Mac Book ၁လုံးဝယ်တော့မယ်ဆို ဘယ်အချက်တွေကိုသိထားဖို့လိုမလဲ? 0 886

Mac Book တွေဟာ ပုံမှန်လက်ပ်တော့တွေထက် Function ပေါင်းများစွာပါရှိပြီးတော့ Android တွေနဲ့လဲစျေးနှုန်းကွာဟပါတယ်။ ပြီးတော့ Mac Book တွေ သူ့ Series အလိုက် Mac book air နဲ့ Mac Book Pro ဆိုပြီးနှစ်ခုရှိပါတယ်။ သင်ဟာ Mac Book တစ်လုံးဝယ်တော့မယ်ဆိုရင် ဘာအတွက် သုံးဖို့လဲဆိုတာသေချာသိရှိနားလည်ထားဖို့ကအရေးကြီးပါတယ်။ အကြောင်းကတော့ Mac Book Air မှာဆိုရင် လုပ်ငန်းသုံးအတွက် အလွန်အဆင်ပြေပြီးဂိမ်းတွေဆော့ဖို့အတွက်တော့ အဆင်မပြေပါဖူး။ ကိုယ်က အစုံလုပ်ဖို့အတွက် သုံးချင်တယ်ဆိုရင်တော့ Mac book pro ကပိုအဆင်ပြေပါတယ်။ ပြီးတော့ စျေးနှုန်းမှာလည်း Mac Book Pro က Mac Book Air ထက်ပိုစျေးကြီးပါတယ်။ ကဲအဲ့တာဆိုရင် Mac Book တစ်လုံး ဝယ်ရင် ဘယ်အချက်တွေကြည့်ပြီး ဝယ်ရမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။

အခုခေတ်က Mobile ခေတ်ဖြစ်လို့ Portable အဖြစ်ဆုံးဖြစ်တဲ့ Macbook Air တွေက အရောင်းရဆုံးပါပဲ။ ဒါပေမဲ့ Macbook Pro ကို retina display ထုတ်ပြီးနောက်ပိုင်းမှာတော့ portable ဖြစ်ပေမဲ့ retina နဲ့ မဟုတ်တဲ့ Macbook air များက သုံးစွဲသူလျော့နည်းလာပါတယ်။ MacBook Air ကို retina နဲ့ဆက်မထုတ်ဘဲ New Macbook နဲ့ New MacBook Pro ကို Retina နဲ့ ထုတ်လုပ်ပါတယ်။ လက်ရှိ Model တွေထဲမှာတော့ MacBook air မှာပဲ ချိတ်ဆက်ဖို့ port တွေအများဆုံး ပါတယ်လို့ ပြောနိုင်ပါတယ။ ခရီးသွားများသူတွေ၊ ရုံးသုံးအတွက် သုံးချင်သူများ၊ Budget အများကြီးမသုံးလို့သူများတွက် MacBook Air တွေ ရွေးချယ်စရာပါပဲ။ MacBook Air များရဲအားသာချက်က Batteryပဲဖြစ်ပါတယ်။ Mac တွေအားလုံးထဲမှာ Battery အကြာဆုံးသုံးဆွဲနိုင်သော Model ဖြစ်ပြီး မနားတမ်း သုံးရင် ၁၂နာရီလောက်အသုံးပြုနိုင်ပြီး မပိတ်ဘဲ Stand by mode နဲ့ထားလိုက်ရင် တစ်လထိကို ဒီအတိုင်းထားနိုင်တာပါ။

New MacBook 12 ကတော့ MacBook အားလုံးမှာ အပါးဆုံးဖြစ်ပြီး နောက်ထက် ထုတ်လုပ်မဲ့ MacBook တွေရဲ့ ရှေ့ပြေး Model တစ်ခုဆိုလဲမှန်ပါတယ်။ Keyboard, Magic Trackpad, Battery နည်းပညာကစလို့ နောက်ဆုံးနည်းပညာအားလုံးကို New MacBook မှာ စသုံးလာတာတွေ့ရပါတယ်။ လက်ရှိ MacBook ထဲမှာ အပါးဆုံးနဲ့ fan မပါသော တစ်ခုတည်းသော Model လဲဖြစ်ပါတယ်။

Professtional သမားများကို ရည်ညွန်းပြီးထုတ်လုပ်တဲ့ MacBook Pro များကတော့ video editing, photo editing, Audio Engineer များအတွက်သင့်တော်မှာပါ။ ဓါတ်ပုံဆရာများကတော့ Screen ကြီးကြီးနဲ့အသုံးပြုရတာကြိုက်တဲ့အတွက် MacBook Pro 15” ကိုအသုံးများကြပါတယ်။ အရင်က ရောင်းရအနည်းဆုံး Model ကနေလက်ရှိမှာတော့ New MacBook TouchBar Model က အရောင်းရဆုံး Model ဖြစ်နေပါတယ်။ TouchBar ရဲ့ Features တွေက PC လောကမှာ (၅)နှစ်လောက် Apple ကို ရှေ့ကို ရောက်သွားစေပါတယ်။

New MacBook ပြီးရင် အပါးဆုံးဖြစ်သွားပြီး MacBook Air ထက်တောင် ပါးသွားလို့ ကျောင်းသားသုံး ၊ ရုံးသုံးချင်သူများလဲ ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ လုပ်ငန်းသုံးတွေမှာ သင့်တော်တာက Mac Desktop တွေပါ။ Mac Desktop တွေထဲမှာ အရောင်းရဆုံးကတော့ iMac တွေပါ။ iMac ကတော့ 1998 ကတည်းက ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Model ဖြစ်ပါတယ်။ လက်ရှိ 4k Resolution, 5k Resolution များနှင့်ပါထွက်ရှိနေပြီဖြစ်ပါတယ်။ Screen အရွယ်အနေဖြင့် 21.5’’, 27’’ လက်မ များနှင့်ထုတ်လုပ်ပါတယ်။ Video Editing မှာအသုံးပြုမဲ့သူများကတော့ onboard Graphic အပြင် Graphics Card သက်သက်ပါဝင်တဲ့ iMac modelထဲက ရွေးချယ်သင့်ပါတယ်။

Mac Pro ကတော့ Apple Mac Computer များထဲမှာ Super Mac Series ဖြစ်ပြီး performance အမြန်ဆုံးနဲ့အကောင်းဆုံးဖြစ်ပါတယ်။ လုပ်ငန်းသုံးကြီးတွေပါသုံးသင့်ပါတယ်။ လက်ရှိ Mac Pro မှာထူးခြားချက်ကတော့ Display Port 7 ခုထိပါဝင်လို့ Monitor 7 ခုထိတပြိုင်တည်း ချိတ်ဆက်နိုင်ပါတယ်။

Mac Book တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ Shop.com.mm မှာဝယ်ယူလို့ရနေပါပြီ။

ဝယ်ယူရန်

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

Download Shop MM app now and get deals and discounts.

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် -🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Buy your favorite products in this year’s biggest sale with best deals and disocunts in this 10.10 sale only from shop.com.mm

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *