ခရီးတွေသွားတဲ့အခါ မိမိနဲ့အတူ မရှိမဖြစ် ယူဆောင်သွားဖို့လိုအပ်တဲ့ပစ္စည်းများ 0 520

ခရီးတွေသွားတဲ့အခါမှာ ကားပေါ်မှာပဲဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာပဲဖြစ်ဖြစ်၊ ခရီးကို ရောက်ရင်ပဲဖြစ်ဖြစ် စိတ်အပန်းဖြေဖို့အတွက် သဘာဝရှုခင်းတွေအပြင် မိမိနဲ့အတူယူဆောင်သွားတဲ့ပစ္စည်းတွေကလဲ ကိုယ့်ကိုအဖော်ပြုပေးနေမှာအမှန်ပါပဲ။ အဲ့တော့ ခရီးတွေသွားတဲ့အခါမှာ မရှိမဖြစ်ယူဆောင်သွားသင့်တဲ့ပစ္စည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ အဲ့တာတွေကတော့ ပစ္စည်းတွေကို လွယ်လွယ်ကူကူ၊ ပေါ့ပေါ့ပါးပါးနဲ့ များများစားစားထုတ်ပိုးနိုင်တဲ့ လွယ်အိတ်၊ သာယာတဲ့ တောတောင်ရေမြေအလှတွေနဲ့ အတူသံစဉ်တွေနဲ့ ပင်ပန်းမှုတွေကို ပျောက်ကင်းစေနိုင်မယ့် နားကြပ်၊ သင့်ရဲ့ ခြေချောင်းတွေကို ပင်ပန်းမှုတွေ နာကျင်မှုတွေမှ သက်သာစေမယ့် ဖိနပ်တွေနဲ့ ဖုန်းတွေ Ipod တွေအားကုန်တဲ့အခါ အလွယ်တကူ အားသွင်းနိုင်ဖို့အတွက် Power Bank စတာတွေပဲဖြစ်ပါတယ်။

လွယ်အိတ်

လွယ်အိတ်ကတော့ ခရီးတွေသွားတဲ့အခါမှာမရှိမဖြစ်လိုအပ်ပါတယ်။ များသောအားဖြင့် ခရီးသွားရင် ခရီးဆောင်အိတ်တွေနဲ့ ထည့်သွားလေ့ရှိပေမယ့် တစ်ခါတစ်လေ ပေါ့ပေါ့ပါးပါး ခရီးသွားချင်တဲ့သူတွေအတွက် လွယ်အိတ်လေးတစ်လုံးကတော့ လိုပါတယ်။ ရိုးရိုးလွယ်အိတ်တွေဆိုရင်တော့ ခရီးဆောင်ပစ္စည်းတွေထည့်တဲ့အခါ မဆန့်တာတွေ နေရာလိုနေတာတွေဖြစ်တတ်ပါတယ်။ ခရီးဆောင်လွယ်အိတ်တွေမှာ နားကြပ်ထုတ်တဲ့ အပေါက်တွေရော၊ ရေဘူးထည့်တာတွေ၊ လက်ပ်တော့၊ ဖုန်း၊ အဝတ်အစားစတဲ့နေရာတွေခွဲပေးထားပြီး ကြိုက်သလိုထည့်လို့ရတဲ့အတွက် ပေါ့ပေါ့ပါးပါးခရိးသွားချင်တဲ့သူတွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်။

နားကြပ်

နားကြပ်တွေကတော့ ခရီးတွေထွက်ရတာဝါသနာပါတဲ့ လူငယ်တွေအတွက်မရှိမဖြစ်ပါပဲ။ ကားပေါ်မှာအိပ်ရင်းနဲ့ဖြစ်စေ ရုပ်ရှင်တွေကြည့်ဖို့အတွက်ပဲဖြစ်စေ ဘေးကလူတွေကို အနှောက်အယှက်မဖြစ်စေပဲတစ်ယောက်ထဲအေးဆေး နားကြပ်လေးနဲ့ သဘာဝရှုခင်းတွေကိုခံစားနိုင်မှာပဲဖြစ်ပါတယ်။

ဖိနပ်

ခရီးတွေသွားတဲ့အခါမှာများသောအားဖြင့် ပုံလှလှလေးတွေရိုက်ဖို့အတွက် ဖိနပ်လှလှလေးတွေကို ယူဆောင်ကြတာများပါတယ်။ တကယ်တော့ခရီးတွေထွက်တာဟာ ကိုယ့်ကိုကိုယ် အနားပေးတာဖြစ်ပြီးတော့ စိတ်ပေါ့ပါးစေဖို့အတွက် ပေါ့ပေါ့ပါးပါးလေးတွေဝတ်တာပိုကောင်းပါတယ်။ ဖိနပ်တွေဆိုရင်လဲ ခရီးတစ်ခုသွားရင် ခြေချောင်းတွေလှောင်ပြီး နာကျင်တာတွေ အပူထွက်သလိုတွေဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် လေဝင်လေထွက်ကောင်းပြီး စီးရပေါ့ပါးတဲ့ Sport Type ဖိနပ်လေးတစ်ရံလောက်တော့ယူဆောင်သွားသင့်ပါတယ်။

Power Bank

Power Bank တွေကတော့ ဖုန်းအသုံးများတဲ့သူတွေအတွက်မရှိမဖြစ်အလိုအပ်ဆုံးပါပဲ။ အချိန်ကြာမြင့်စွာဖုန်းသုံးခြင်းကမကောင်းဖူးဆိုပေမယ့် ခရီးရှည်သွားတဲ့သူတွေ(ဒါမှမဟုတ်) လျှပ်စစ်မီးအလွယ်တကူမရရှိတဲ့နေရာတွေသွားမယ်ဆိုရင်တော့မရှိမဖြစ်လိုအပ်လာပါပြီ။ အဲ့တာကြောင့် Power Bank လေးတွေတော့ မမေ့ မလျော့ပဲသယ်ဆောင်သွားသင့်ပါတယ်။

Shop.com.mm မှာဆိုရင် ခရီးတွေသွားတဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေကို တစ်နေရာထဲမှာ စုံစုံလင်လင်နဲ့ဝယ်ယူလို့ရနေပါပြီ…

အထက်ပါပစ္စည်းများ မှာယူချင်တယ်ဆိုရင်တော့ ဝယ်ယူချင်တဲ့ ပစ္စည်းကိုနှိပ်၍ Shop.com.mm မှ အလွယ်တကူဝယ်ယူလို့ရပါတယ်…

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

Download Shop MM app now and get deals and discounts.

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် -🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *