
ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာပါ။ ဘယ်လောက်ပဲ အလှပြင်ထားပါစေ ဆံပင်ပုံကျပါမှ ဆွဲဆောင်မှု ရှိတဲ့သူတစ်ယောက်ဖြစ်မှာပါ ။ ဒီလို ဆံပင်လှလှလေးတစ်ခုရဖို့အတွက် ဆံပင်ကို အမျိုးမျိုးပုံဖော်လေ့ရှိပါတယ်။ ဒါက ဆံပင်တွေကို ပျက်ဆီးရှုပ်ထွေးစေပါတယ်။ ကဲအဲ့တာဆိုရင် ဆံပင်တွေပျက်စီးခြင်းနဲ့ ရှုပ်ထွေးစေခြင်းတွေကို ပြေလည်စေဖို့အတွက် အောက်ပါနည်းလမ်းကောင်းတွေကိုလုပ်ဆောင်သင့်ပါတယ်…
ဆံသားကြမ်းခြင်း
ဆံသားကြမ်းခြင်းခေါင်းဖြီးခါနီးတိုင်း ဆံပင်တွေ ရှုပ်နေလို့ စိတ်ရှုပ်ကြတာမျိုးတွေ ဖြစ်ဖူးကြပါတယ်။ ဒါတွေကိုဖြစ်စေတာကတော့ ဆံပင်ကို အပူချောင်းတွေနဲ့ ကောက်တာ၊ ဖြောင့်တာ၊ Dryer နဲ့ ဆံပင် အခြောက်ခံတာ၊ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဖြီးတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဆံသားရှုပ်တဲ့ ဆံပင်ကို ပိုင်ဆိုင်ထားရင်တော့ ခေါင်းကို တစ်ပတ်မှာ ၂ ကြိမ်ပဲလျှော်သင့်ပါတယ်။ လျှော်ပြီးရင်လည်း သဘာဝအတိုင်း အခြောက်ခံပြီး ဆံပင်ကို ရေသုတ်ရင်လည်း ဖွဖွလေးဖိသုတ်ပေးပါ။ အတင်းပွတ်ဆွဲခြင်းတွေနဲ့ ဆံပင်စိုနေတဲ့ အချိန်မှာ ခေါင်းအတင်းဖြီးတာမျိုးလည်း လုပ်ဆောင်ခြင်းကပိုပြီးတော့ ကြမ်းတမ်းစေပါလိမ့်မယ်။ ဒါကြောင့် ရေစိုနေရင်း ခေါင်းအတင်းဖီးတာမျိုးတွေ၊ အတင်းပွတ်ဆွဲခြင်းတွေကိုရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် ဆံသားပျက်စီးခြင်းတွေကို ဖြစ်စေနိုင်တဲ့ Shampooတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။
ဆံပင်ကျွတ်ခြင်း
ဆံပင်နဲ့ပတ်သတ်ပြီးနောက်ထပ် စိတ်ညစ်စေတဲ့ အချက်တစ်ခုကတော့ ဆံပင်ကျွတ်ခြင်းပဲဖြစ်ပါတယ်။ ဆံပင်အတိုပဲဖြစ်စေ အရှည်ပဲဖြစ်စေ တစ်နေ့ကို ဆံပင်အရေအတွက် ၁၀၀ ထိကျွတ်တတ်ကြပါတယ်။ ဆံပင်ကျွတ်ရခြင်း ရဲ့ အဓိကပြသနာကတော့ သောက်သုံးနေရတဲ့ ဆေးတွေကြောင့် ကျွတ်တာတွေ ၊စိတ်ဖိစီးမှုများတာတွေနဲ့ ဆံပင်ကိုတင်းတင်းစည်းထားတာတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့အတွက် Shampoo ကောင်းကောင်းသုံးတာတွေအပြင် ဆံပင်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ရှိတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ပြီးတော့ ကြက်ဆူဆီ၊သ့လွင်ဆီတို့ကို သုံးပြီး ဆံပင်အသစ်ပေါက်လာအောင်ပြုလုပ်တာတွေ၊ ဆံပင်စိုက်တာတွေ ပြုလုပ်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုသက်သာစေပါတယ်။
ဆံပင် ကျွတ်ခြင်း နဲ့ ဆံသာကြမ်းခြင်းကို သက်သာစေနိုင်တဲ့ Shampoo ကောင်းတွေကို Shop App MM မှာ ဝယ်ယူလို့ရနေပါပြီ။
>>> ဝယ်ယူရန်နှိပ်ပါ။ <<<
📲 သင့်ဖုန်းထဲမှာ Shop App MM ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….
Download Shop MM app now and get deals and discounts.
Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် -🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။