Stay Home and eat what you want: အိမ်မှာနေရင်း စားသုံးသင့်တဲ့ ခေါက်ဆွဲပြုတ်အမျိုးအစားများ 0 382

အိမ်မှာနေရင်း ချက်ပြုတ်စားသောက်ရမှာအဆင်မပြေတဲ့သူတွေရော ညကြီးသန်းခေါင်မှ ဗိုက်ဆာတတ်တဲ့သူတွေအတွက်ပါ ခေါက်ဆွဲပြုတ်တွေဟာများသောအားဖြင့် စားသောက်လေ့ရှိတဲ့အစားစာတွေပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခေါက်ဆွဲထုတ်/ဘူး တွေထဲမှာမှ Stay Home ကာလအတွင်း စားသုံးသင့်တဲ့ ခေါက်ဆွဲထုတ်/ဘူးတွေကို ညွှန်းပေးလိုက်ပါတယ်။

Samyang Ramen Noodle 

‌ဒါလေးကတော့ အစပ်ကြိုက်တတ်တဲ့သူတွေရော၊ ကိုရီးယားခေါက်ဆွဲထုတ်တွေကြိုက်တတ်တဲ့ သူတွေအတွက်ပါအသင့်တော်ဆုံးစားသုံးသင့်တဲ့ခေါက်ဆွဲထုတ်လေးပဲဖြစ်ပါတယ်။ ဒီခေါက်ဆွဲထုတ်လေးက လူကြိုက်များတဲ့အပြင် အစားသောက် Channel တွေမှာလဲအများဆုံးစားသောက်ပြတဲ့ Spicy Noodle လေးဖြစ်တဲ့အပြင် အသားလုံးလေးတွေနဲ့တွဲစားရင်ပိုပြီး အရသာပေါ်လွင်စေမှာပဲဖြစ်ပါတယ်။

Malar vermecelle spicy

နောက်တစ်ခု့ကတော့‌ Malar vermecelle spicy ပဲဖြစ်ပါတယ်။ ဒီဟာလေးကတော့ အခြား Instant Noodle တွေနဲ့ မတူပဲ တရုတ်ခေါက်ဆွဲမျိုးနဲ့လုပ်ထားတာပဲဖြစ်ပါတယ်။ ပြီးတော့အခြား Noodle တွေနဲ့ မတူပဲ အမယ်တွေအမြောက်အမြားပါဝင်ပြီး မြင်တာနဲ့စားချင်စဖွယ်လေးဖြစ်စေပါတယ်။ ဒီ့ထက်ကောင်းတာတစ်ခုကတော့ ဒီအသင့်စားဘူးလေးဟာ ပူခြင်းလောင်ခြင်းများမရှိပဲ အလွယ်တကူကိုင်တွယ်စားသောက်လို့လဲရ ဘူးလေးကလဲလှတဲ့ ဝယ်စားသင့်တဲ့ အသင့်စား အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

Paldo Korean Ilpoom Jajangmen

ကဲနောက်ထပ်တစ်ခုကတော့ ကိုရီးယားကားတွေမှာ အမြဲလိုတွေ့ရတတ်တဲ့ ပဲခေါက်ဆွဲပဲဖြစ်ပါတယ်။ ဒီ ပဲခေါက်ဆွဲမှာဆိုရင်တော့ အထဲမှာ အသားတုလေးတွေရော အခြားအမယ်လေးတွေပါပါတဲ့အပြင် ပဲနှစ်တွေလဲများတဲ့အတွက် ပိုပြီးစားလို့ကောင်းတာပဲဖြစ်ပါတယ်။ ကိုရီးယားကားလေးကြည့်ရင်းဖြစ်ဖြစ်၊ ဂိမ်းကစားရင်းဖြစ်ဖြစ်စားလို့အကောင်းဆုံးပဲဖြစ်ပါတယ်။

Samyang Ramen Noodle

နောက်ဆုံးညွှန်းပေးချင်တာကတော့ Samyang Ramen Cheese Noodle ပဲဖြစ်ပါတယ်။ ဒီ ခေါက်ဆွဲထုတ်လေးက Spicy Noodle အမျိုးအစားကိုမှ Cheese ပေါင်းထည့်ပေးထားတဲ့အတွက် ပိုစပ်ပြီး စိမ့်စိမ့်လေးနဲ့ ပိုစားလို့ကောင်းတာပဲဖြစ်ပါတယ်။ ပြီးတော့ အခြား Noodle တွေနဲ့မတူတာကတော့ ခေါက်ဆွဲလေးကအစနူးအိပြီး အခြား Spicy Noodleလိုမမွှန်တဲ့အပြင် စပ်ပေမယ့် အရသာလေးကပိုကောင်းပြီး စားလို့အဆင်ပြေဆုံးပါပဲ။

Shop.com.mm မှာ အထက်ပါ ခေါက်ဆွဲထုတ်/ဘူးတွေအပြင် အခြား အမျိုးအစားပေါင်းများစွာကိုဝယ်ယူလို့ရနေပါပြီဖြစ်တဲ့ အိမ်မှာနေပြီး Shop အွန်လိုင်းမှစျေးဝယ်လိုက်ပါ။

အထက်ပါ ခေါက်ဆွဲထုတ်/ဘူးတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ နာမည်တစ်ခုချင်းဆီကိုနှိပ်၍ အလွယ်တကူဝယ်ယူလို့ရနေပါပြီ။

ခေါက်ဆွဲထုတ်/ဘူးများဝယ်ယူရန်

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

Download Shop MM app now and get deals and discounts.

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် -🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *