ MacBook ထဲမှာ အပါးဆုံးနဲ့ fan မပါသော တစ်ခုတည်းသော Model လဲဖြစ်ပါတယ်။

Professtional သမားများကို ရည်ညွန်းပြီးထုတ်လုပ်တဲ့ MacBook Pro များကတော့ video editing, photo editing, Audio Engineer များအတွက်သင့်တော်မှာပါ။ ဓါတ်ပုံဆရာများကတော့ Screen ကြီးကြီးနဲ့အသုံးပြုရတာကြိုက်တဲ့အတွက် MacBook Pro 15” ကိုအသုံးများကြပါတယ်။ အရင်က ရောင်းရအနည်းဆုံး Model ကနေလက်ရှိမှာတော့ New MacBook TouchBar Model က အရောင်းရဆုံး Model ဖြစ်နေပါတယ်။ TouchBar ရဲ့ Features တွေက PC လောကမှာ (၅)နှစ်လောက် Apple ကို ရှေ့ကို ရောက်သွားစေပါတယ်။

New MacBook ပြီးရင် အပါးဆုံးဖြစ်သွားပြီး MacBook Air ထက်တောင် ပါးသွားလို့ ကျောင်းသားသုံး ၊ ရုံးသုံးချင်သူများလဲ ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ လုပ်ငန်းသုံးတွေမှာ သင့်တော်တာက Mac Desktop တွေပါ။ Mac Desktop တွေထဲမှာ အရောင်းရဆုံးကတော့ iMac တွေပါ။ iMac ကတော့ 1998 ကတည်းက ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Model ဖြစ်ပါတယ်။ လက်ရှိ 4k Resolution, 5k Resolution များနှင့်ပါထွက်ရှိနေပြီဖြစ်ပါတယ်။ Screen အရွယ်အနေဖြင့် 21.5’’, 27’’ လက်မ များနှင့်ထုတ်လုပ်ပါတယ်။ Video Editing မှာအသုံးပြုမဲ့သူများကတော့ onboard Graphic အပြင် Graphics Card သက်သက်ပါဝင်တဲ့ iMac modelထဲက ရွေးချယ်သင့်ပါတယ်။

Mac Pro ကတော့ Apple Mac Computer များထဲမှာ Super Mac Series ဖြစ်ပြီး performance အမြန်ဆုံးနဲ့အကောင်းဆုံးဖြစ်ပါတယ်။ လုပ်ငန်းသုံးကြီးတွေပါသုံးသင့်ပါတယ်။ လက်ရှိ Mac Pro မှာထူးခြားချက်ကတော့ Display Port 7 ခုထိပါဝင်လို့ Monitor 7 ခုထိတပြိုင်တည်း ချိတ်ဆက်နိုင်ပါတယ်။

MacBook တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ Shop App MM မှာဝယ်ယူလို့ရနေပါပြီ။

>>> ဝယ်ယူရန် <<<

📲 သင့်ဖုန်းထဲမှာ Shop App MM ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *