Shop.com.mm မှ Seller တို့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေပေးမယ့် Shop Seller Service 0 400

Shop.com.mm ဟာ ဝယ်ယူ သူတွေကို ဂရုစိုက်သကဲ့သို့ Shop မှာ ကုန်ပစ္စည်းတွေရောင်းချနေတဲ့ ရောင်းချသူတွေ ပေါ်မှာလဲ အစဉ်တစိုက် ဂရုစိုက်ပေးပါတယ်။ အဲ့တာကြောင့် ရောင်းချသူတွေအတွက် ဝန်ဆောင်မှု Center တွေဖြင့် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုပေးနေပါပြီ။ရောင်းချသူတွေအတွက် လိုအပ်ချက်တစ်ချို့ကြောင့်စျေးရောင်းဖို့အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင် Shop Seller Service ဆိုတဲ့ ပရိုဂရမ်လေးရှိနေပါပြီ။ ဒီ ပရိုဂရမ်လေးကို ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Shop မှ ရောင်းချသူတွေကို အခက်အခဲမရှိပဲ သက်သက်သာသာနဲ့ ကုန်ပစ္စည်းတွေကို ရောင်းချနိုင်ရန် အတွက်ပဲဖြစ်ပါတယ်။

Shop Seller Service မှာတော့ ရောင်းချသူတွေရဲ့ ကုန်ပစ္စည်းရောင်းချရာမှာ ပစ္စည်းစာရင်းပရင့်ထုတ်ရတာတွေ ၊ ကုန်ပစ္စည်းကိုထုတ်ပိုးဖို့အတွက် ပစ္စည်းပြတ်နေတာတွေ ၊ စာရင်းဇယားတွေလုပ်ဖို့အတွက် ကွန်ပြူတာမရှိတာတွေ၊ ပရင်တာမရှိတာတွေ စတဲ့ ပုံမှန်ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ပြေလည်စေမှာပဲဖြစ်ပါတယ်။

ဒါတွေတင်မကသေးပါဖူး။ တစ်ခါတစ်လေမှာ ပစ္စည်းသွားယူတဲ့အခါမှာ အချိန်ကြာကြာစောင့်ရတာတွေ ဒါမှမဟုတ် နောက်ကျမှရောက်သွားတာတွေ အပြင် ထုတ်ပိုးမှုအပိုင်းမှာလဲမသေမသတ်ဖြစ်တာတွေစတဲ့ အခက်အခဲတွေလဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီပရိုဂရမ်မှာတော့ စက်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတင်မကပဲ ထုတ်ပိုးမှုပစ္စည်းများအလွယ်တကူဝယ်ယူရရှိနိုင်တာတွေ၊ အော်ဒါတတ်လာတဲ့အခါ Shop မှလာယူနိုင်ပြီဖြစ်ကြောင်း အချက်ပြမှု (RTS) စနစ် ပါဝင်ခြင်းတွေ ၊ သေသေသပ်သပ်နဲ့ မြန်မြန်ဆန်ဆန် ထုတ်ပိုးပေးခြင်းတွေ နဲ့ ပရင့်ထုတ်ပေးခြင်း အစရှိတဲ့ ကိစ္စရပ်တွေကို ငွေကုန်ကျေးကျ သက်သက်သာသာဖြင့် ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Shop ဟာ ရောင်းချသူတွေရဲ့ အခက်အခဲတွေကို အမြဲတမ်းဖြေရှင်းပေးနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်လျက်ရှိတဲ့အတွက် ရောင်းချသူတွေအနေနဲ့လဲ Shop နဲ့ အတူလက်တွဲပြီး သင့်တို့ရဲ့ စီးပွားရေးတွေကို ချဲ့ထွင်ပြီး ပိုမိုရောင်းချလိုက်ကြပါ… ‌‌

သင့်ရဲ့ ဈေးကွက်ကို ချဲ့ခြင်းအားဖြင့် Shop နှင့် လက်တွဲပြီး လုပ်ဆောင်လိုက်ပါနော် …

To Register

Sellers များအနေဖြင့် သိရှိလိုသည်များကို Seller Support Hotline 09-969998810 အား အသေးစိတ် ဆက်သွယ်မေးမြန်နိုင်ပါတယ် ။ ဒါ့အပြင် 09-765606968 ကို Viber မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ် ။

Shop Seller Service သို့ဆက်သွယ်နိုင်ရန်အတွက် မိမိတို့မြို့နယ်နှင့် နီးစပ်ရာ ဖုန်းနံပါတ်များကိုလည်း ဖော်ပြထားပါတယ်နော် ။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *